လောကကြီးကိုဘုရားရှင်၏မျက်လုံးနှင့်မြင်‌အောင်ကြည့်နိုင်ပြီး၊ သူ၏ကောင်းမြတ်ခြင်းကိုသင်တို့ ဘဝများနှင့်သက်သေခံကြပါ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ယေဇူးမာရီယားအသင်းဂိုဏ်းဝင် သီလရှင်ရ၀ နှင့်တွေ့ဆုံ

လောကကြီးကိုဘုရားရှင်၏မျက်လုံးနှင့်မြင်‌အောင်ကြည့်နိုင်ပြီး၊ သူ၏ကောင်းမြတ်ခြင်းကိုသင်တို့ ဘဝများနှင့်သက်သေခံကြပါ
အောက်တိုဘာ ၅၊ ၂၀၁၉

အောက်တိုဘာလ ၅ ရက်နေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ယေဇူးမာရီယားအသင်းဂိုဏ်းဝင် သီလရှင်တို့၏ ၃၇ ကြိမ်မြောက်မျက်နှာစုံညီအစည်းအဝေးတွင် အသင်းဂိုဏ်းအကြီးအကဲသီလရှင် ရ၀ နှင့်တွေ့ဆုံခဲ့ပါသည်။

သင်တို့အသင်းဂိုဏ်းတည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း ၂၀၀ ရှိခဲ့ပြီး ယခုအချိန်  တွင်​ကမ္ဘာပေါ ရှိနိုင်ငံပေါင်း 28 နိုင်ငံတွင် ဘုရားရှင်၏ချစ်ခြင်းမေတ္တာနှင့်ကောင်းမြတ်ခြင်းကိုလိုအပ်သူများအတွက်စိတ်အားထက်သန်စွာဝေမျှနေကြ ပြီး အမိမယ်တော်မှ ဧလိဇဘက်ကိုသွားရောက် အ‌စေခံခဲ့ သလိုအမြဲတန်းအကူအညီ‌ပေး‌နေ‌သောဖွဲ့စည်းတစ်ခုဖြစ်သည့် အတွက် ၀မ်းသာဂုဏ်ယူ‌ကြောင်း၊
ဘုရားရှင်ကတို့ကိုကြည့်ရှု့စောင့်ရှောက်နေပြီး ဒို့တတွေသူ့ရဲ့သနားကြင်နာမှုကိုခံစားရသလို တစ်ပါးသူကိုလည်းဘုရားရှင်၏မျက်လုံးနှင့်ကြည့်ရှုနိုင်အောင်ကြိုးစားကြဖို့ ဘုရားရှင်၏ဂရုဏာတရားကို မိမိတို့ဘဝများဖြင့်သက်သေခံကြဖို့ ဘုရားရှင်၏  ကရုဏာ အလင်း‌တော်ကို သင်တို့အားဖြင့်ထွန်းလင်းစေအောင်ကြိုးစားကြပါ။

သင်တို့အသင်းဂိုဏ်းအတွင်းမှာတစ်ဦးနှင့်တစ်ဦးညီကိုမောင်နှမကဲ့သို့ချစ်ခင်စွာနေထိုင်ခြင်းအားဖြင့် နောက်မျိုးဆက်သစ်များကိုစံနမူနာကောင်းပေးခြင်း ဖြစ်ပြီး အသစ်သောခေါ်တော်မူခြင်းများကိုအားပေးရာရောက်ကြောင်း၊ မိမိတို့စည်းလုံးခြင်းငြိမ်းချမ်းစွာနေထိုင်ခြင်းညီကိုမောင်နှမကဲ့သို့ချစ်ခြင်း တို့သည် သာသနာပြုလုပ်ငန်းအတွက်ကြီးမားသောခွန်အားများဖြစ်ကြောင်း၊ ယင်းကဲ့သို့သောဘဝအသက်တာများဖြင့် လူငယ်များကို ဘုရားသခင်ထံသို့လမ်းဖွင့်ပေးသူများဖြစ်ကြဖို့ကိုလည်​းပုပ်ရဟန်းမင်းကြီးမှတိုက်တွန်းခဲ့ပါသည်။

တစ်​ဦးကိုတစ်​ဦးသခင်ခရစ်တော်ကဲ့သို့ချစ်ခြင်းမေတ္တာဖြင့်စေခိုင်းခြင်းသည် မိမိဘဝကိုတပါးသူအတွက်လမ်းဖွင့်ပေးသူဖြစ်သကဲ့သို့ အယောက်တိုင်းစီမှငြိမ်းချမ်းစေ‌သော၊ စည်းလုံးစေသော အဖွဲ့အစည်းကိုတည်‌ဆောက်ကြသူများဖြစ်လာပါလိမ့်မယ်။

ဘုရားရှင်၏ကောင်းမြတ်ခြင်းကိုသင်တို့ဘဝနှင့်သက်‌သေခံခြင်းအမှု၌ မောပန်းခြင်းမရှိကြဖို့၊ ယေဇူး မာရီယာ အသင်းဂိုဏ်းအမည်နာမအတိုင်း၊ အမိမယ်တော်နှင့်သခင်ခရစ်တော်ကို လူတိုင်းသိမြင်နိုင်အောင်ကျိုးစားကြဖို့။ သာသနာပြုလုပ်ငန်းကိုနေ့စဉ်နှင့်အမျှ တိုးတက်အောင်မြင်အောင်လုပ်နိုင်ရန် သန့်ရှင်းသောဝိညာဉ်တော်ဘုရားအကူအညီဖြင့် ဘုရားရှင်၏အလိုတော်ကိုနေ့စဉ်နှင့်အမျှပိုမိုတိုးတက်ကောင်းမွန်စွာ လုပ်ဆောင်နိုင်သူများဖြစ်အောင်ကြိုးစားကြပါဟု ပုပ်ရဟန်းမင်းကြီးမှ ယေဇူး၊ မာရီယား အသင်းဂိုဏ်းဝင်သီလှရှင်များကိုအားပေးခဲ့ပါသည်။
By Kyi Making
Credit to Vatican News
https://bit.ly/2Mherhu

 

Zawgyi

အောက်တိုဘာ ၅၊ ၂၀၁၉

အောက်တိုဘာလ ၅ ရက်နေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ယေဇူးမာရီယားအသင်းဂိုဏ်းဝင် သီလရှင်တို့၏ ၃၇ ကြိမ်မြောက်မျက်နှာစုံညီအစည်းအဝေးတွင် အသင်းဂိုဏ်းအကြီးအကဲသီလရှင် ၇၀ နှင့်တွေ့ဆုံခဲ့ပါသည်။




By Kyi Making
Credit to Vatican News
https://bit.ly/2Mherhu

Add new comment

1 + 0 =