လူ့အသက်၏တန်ဖိုးကိုသိလာရပြီးနောက် သန္ဓေဖျက်ချးခဲ့မိ သည့်အတွက် အမျိုးသမီး အချိူ့နောင်တရရင်ဖွင့်

လူ့အသက်၏တန်ဖိုးကိုသိလာရပြီးနောက် သန္ဓေဖျက်ချးခဲ့မိ သည့်အတွက် အမျိုးသမီး အချို့နောင်တရရင်ဖွင့်

လူ့အသက်၏တန်ဖိုးကိုသိလာရပြီးနောက် သန္ဓေဖျက်ချးခဲ့မိ သည့်အတွက် အမျိုးသမီး အချို့နောင်တရရင်ဖွင့်

 

            အမေရိကန်ပြည်ထောင်စု၌ ယခုနှစ် (၂၀၂၂) နှစ်စပိုင်း၌ သန္ဓေဖျက်ချခြင်းကို ဆန့်ကျင် ကန့် ကွက်သော လမ်း လျှောက်ချီတက်လှုပ်ရှားမှုကိုမကြာခင်ကကျင်းပခဲ့သည်။ ထိုလမ်း လျှောက် ချီ တက်၍ ဆန့်ကျင်ဆန္ဒထုတ်ဖော် ပွဲကို မြို့တော် ၀ါရှင်တန်ဒီစီ၌ကျင်းပပြီး၊ ချီတက် လမ်းလျှေက်ခြင်းကို အထက်လွှတ်တော်ရုံးရှေ့၌အဆုံးသတ်ခဲ့ကြ သည်။ လှုပ်ရှားမှု၌ပါ၀င်ခဲ့သော လူအုပ်ကြီးအားလူစုမခွဲမီ ယခင်က သန္ဓေဖျက်ချခြင်းကိုတက်ကြွစွာအားပေးထောက် ခံခဲ့ပြီး၊ ယခုမှာမူ လူ့အသက်၏တန်ဖိုးနှင့် သန္ဓေဖျက်ချခြင်း၏နောက်ဆက်တွဲဆိုးကျိုးများ၊ အမျိုးသမီးတို့၏အခွင့်အ ရေးများ အဘယ်သို့ဆုံးရှုံးနေသည်၊ အဘယ်သို့သော်အခွင့်အရေးများတောင်းဆိုနိုင်သည့်တို့ကိုသိလာသော တစ်ဒါဇင် ခန့်သောအမျိုးသမီးများက ၄င်းတို့၏နောင်တရသောရင်တွင်းခံစားချက်များကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ ကြသည်။

            အတိတ်၌ သန္ဓေဖျက်ချခြင်းကိုအားပေးထောက်ခံခဲ့သည့်အတွက် နောင်တရမိကြောင်း၊ ထို့ကြောင့် ယခုကဲ့ သို့ရဲဝံ့စွာထွက်လာ၍စကားပြောခြင်းဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ကျွန်မကဲ့သို့ခံစားနေရသော်လည်း ထုတ် မပြော၀ဘဲ ရင်ထဲ၌သာ ကြိတ်မှိတ်ခံစား နေကြမည့်သူ များရှိနိုင်ကြောင်းဖြင့် Virginia ပြည်နယ်၊ Richmond မြို့မှ Leslie Blackwell က CNA သတင်းဌာန၏မေးမြန်းချက်ကိုဖြေကြားခဲ့သည်။ ဤသို့သော ဆန္ဒထုတ်ဖော်သည့်ချီ တက်ပွဲကို နှစ်စဉ် ဇန္န၀ါရီလ (၂၁) ရက်နေ့၌ကျင်းပလေ့ရှိသည်။ Blackwell နှင့်သူ၏သူငယ်ချင်းအမျိုးသမီးများ သည် အေးခဲလှသော ဆောင်းတွင်းဒဏ်ကိုအန်တုရင်း သန္ဓေဖျက်ချခြင်းကိုမပြုရန်နှင့်ပြုပြီး၍ စိတ်ဒဏ်ရာများခံစား နေရသောအမျိုးသမီးများအားလည်း အားယူ၍ရုန်းထွက်ကြရန် ၄င်းတို့၏ခါးသီးသောအတွေ့အကြုံများကို‌ဝေငှခဲ့ကြ သည်။           

            လူမူကွန်ရက်မှ ထောင်ပေါင်းများစွာသောအမျိုးသမီးတို့၏ သန္ဓေဖျက်ချမှုနှင့်စပ်လျင်းသော ဘေးထွက်ဆိုး ကြိုးများအ ကြောင်း ကိုပြန်လည်ဝေမျှထားကြသည်။ လူထုပရိတ်သတ်ကြီးများအား ၄င်းတို့၏သန္ဓေဖျက်ချရခြင်း၏ အခြေအနေများကိုပြန်လည်ပြောပြရာတွင် လိင်မူကိစ္စ၌လွန်လွန် ကျူးကျူးဖြစ်ခဲ့သည်ကို လူသိမခံလို၍ဖြစ်ကြောင်း၊ အခြားတစ်ဦးက စစ်မှုထမ်းနေစဉ်က ဗလာကာ ယပြုကျင့်ခံခဲ့ရသောကြောင့်ဖြစ်ကြောင်း၊ အသက် (၆၃) နှစ်ရှိ Blackwell ကမူ သူ၏အလုပ်အတွက် ပြုလုပ်ခဲ့ရကြောင်း ပွင့်လင်းစွာ အသီးသီးပြောကြားခဲ့သည်။ ယနေ့ခေတ်၌ ကလေးမလိုချင် သည့် အကြောင်း၊ အလုပ်တစ်ခုသာလိုချင်ကြောင် ပြောဆိုသံကိုမကြာခဏကြားရပေမည်။ ၄င်းတို့၏ ပြောဆိုချက်များသည် စိတ်၀င်စားစရာကောင်းပါသည်။ သူသည် သူ၏အလုပ်အတွက် အိမ် ထောင်ပြုပြီးနောက်ရ သော ကလေးနှစ်ယောက်ကို ပေးဆက်ခဲ့ရကြောင်း၊ ထိုသို့ပြုလုပ်ပြီးနောက်ပိုင်း၌ သူသည် စိတ်အလွန်ထိခိုက်ပြီး၊ စိတ်ဓာတ်ကျခြင်းများဖြစ်လာကာ နောက်ဆက်တွဲဆိုးကျိုးသည် ကျူးလွန်သူအပေါ်၌သာကျန်ရစ်ခဲ့ပြီး၊ အလုပ်ကို လည်းဆက်လက်မလုပ်ကိုင်နိုင်တော့ကြောင်း ရှင်းပြခဲ့သည်။

 

ကိုယ်၀န်ဖျက်ချခြင်း၏ နောက်ဆက်တွဲဆိုးကျိုးကို တစ်ဖြေးဖြေးနှင့်ကုစားခဲ့ရ .....

