Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
လောဒ့်ဒေါင်းကာ၌မကျန်းမမာသောကလေးများအား ဗွီဒီယိုဖုန်းအကြိမ် (၁၅၀၀) ကြိမ်ခေါ်ဆို၍ပျော်ရွှင်အောင် အားပေးခဲ့သော Spider-Man ရဟန်းမင်းကြီးဖရန်စစ်အားဖူးတွေ့ခဲ့
လောဒ့်ဒေါင်းကာ၌မကျန်းမမာသောကလေးများအား ဗွီဒီယိုဖုန်းအကြိမ် (၁၅၀၀) ကြိမ်ခေါ်ဆို၍ပျော်ရွှင်အောင် အားပေးခဲ့သော Spider-Man ရဟန်းမင်းကြီးဖရန်စစ်အားဖူးတွေ့ခဲ့
Spider-Man ဟုပြောလိုက်လျှင်လူတိုင်းသိကြမည်ထင်ပါသည်။ အထူးသဖြင့် ကလေး၊ လူငယ်နှင့်လူလတ်ပိုင်းသည် ပို ၍ရင်းနှီးမည်ဖြစ်သည်။ သက်ကြီးပိုင်းလည်း သူ၏ရုပ်ရှင်မကြည့်ဖူးသော်လည်း မိမိတို့၏မြေးများ Spider-Man ၏၀တ်စုံများ ၀တ်ကာ ပျော်မြူးနေသည်ကိုမြင်တွေ့ဖူးကြပေမည်။ Spider-Man (ပင့်ကူလူသား) ၀တ်စုံကို၀တ်ဆင်ထားသူသည် ဗုဒ္ဓဟူးနေ့ တိုင်း ရဟန်းမင်းကြီး ဘုရားဖူးများနှင့်ပုံမှန် တွေ့ဆုံဆုတောင်းလေ့ရှိသောအစီအစဉ်အဆုံး၌ ရဟန်းမင်းကြီးအားဖူးတွေ့ခဲ့သည်။ ထိုတွေ့ဆုံမူသည် ကမ္ဘာတစ်လွှားသို့ပျံ့နှံ့ ရောက်ရှိသွားခဲ့သည်။
သူကားအဘယ်သူနည်း။
သူသည် Spider-Man ၀တ်စုံကို၀တ်ဆင်ထားသော်လည်း အမှန်တကယ် Spider-Man ရုပ်ရှင်ကိုသရုပ် ဆောင်ခဲ့သော သရုပ်ဆောင်မဟုတ်ပေ။ ၀တ်စုံကိုသာ၀တ်ဆင်ထားခြင်းဖြစ်ပြီး၊ သူသည် သက် (၂၇) နှစ်ရှိ အီတလီနိုင်ငံသား Mattia Villardita ဖြစ်သည်။ Spider-Man ၏မူရင်းသရုပ်ဆောင်မှာ Peter Parker ဖြစ်သည်။ သူသည် ဆေးရုံများသို့တက် ရောက်ဆေးကုခံနေကြ သောကလေးများထံသို့ ဤ၀တ်စုံကို၀တ်ဆင်၍သွားရောက်လည်ပတ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် Peter Parker သည်ဒုက္ခ ရောက်နေသောသူများအားကူညီပေးသော လူစွမ်းကောင်းဟုအထင်ရှိကြသောကြောင့်ဖြစ်သည်။ သူ ကိုယ်တိုင်သည်လည်း က လေးဘ၀က ချူချာသူဖြစ်ခဲ့၍ သူ၏ကလေးဘ၀၏အချိန်အတော်များများသည် ဆေးရုံတက်ဆင်းရင်း ဖြင့်ဖြတ်သန်းခဲ့ရသည်။ သူ၏ငယ်ဘ၀ကခံစားခဲ့ရသောခံစားချက်ကိုစာနာပြီး၊ ဆေးရုံတက်ရောက်နေချိန်၌ အခြားကလေးများပျော်ရွှင်စွာပြေးလွှား ဆော့ကစားနေချိန်၊ ကျောင်းတက်နေချိန် မိမိသည်အိပ်ယာထဲ၌လဲနေရသည့်ကလေး၏ခံစားချက်၊ ထို့အတူ အဆိုပါကလေး၏ မိသားစု၀င်များအဘယ်သို့ခံစားနေကြသည်ကိုသူစာနာနားလည်သည်။ ယခုကဲ့သို့ကလေးများအားပျော်ရွှင်အောင်ဖျော်ပေးခြင်း သည် သူ၏ငယ်ဘ၀သို့ပြန်သွားလည်ပတ်သကဲ့သို့ခံစားရသည်။ အဘယ်ကြောင့်ဤကဲ့သို့ စိတ်ကူးပုံဖော်ခဲ့ရသနည်းဟုမူ သူနေ ထိုင်မကောင်းဖြစ်ပြီးအိပ်ယာထဲလဲနေချိန်မျိုး၌ Spiderman သည်ပြူတင်းပေါက်မှလွှားကနဲခုန်၀င်ပြီး၊ လာလည်ရင်သိပ်ကောင်း မှာဘဲဟုတွေးမိခဲ့ကြောင်း၊ ထို့ကြောင့် ထိုစိတ်ကူးကိုယခုလက်တွေ့ဖြစ်အောင်ဖော်ဆောင်ခဲ့ကြောင်းရှင်းပြပါသည်။ သူရောမသို့ ရောက်ရှိနေပြီး၊ ဆေးရုံတစ်ရုံသို့သွားရောက်လည်ပတ်စဉ် ရဟန်းမင်းကြီး၏ ဘာသာတူများနှင့်အတူဆုတောင်းတွေ့ဆုံသည့် အစီအစဉ်သို့ပါ၀င်ရန်ဖိတ်ခေါ်ခံခဲ့ရသည်။ ရဟန်းမင်းကြီးအားလည်း Spiderman မျက်နှာဖုံးကိုလက်ဆောင်ပေးခဲ့သည်။
ထိုလက်ဆောင်နှင့်အတူ ကလေးများနှင့်မိသားစုများသည် ေ၀ဒနာများစွာကိုနေ့စဉ်ခံစားနေကြရကြောင်း၊ ၄င်းတို့အ တွက် ရဟန်းမင်းကြီးသည် နေ့တိုင်းဆုတောင်းပေးနေမည်ကိုသိနေသော်လည်း မကျန်းမမာဖြစ်နေသောကလေးများ၊ ၄င်းတို့၏ မိသားစုများအတွက်ဆုတောင်းပေးရန်ထပ်မံတောင်းခံခဲ့သည်။
ရဟန်းမင်းကြီးကလည်း မာတီးယာအား ဤနေရာ၌လည်း သူ့ကိုနှုတ်ဆက်ချင်သောကလေးများစွာရှိကြောင်းပြောရာ ကျေးဇူးတင်ကြောင်းပြောကြားပြီး၊ မာတီးယာအားတွေ့ဆုံရန်စောင့်ဆိုင်းနေသောကလေးများနှင့် သွားရောက်နှုတ်ဆက်စေခဲ့ သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် မာတီးယာနှင့်တွေ့ဆုံပြီးတစ်ပတ်အကြာ မာတီးယာသွားရောက်လည်ပတ်ခဲ့သောဆေးရုံ ဖြစ်သည့် ‘အမွှာ’ (il Gemelli) ဆေးရုံသို့အူမကြီးခွဲစိတ်ရန်တက်ရောက်ခဲ့ရသည်။ ရဟန်းမင်းကြီးလည်း ခွဲစိတ်မူခံယူပြီးနောက် လှုပ်ရှား၍ရသောအခါ လွန်ခဲ့သော သုံးလေးရက်ခန့်က မာတီးယာလာရောက်လည်ပတ်အားပေးခဲ့သော ဆေးရုံတက်နေသည့် ကလေးများအား သွားရောက်နှုတ်ဆက်ခဲ့သည်။
မာတီးယာသည် သူလည်ပတ်ခဲ့သော ကလေးဆောင်ထဲသို့ ရဟန်းမင်းကြီးဖရန်စစ်လည်းကလေးများထံသို့ကြွရောက် လည်ပတ်အားပေးနေသည်ကိုတွေ့ရသောအခါ အလွန်စိတ်လှုပ်ရှားခဲ့ရသည်။ ထို့အတူ ထိုအချိန်၌ ရဟန်းမင်းကြီးနှင့်အတူရှိ နေ၍ ကလေးများအားပျော်ရွှင်မူကိုပေးချင်မိသည်ဟုပြောကြားခဲ့သည်။ ကိုးဗစ် (၁၉) ကူးစက်မြန်ရောဂါဖြစ်ပွားနေသော်လည်း မာတီးယာသည် ဆေးရုံများ၌ဆေး၀ါးကုသမူခံယူနေကြသောကလေးများဆီသို့ အလင်းရောင်များသယ်ဆောင်ပေးလျှက်ရှိ သည်။ အီတလီနိုင်ငံတစ်၀ှမ်း၌ တစ်မြို့မှတစ်မြို့သို့ ကူးသန်းသွားလာခွင့်လုံး၀ပိတ်ပင်ထားသည့်အတောအတွင်း မကျန်းမမာ ဖြစ်နေသောကလေးများကိုအားပေးရန် ဗွီဒီယိုဖုန်းခေါ်ဆိုမူပေါင်း (၁၅၀၀) ကြိမ်ပြုလုပ်ခဲ့သည်ဟုဆိုပါသည်။
Ref: Rome Reports
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်
Add new comment