လူ့အခွင့်အရေးလှုပ်ရှားသူများမှ ပါကစ္စတန်နိုင်ငံတွင်ဖြစ်ပွားနေသော ဘာသာပြောင်းရန် အကျပ်ကိုင် တွန်းအားပေးခြင်းများကို အထူးအလေးထား စုံစမ်းစစ်ဆေးရန် တိုက်တွန်း

ပါကစ္စတန်လူ့အခွင့်အရေး လှုပ်ရှားသူများမှ ပါကစ္စတန်အစိုးရအား Punjabနယ်တွင် လတ်တလောဖြစ်ပွားနေသော အဓမ္မဘာသာပြောင်းခိုင်းခြင်းများကို စုံစမ်းစစ်ဆေးပေးရန် တိုက်တွန်းခဲ့သည်။

၂၀၁၄ကတည်းက အရွယ်မရောက်သေးသော ခရစ်ယာန်မိန်းကလေး (၅၅)ယောက်၊ ဟိန္ဒူမိန်းကလေး (၁၈)ယောက်နှင့် ကာလာရှီးရာ (Kalashiya)မိန်းကလေး(၁)ယောက်တို့၏ အဓမ္မဘာသာပြောင်းခံရခြင်းဖြစ်ရပ် စုစုပေါင်း (၇၄)ခုကို လူမှုတရားမျှတရေးစင်တာမှ လွှတ်တော်အဖွဲ့အစည်းသို့ တင်ပြခဲ့သည်။

ပြီးခဲ့သော ဧပြီလက သေနတ်ဖြင့်တေ့ကာ ဘာသာပြောင်းရန်နှင့် လက်ထပ်ရန် အတင်းအဓမ္မခိုင်းစေခြင်းခံခဲ့ရပြီး မကြာသေးမှီက ပြန်လည်လွတ်မြောက်လာသော အသက်(၁၄)နှစ်အရွယ်ရှိ Maira Shabbaz၏ ဖြစ်ရပ်သည် နိုင်ငံတကာအတွက် ခေါင်းစီးသတင်းဖြစ်လာခဲ့သည်။

ဤကဲ့သို့ ဖြစ်ရပ်များသည် “ဘာသာဝင်အနည်းငယ်သာရှိသော လူနည်းစု အထူးသဖြင့် ခရစ်ယာန်နှင့် ဟိန္ဒူဘာသာဝင် မိန်းမငယ်လေးများအတွက် စိတ်မလုံခြုံမှုကိုဖြစ်စေကြောင်း၊ ဘာသာရေးနှင့် ဥပဒေအား အလွဲသုံးစားလုပ်ခြင်းသည် ယခင်ကတည်းကတည်ရှိခဲ့သော လူ့အခွင့်အရေးနှင့်ပတ်သက်သော အခြင်းအရာ ဖြစ်ကြောင်း” စက်တင်ဘာ(၁)ရက်နေ့က တရားမျှတရေးစင်တာမှ စာထုတ်ပြန်ခဲ့သည်။ ပါကစ္စတန်၏ နိုင်ငံတော်ဘာသာမှာ အစ္စလာမ်ဖြစ်ပြီး လူဦးရေ၏ ၉၆ရာခိုင်နှုန်းကျော်သည် မွတ်စလင်များဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားများအား မိမိတို့ဘာသာတရား၏ ကျင့်စဉ်များကို လုပ်ဆောင်ရန်ခွင့်ပြုခဲ့သော်လည်း ထိုလုပ်ဆောင်ချက်များသည် ကိုရမ်(Quran)နှင့် ကိုက်ညီရမည် ဖြစ်သည်။

ဘာသာပြန် - Bro.Patrick Aye Shine Aung

photo courtesy of AFP

https://bit.ly/2ZffQw0

Add new comment

1 + 19 =