            Blackwell သည် ကောလိပ်နောက်ဆုံးနှစ်တက်နေစဉ် သူ၌ကိုယ်၀န်ရှိ နေကြောင်း ပထမဦး ဆုံးသိလိုက်ချိန်တွင် သူသည် တီဗွီ၌ သတင်းတင်ဆက်သူဖြစ်လာရန်လေ့ လာသင် ယူနေခဲ့သူ ဖြစ်ကြောင်း ကိုယ်၀န်နှင့်ဆိုပါလျှင် သူရည်မှန်း ထားသောအလုပ်ကိုမရတော့ဟူသောအတွေးဖြင့် အလုပ်ကိုလက်လွှတ်ရတော့မည့်အတွေးကား သူ့အားလွန်စွာလွှမ်း မိုးနေခဲ့သည်။ ထို့ကြောင့် သန္ဓေသားဖျက်ချပေးသောဆေးရုံသို့သွား၍ ရှင်းလင်းပစ်ခဲ့သည်။ ထို့နောက် အရာရာသည် ပုံမှန်ကဲ့သို့ပြန်ဖြစ်သွားသကဲ့သို့ခံစားခဲ့ရသည်။ တစ်နှစ်ကျော်အကြာ ကိုယ်၀န်ထမ်မံရှိလာပြန်ရာ ဒုတိယအကြိမ်ထပ်မံ၍ သန္ဓေဖျက်ချခဲ့ပြန်သည်။ ထိုသို့ပြုလုပ်ပြီးသည့်နောက်ပိုင်း ဟာတာ တာခံစား လာရသည်။ အဘယ်ကြောင့်ဖြစ်ရသည်ကို လည်းနားမလည်။ သူသည် အမျိုးသမီးအခွင့် အရေးတက်ကြွ သူတစ်ဦးဖြစ်ခဲ့သည်။ ဤအဖွဲ့သည် အမျိုးသမီးဖြစ်သူက ကိုယ်၀န်ယူလိုလျှင် ယူမည်။ ယူရန်ဆန္ဒမရှိက ဖျက်ချပိုင်ခွင့်ရှိသည်ဟုတောင်းဆိုသူများဖြစ်ကြသည်။ သန္ဓေဖျက်ချပြီးပြန်လာသောအခါ စိတ်ဓာတ် ကျချင်လာသည်။ ဆေးများ သောက်လာသည်။ မှုးယစ်ဆေးများလည်းမှီ၀ဲလာသည်။ အလုပ်မှလည်း ထွက်လိုက်သည်။ မိဘများနှင့်ပြန်သွားနေခဲ့သည်။ သန္ဓေဖျက်ချခြင်း၏ ဆိုးကျိုးကို နှစ် (၃၀) ကြာပြီးမှ သာသိလာခဲ့ရသည်။ သန္ဓေဖျက်ချပြီးနောက်ပိုင်း စိတ်ဂဏမငြိမ် ဖြစ်သောဝေ ဒနာကိုခံစားနေ ရသူများ အား အာသာ ရေးနည်းလမ်းဖြင့်ကုစားပေးသောအစီအစဉ်ကိုသိလိုက်ရပြီး ထိုကုထုံးကို ခံယူပြီးမှသာပုံ မှန်ပြန်ဖြစ်လာခဲ့သည်။ တစ်ဖြေးဖြေးနှင့်သက်သာယာရလာ သည်။ ယေဇူးသခင်နှင့်နီးကပ်လာသည်။ ဘ၀ကိုပုံမှန်ဖြတ်သန်းရှင်သန်လာနိုင်ခဲ့သည်။     

            သူ၏ခါးသီးသော ကိုယ်၀န်ဖျက်ချသည့်အမျိုးသမီးတစ်ဦး၏ ဖြတ်သန်းမှုအတွေ့အကြုံကို အမျိုးသမီးငယ်များပြန်လည် ဝေမျှခဲ့သည်။ မည်သည့်အခြေအနေ၌ဖြစ်နေစေကာမှု လူ့အသက် ကိုကယ်ရန်၊ လူ့အသက်ကိုသာရွေးချယ်ပါ။ လူ့အသက်ကိုရွေးချယ်လိုက်ခြင်းသည် မိမိအသက် ကိုလည်းကယ်လိုက်ခြင်းဖြစ်သည်။ ယနေ့ခေတ်၌ ကိုယ်၀န်ဆောင်အမျိုးသမီးများ၏ လိုအပ်သော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆရာကူညီပေး သည့်အစီအစဉ်များစွာရှိကြောင်း၊ ယခုအခါ သူကိုယ် တိုင်လည်း ထိုသို့လုပ်ဆောင်သောအဖွဲ့အစည်းတစ်ခုနှင့်လက်တွဲ၍လုပ်ဆောင်နေကြောင်း၊ ကိုယ်၀န် ဆောင်မိခင်တစ်ဦးအနေဖြင့်မိမိရင်သွေး၏အသက်ကိုသတ်ခြင်းသည် လူမဆန်သောလုပ်ရပ်ဖြစ်သည်။ မိခင်၏ ၀မ်းသည် သန့်ရှင်း၏။ လုံ ခြုံ၏။ ထိုသန့်ရှင်းသောနေရာကို သင့်ဖျက်ဆီးလိုက်ပါက ထိုလုပ် ရပ်အတွက် သင်ချောက်ခြားနေပေလိမ့်မည်။ ထိုလုပ်ရပ်များအတွက် ကုသခံထား ပြီးသော်လည်း အရိပ်မဲကြီးသည် ဆက်လက်ရှိနေပါသည်။ 

