လူ့အဖွဲ့အစည်းသည် သက်ကြီးရွယ်အိုများနှင့် အတူတကွလျှောက်လှမ်းရန်လိုအပ်

လူ့အဖွဲ့အစည်းသည် သက်ကြီးရွယ်အိုများနှင့် အတူတကွလျှောက်လှမ်းရန်လိုအပ်

လူ့အဖွဲ့အစည်းသည် သက်ကြီးရွယ်အိုများနှင့် အတူတကွလျှောက်လှမ်းရန်လိုအပ်
ဒီဇင်ဘာလ ၁၆၊ ၂၀၁၉

ကမ္ဘာပေါ်ရှိလူသားများအတူတကွ ရိုသေလေးစားမှုရှိသော လူ့အဖွဲ့အစည်းတည်ဆောက်ရန် သက်ကြီးရွယ်အိုများ၏ အတွေ့အကြုံညဏ်ပညာများလိုအပ်ကြောင်း အီတလီနိုင်ငံသက်ကြီးရွယ်အိုအလုပ်သမားများအဖွဲ့အစည်းနှင့် တွေ့ဆုံခြင်းတွင်ပုပ်ရဟန်းမင်းကြီးမှပြောကြားခဲ့ပါသည်။

၁၉၄၉ ခုနှစ်က စတင်တည်ထောင်ခဲ့သောယင်းသက်ကြီးရွယ်အိုအလုပ်သမားများအဖွဲ့အစည်း၏ နှစ် ၇၀ ပြည့်အခမ်းအနားတွင် အဖွဲ့ဝင်ကိုယ်စားလှယ်များနှင့် ရဟန်းမင်းကြီးတွေ့ဆုံခဲ့ပါသည်။

ယနေ့ထိတိုင်သက်ကြီးရွယ်အိုများမှ လူ့အဖွဲ့အစည်းအား ကာကွယ်စောင့်ရှောက်ပေးနေမှုများ၊ ဝေမျှပေးနေသော အတွေ့အကြုံများကို တန်ဖိုးထားလေးစားကြဖို့၊

သခင်ခရစ်တော်ကိုစောင့်မျှော်နေသောကာလတွင် တဦးနှင့်တဦးလက်ဆောင် ဖလှယ်ခြင်းများပြုကြရာ၌ တဦးတည်းအထီးကျန်မှုဝေဒနာ ခံစားနေရသောသက်ကြီးရွယ်အိုများကို ကူညီပေးကြခြင်းအားဖြင့် သက်ကြီးရွယ်အိုများ၏ဘဝကိုမြင့်တင်ပေးရာရောက်ပြီး စည်းလုံးသောလူ့အဖွဲ့အစည်းကိုတည်ဆောက်နေခြင်းဖြစ်ကြောင်း၊ တစ်ဆက်တည်းမှာပဲ သက်ကြီးရွယ်အိုများ၏အတွေ့အကြုံများသည် ယနေ့ခေတ်လူငယ်များ၏အနာဂတ်လမ်းကြောင်းကို ဖြောင့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း၊

သက်ကြီးရွယ်အိုများသည် ယနေ့ခေတ်လူငယ်များကို ခရစ်ယာန်ပီသစေခြင်း၊ ပိုမိုလှပသောဘဝကိုတည်ဆောက်စေခြင်း၊ စသည့်လူ့အဖွဲ့အစည်းကိုလှအောင်တည်ဆောက်ပေးနိုင်သောကြောင့် လူငယ်များအနေနှင့်သက်ကြီးရွယ်အိုများနှင့်စကားပြောကြားဖို့၊ မိသားစုမျိုးရိုးစဉ်ဆက်အစဉ်အလာသည် အဖိုးအဖွားများနှင့် မြေးမြစ်များ စကားပြောဆိုခြင်းမရှိတော့လျှင် ပျောက်ကွယ်သွားနိုင်ကြောင်းရဟန်းမင်းကြီးမှသတိပေးထာပါသည်။

ကျွနုပ်တို့လူသားများ၏တာဝန်သည် ပိုမိုစည်းလုံးသောလူ့အဖွဲ့အစည်းကိုတည်ဆောက်ရမည့်တာဝန်ဖြစ်သည် ထို့အတွက်ကြောင့်လူ့အဖွဲ့စည်းတွင် သန်မာသူ အားနည်းသူ၊ အသုံးကျသူအသုံးမကျသူ ဟူ၍ခွဲခြားမှုမရှိဘဲ အတူတကွတည်ဆောက်ကြရန်လိုအပ်ကြောင်းရဟန်းမင်းကြီးမှသတိပေးပြောကြားခဲ့ပါသည်။
https://bit.ly/34sRVcq
#rvamyanmarservice

Add new comment

7 + 13 =