လူတွေရဲ့ ဒုက္ခ သက်သာစေဖို့ အစ္စရေး နှင့် ပါလက်စတိုင်း ကို ဗာတီကန် ပုပ်ရဟန်းမင်းကြီး ရုံးတော်မှ တောင်းဆို

အနာဂတ် ငြိမ်းချမ်းရေး တည်ငြိမ်ဖွင့်ဖြိုးတိုးတက်စေဖို့ အစ္စရေး နှင့် ပါလက်စတိုင်း

လူတွေရဲ့ ဒုက္ခ သက်သာစေဖို့ အစ္စရေး နှင့် ပါလက်စတိုင်း ကို ဗာတီကန် ပုပ်ရဟန်းမင်းကြီး ရုံးတော်မှ တောင်းဆို
ဧပြီလ ၃၀၊ ၂၀၁၉

အရှေ့အလယ်ပိုင်းဒေသ နှင့် ပါလက်စတိုင်း အရေးအတွက် လုံခြုံရေး ကောင်စီ အပြန်အလှန်ဆွေးနွေးပွဲတွင် ဗာတီကန် ရဟန်းမင်းကြီးရုံးတော် ကုလသမ္မဂ အမြဲတန်းအတွင်းဝင် မှ လူတွေရဲ့ ဒုက္ခ သက်သာစေရန် နှင့် အနာဂတ် ငြိမ်းချမ်းရေး တည်ငြိမ်ဖွင့်ဖြိုးတိုးတက်စေဖို့ အစ္စရေး နှင့် ပါလက်စတိုင်း ကို ဗာတီကန် ပုပ်ရဟန်းမင်းကြီး ရုံးတော်မှ တောင်းဆိုခဲ့ပါသည်။

အကြမ်းဖက်မူ ပြင်းထန်သော လက်နက်များ အရမ်း​ကာရော အသုံးပြုမူ​ကြောင့် အပြစ်မဲ့ ပြည်သူ ပြည်သားများ အစ္စရေး နှင့် ပါလက်စတိုင်း နှစ်ဖက်စလုံးတွင် မြောက်များစွာ သေကြေပျက်စီးခဲ့ရကြောင်း ဗာတီကန် ရဟန်းမင်းကြီးရုံးတော် ကုလသမ္မဂ အမြဲတမ်း​အတွင်းဝင် ပထမတန်း အကြံပေး အဖွဲ့ဝင် ဆရာတော် Tomasz Grysa မှ တနင်္လာနေက ပြောကြားခဲ့ပါသည်။

~စည်းလုံးမူမရှိခြင်း
အစ္စရေး လုံခြုံရေး တိုးမြှင့်လာမူ့အပေါ် စိုးရိမ်သော ကြောင့် အစွန်းရောက်အကြမ်းဖက်အဖွဲ့များမှ ဂါဇာဒေသတွင် ကြိုးကိုင်ချယ်​လှယ်နေမူများကြောင့် လူမူကူညီကယ်ဆယ်ရေး အဖွဲ့များ အခက်အခဲ ကြုံတွေနေရပြီး အပြစ်​မဲ့ပြည်သူများသာ စိတ်ပျက်ခြင်း၊ ငတ်မွတ်ခေါင်းပါးသေကြေပျက်စီး ခြင်းများကြုံတွေ့နေရကြောင်း၊ ဗာတီကန် ရဟန်းမင်းကြီးရုံးတော် ကုလသမ္မကအမြဲတမ်း​အတွင်းဝင် ဂိုဏ်းချုပ်ဆရာတော် Bernadito Auza နှင့် ပထမတန်း အကြံပေး အဖွဲ့ဝင် ဆရာတော် Tomasz Grysa မှ ထောက်ပြခဲ့ကြပါသည်။

ဖြစ်ပေါ်နေ​​သော နယ်မြေပိုင်ဆိုင်​မူပြသနာကို ညှိနိုင်းဆွေးခြင်းနည်းလမ်းဖြင့်သာ အဖြေရှာကြပြီး တည်ငြိမ်အေးချမ်းသော အခြေအ​နေတစ်ခု ကို တရားဝင်တည်ဆောက်ကြဖို့ ဆရာတော် Tomasz Grysa မှ ထောက်ပြပြောကြားခဲ့ပါသည်။ ကျိုးပဲ့ ဆုံးရှုံး​နေသော ပါလက်စတိုင်းဒေသ နယ်မြေများ သည် နှစ်နိုင်ငံ အဖြေရှာမူကို ပိုမိုထိခိုက် နေစေကြောင်း နှင့် သို့သော် လည်း အဖြေရှာမရ သောပြသနာမဟုတ်ကြောင်း၊ နိုင်ငံတကာ အားလုံးပါဝင်ပူးပေါင်းပြီး ယင်းမဖြစ်နိုင်ဟု ယူဆရသော ပြသနာကို ကြိုးစားအဖြေရှာကြခြင်းအားဖြင့် ဖြစ်နိုင်ခြေများ ရလာစေလိုကြောင်း၊ အကြမ်းဖက်နည်းလမ်းသည် နှစဖက်စလုံးကို ပိုမိုထိခိုက် နစ်နာစေသော နည်းလမ်းသာဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

https://www.vaticannews.va/en/vatican-city/news/2019-04/holy-see-auza-grysa-israel-palestine-peace-jerusalem.html

#peace, #holysee, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

6 + 2 =