Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
လူ့အခွင့်အရေးလှုပ်ရှားသူအင်ဒိုးနီးရှားမှ ကက်သလစ်သီလရှင် သက်တော် ၈၀ တွင် ကွယ်လွန်
လူ့အခွင့်အရေးလှုပ်ရှားသူအင်ဒိုးနီးရှားမှ ကက်သလစ်သီလရှင် သက်တော် ၈၀ တွင် ကွယ်လွန်
အမျိုးသမီးများ၊ ကလေးသူငယ်များနှင့်လိင်အကြမ်းဖက် ခံရသူများ၏အခွင့်အရေးအတွက် နှစ်ပေါင်းများစွာ ဆက်ကပ်ကြိုးပမ်းအမှုတော်ဆောင်ခဲ့သည့် သက်တော် ၈၀ နှစ် အရွယ် အင်ဒိုနီးရှားမှ Sister Eusthocia Monika Nata ဟာ နိုဝင်ဘာလ ၈ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။
စစ္စတာရ်ဟာ Servants of the Holy Spirit အသင်းဂိုဏ်းဝင်သီလရှင်တစ်ပါးဖြစ်ပြီး နှလုံးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ယူဆရကြောင်း ၊
၁၉၉၇ ခုနှစ်မှာ အမျိုးသမီးများအတွက် အဖွဲ့အစည်းကိုတည်ထောင်ကာ သေသည့်တိုင်အောင် အားမာန်အပြည့်နဲ့ အမျိုးသမီးများအခွင့်အရေးအတွက် ကြိုးပမ်းခဲ့သူဖြစ်ပါတယ်။
အမျိုးသမီးများအကြမ်းဖက်ခံရခြင်းနဲ့ ပတ်သက်ပြီး ရပ်တည်ပေးရာမှာ စစ္စတာရ်မိုနိကာ ဟာ ထင်ရှားသူဖြစ်ကြောင်း၊
အဓမ္မပြုကျင့်ခံရတဲ့ လူမမယ် မိန်းကလေးငယ် ၁၇ ဉီးတို့အတွက် နိုဝင်ဘာ ၂ ရက်မှ ၃ ရက် မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာ ဉီးဆောင်ခဲ့သူ အဖြစ် သူမကို နောက်ဆုံးအနေနဲ့ လူအုပ်ကြားမှာတွေ့မြင်ခဲ့ရတာဖြစ်ကြောင်း
အာဏာပိုင်အချို့အပါအဝင် Flores မှာရှိတဲ့ ကက်သလစ်ဘာသာဝင်များ တို့က စစ္စတာရ်အားဆုံးရှုံးရခြင်းအတွက် ၎င်းတို့ရဲ့ ဝမ်းနည်းကြောင်းသတင်းစကားများကို လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။
ဘာသာပြန်- စစ္စတာရ်လူစီယားသန္တာအောင်၊ SJA
Add new comment