            (၄၂) ကျော်ခန့်က ကိုယ်၀န်ရှိနေသည်ကို ဇန္န၀ါရီလ၌သိခဲ့သည်။ ဖျက်ချခဲ့သော ကလေး (၂) ယောက်မှာ မိန်းကလေးတစ်ဦးနှင့်သားလေး တစ်ဦးဖြစ်သည်။ သမီးကို ‘မေရီဒီ’ ဟုမှည့်ခဲ့ပြီး၊ သားကိုမှု ‘တင်မ်မီ’ ဟုမှည့်ခဲ့သည်။ ၄င်းတို့နှစ်ဦးသည် သူ့အားကောင်းကင်၌ဆုံရန်စောင့်နေသော ကောင်းကင် တမန်များဖြစ်ကြသည်။

            အသက် (၅၃) နှစ်ရှိ ‘ရှယ်လီ’ ဆိုသောအမျိုးသမီးတစ်ဦးကလည်း ကိုယ်၀န်ဖျက်ချခဲ့ခြင်းအတွက် နောင်တကြီးစွာရနေရကြောင်း၊ အခြေအ နေကိုနောက်ပြန် လှည့်ယူ၍မရကြောင်း၊ သို့သော် လုပ်နိုင် သောအရာတစ်ခုကား လက်ရှိသူ၏သားသမီးများအား ပညာပေးရန်ရမည်ဖြစ်ကြောင်း၊ ကိုယ်၀န်ဖျက် ချခြင်းသည် အိမ်ထောင်ကွဲများ၊ အိမ်ထောင်မမြဲသောမိသားစုများ၌သာပြုလုပ်လေ့ရှိသည်မဟုတ်။ အိမ် ထောင်မြဲသောအိမ်ထောင် သည်များ၌လည်းလုပ်ဆောင်နေကြသည်များရှိသည်။ ကိုယ်၀န်ဖျက်ချခြင်းကို သူအသက် (၁၈) ပြည့်မှသာသိလာခဲ့ရသောအကြောင်းအရာဖြစ် ကြောင်း၊ သူအသက် (၂၀) မပြည့်မီ ကိုယ်၀န်ရခဲ့ကြောင်း၊ ထိုကိုယ်၀န်ရလိုက်သူနှင့်အဆင်ပြေလှသည်မဟုတ်။ ကလေးဖခင်ကား လက် ထပ်ရန်ဆ န္ဒရှိသည်။ သို့သော် အမျိုးသမီးဖြစ်သူက အိမ်ထောင်မပြုလိုသေးပေ။ ထို့ကြောင့် ကိုယ်၀န်ရှိ နေသည်ကို ဖုံးဖိရန်ကြိုစားခဲ့ပါတော့သည်။ ဤသို့ဖြင့် ကိုယ်ဖျက်ချပေးသော နေရာသို့ ရောက်ရှိ သွားခဲ့ကြသည်။ ဤအကြောင်းကို CNA သတင်းဌာသို့ (၂၀၂၂) အဆိုပါ ‘လူ့အသက်ကိုကာကွယ်စောင့် ရှောက်ရေး’ လမ်းလျှောက်ချီတက်ပွဲအပြီး၌ပြောပြခဲ့သည်။ ကိုယ်၀န်ဖျက်ချခြင်းသည် သူ့အတွက် အလွန်ထိတ်လန့်စရာကောင်းသည်။ ထိုနောက် ဆက်တွဲကိုအချိန်ကြာမြင့်စွာခံစားရသည်။ အိမ်ထောင်အတည်တကျပြုပြီး၊ သားသမီးများမွေးလာပြီးနောက်ပိုင်း အတိတ်ကဖြစ်ရပ်များအတွက် ဘု ရားသခင်နှင့်ပြန်လည်၍စာရင်းရှင်းနေခဲ့ရသည်။ ကိုယ်၀န်ဖျက်ချခဲ့ခြင်း၏နောက်ဆက်တွဲဆိုးကျိုးကို သူသည် ယခုထိတိုင်ခံစားကုသနေရဆဲဟုပြော ပါသည်။ ထို့ကြောင့် မသိဘဲနှင့်လက်လွန်ကာ စိတ်ဒဏ်ရာခံစားနေရသောသူများကို အသိပေးလိုသည်မှာ သင်တို့၏အနာဂါတ် ရှိပါသေးသည်။ သင် တို့သည် ကူမည့်ကယ်မည့်သူမမဲ့ပါ။ ကျွန်ုပ်တို့၏အပြစ်အတွက် အသက်စွန့်ခဲ့သော၊ ကျွန်ုပ်တို့အား နွေးထွေးစွာပွေ့ပိုက်မည့် သခင်ရှိပါသည်။ အိမ်သို့ သာပြန်လာခဲ့ပါ။ ခွင့်လွတ်ခြင်းကို ခံယူပါဟု အားပေး တိုက်တွန်းခဲ့သည်။

