လူမှုရေးဆိုင်ရာ လေ့လာရေးအဖွဲ့အစည်းများအား လူတို့၏ဘဝများကိုသေချာလေးနက်စွာနားလည်နိုင်ရန် ကြိုးစားကြဖို့ ရဟန်းမင်းကြီး တိုက်တွန်းခြင်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် အီတလီနိုင်ငံတရားဝင်မဂ္ဂဇင်းတစ်ခုဖြစ်သည့် အာဂျီရိုနာမင်တီ ဆိုစီရာလီ Aggiornamenti Sociali ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်း

လူမှုရေးဆိုင်ရာ လေ့လာရေးအဖွဲ့အစည်းများအား လူတို့၏ဘဝများကိုသေချာလေးနက်စွာနားလည်နိုင်ရန် ကြိုးစားကြဖို့ ရဟန်းမင်းကြီး တိုက်တွန်းခြင်း
ဒီဇင်ဘာလ ၆၊ ၂၀၁၉

ပြီးခဲ့သော သောကြာနေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် အီတလီနိုင်ငံတရားဝင်မဂ္ဂဇင်းတစ်ခုဖြစ်သည့် အာဂျီရိုနာမင်တီ ဆိုစီရာလီ Aggiornamenti Sociali ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်းတွင် အတူတကွလက်တွဲလုပ်ကိုင်ခြင်း၊ ပြောဆိုဆွေးနွေးခြင်း၊ လူတို့၏အခြေနေများကိုနားထောင်ခြင်းအားဖြင့် လူအများအကြားပေါင်းကူးတံတားတည်ဆောက်ပေးခြင်း၊ ဆင်းရဲသားများအပေါ်ချစ်ခင်ကြင်နာချင်းများရှိကြဖို့ တိုက်တွန်းအားပေးခဲ့ပါသည်။

ရဟန်းမင်းကြီးပြောကြားသောစကားများတွင် သခင်ခရစ်တော်၏မင်္ဂလာတရားတော်ကိုနှလုံး သွင်းကြပြီး တရားမျှတမှုမရှိသော၊ ဒုက္ခဝေဒနာခံစားနေရသောဆင်းရဲသားများ၏နေရာတွင် မိမိကိုယ်ကိုအစားထိုးဝင်ရောက်ခံစားကြည့်ကြဖို့၊

တစ်ပါးသူအပေါ် မှားယွင်းသောစီရင်ဆုံးဖြတ်ချက် စိတ်အစွဲများမထားရှိဘဲ လွတ်လပ်ပွင့်လင်းသောစိတ်ဖြင့်နားထောင်ပေးတတ်ရန်ကြိုးစားကြဖို့၊

ညှိနှိုင်းပြောဆိုဆွေးနွေးခြင်းတွင် အကောင်းကိုဦးတည်ခြင်းအမှန်တရား ကိုရှာဖွေခြင်း၊ ဆုတောင်းပေးခြင်းများဖြင့်လုပ်ဆောင်ကြဖို့၊

သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ဦးဆောင်လမ်းပြမှုဖြင့် ဆင်းရဲသားများ၏ဒုက္ခဝေဒနာကိုနားလည်နိုင်အောင်ကြိုးစားကြပြီး သူတို့နှင့်အတူတကွသူတို့၏ဘဝများကိုမြှင့်တင်ပေးကြဖို့၊

တစ်ဦးတစ်ယောက်တည်းလုပ်ဆောင်ခြင်းမဟုတ်ဘဲ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ ဦးဆောင်မှုဖြင့် အဖွဲ့အစည်းနှင့် အတူတကွလုပ်ဆောင်ကြဖို့ တိုက်တွန်းအားပေးခဲ့ပြီး၊ တရားမျှတမှုကိုဆာလောင်သော သူတို့သည် မင်္ဂလာရှိကြ၏ဟု မင်္ဂလာတရားတော်ပါကျမ်းစာအားဖြင့် ‌ပြေကြားခဲ့ပါသည်။
https://bit.ly/2Rt29GY
#rvamyanmarservice

Add new comment

3 + 2 =