 

စစ်မှုထမ်းအမျိုးသမီးများကိုကူညီပေးနေသူ၏အတွေ့အကြုံ ..

            Jody Duffy ၏အတွေ့အကြုံသည် အခက်ကအကြောင်းအရာနှင့်အနည်းငယ်ခြားနားသည်။ Jody Duffy သည် စစ်မှုထမ်းဟောင်းတစ် ဦးဖြစ်သည်။ သူသည် အသက် (၂၁) နှစ်က ကိုယ်၀န် ဖျက်ချခဲ့ဖူးသည်။ အဘယ်ကြောင့်ဆိုသော် ချိန်းတွေ့ရာမှ အတင်းအဓမ္မကြံစည်ခံလိုက်ရမှာ ကိုယ်၀န်ရှိလာခဲ့သည်။ ကိုယ်၀န်ရှိနေပြီဖြစ်ကြောင်းသိလိုက်ရချိန်၌ သူ့အနေဖြင့် ကိုယ်၀န်ဖျက်ချခြင်းမှလွဲ၍ အခြားဘာမျှမစဉ်းစားတတ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် စစ်မှုထမ်းနေစဉ်၌ဖြစ်ပျက်ခဲ့သည်။ လက်ရှိ၌ အသက် (၆၃) နှစ်ရှိပြီဖြစ်သည်။ ကိုယ်၀န်ဖျက်ချစဉ်က ဘာမျှမခံ စားခဲ့ရသော်လည်း ထိုသို့ပြုလုပ်ခဲ့သောနောက်ဆက်တွဲဆိုးကျိုးကို နှစ် (၂၀) ကျော်မှ သတိထားလာသည်။ ထို့ကြောင့် သူ့အနေဖြင့် ကုသမှုကိုခံယူ ရန်လိုအပ်ကြောင်းသိလာသည်။ သူသည်လည်း Rachel ၏ကုထုံးအစီအစဉ်ကိုတွေ့ရှိခဲ့သည်။ နောက်ပိုင်း၌ ‘Silent No More’ (ကိုယ်၀န်ဖျက်ချ ခြင်းနှင့်ပတ်သက်၍ နှုတ်ဆိတ်မနေသင့်တော့ပြီ) အဖွဲ့နှင့်ပူးပေါင်းလှုပ်ရှားခဲ့သည်။ လက်ရှိ၌သူသည် Rachel ၏အဖွဲ့နှင့်ချိပ်ဆက်၍ ကိုယ်၀န်ဖျက် ချပြီးနောက် စိတ်မတည်မငြိမ်ဖြစ်ပေါ်ခံ စားနေရသောအမျိုးသမီးများအား ကုစားပေးခြင်း၊ အထူးသဖြင့် စစ်တပ်အတွင်း၏အခြေအနေများကိုကူ ညီပေးလျှက်ရှိသည်။ ယခင်နှစ်အဆိုပါအဖွဲ့များကိုစုစည်းပြီး လက်ထောက်ဆရာတော် F. Richard Spencer အားပင့်ဖိတ်၍ မစ္ဆာရားပူဇော်၍ ၀တ်စောင့်ခြင်းကိုပြုလုပ်ခဲ့သည်။ ကိုယ်၀န်ဖျက်ချရန် ကြံစဉ်နေသောအမျိုးသမီးများအား အကြံပြုလိုက်သည်မှာ မပြုလုပ်မီ သေချာထိုင်၍စဉ်းစား ဆုံးဖြတ်ရန်ဖြစ်သည်။ စိတ်လိုက်မာန်ပါမလုပ်မိစေရန်လည်းအကြံပြုထားသည်။

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3sanW8o

Add new comment

3 + 4 =