လူမှုကွန်ရက်၌ ကိုးရီးယားကက်သလစ်အဖွဲ့၏သမိုင်းစာမျက်နှာရေးထိုးနိုင်ခဲ့

လူမှုကွန်ရက်၌ ကိုးရီးယားကက်သလစ်အဖွဲ့၏သမိုင်းစာမျက်နှာရေးထိုးနိုင်ခဲ့

လူမှုကွန်ရက်၌  ကိုးရီးယားကက်သလစ်အဖွဲ့၏သမိုင်းစာမျက်နှာရေးထိုးနိုင်ခဲ့

          ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့၌ (၂၀၂၂) နှစ်၏ကမ္ဘာ့လူထုဆက်သွယ်ရေးကွန်ဂရက်စ် (SWC) ကိုကျင်း ပခဲ့သည်။ ဤကွန်ဂရက်စ်သည် 'Metaverse’ လူမူကွန်ရက်မှ ကမ္ဘာတစ်၀ှမ်းရှိ ကက်သလစ်များ ပါ၀င်နိုင်ရန်နှင့် ကျင်းပသည့်အချိန်အတိအကျ၌ပါ၀င်နိုင်စေသော ပထမ ဦးဆုံးအအခမ်းအနားဖြစ်သည်။ ဤအခမ်းအနားကို လာမည့် ဩဂုတ်လ (၁၅-၁၈) ရက်နေ့အထိကျင်းပမည်။ ကမ္ဘာတစ်၀ှမ်းမှ ကက်သ လစ်သတင်း သမားများ နှင့်လူထုဆက်သွယ်ရေးကို လုပ်နေကြသောကက်သလစ်ဘာသာတူများအားလုံး ဆိုးလ်မြို့၌တွေ့ဆုံကြမည်ဖြစ် သည်။

အခမ်းအနားသို့ ကိုယ်တိုင်ကိုယ်ကျမတက်ရောက်နိုင်သောသူများလည်း အွန်လိုင်းမှအတွေ့ အကြုံကို မျှယူခံစားနိုင်သည်။ ကျင်းပ မည့်နေရာအတိအကျမှာ ဆိုးလ်းမြို့ရှိ Sogang ဂျက်ဆွီစ်တက္ကသိုလ် အဆောက် အအုံ၌ဖြစ်သည်။ အစီအစဉ်၏ဆောင်ပုဒ်မှာ ‘Peace in the Digital World’ (လူထုဆက် သွယ်ရေး နည်း ပညာ၌ငြိမ်းချမ်းရေး) ဟုဖြစ်သည်။ ဤအစီအစဉ်ကို တစ်နှစ်နောက်ကျမှကျင်းပရခြင်းဖြစ် သည်။ လွန်ခဲ့သော (၂၀၂၀၊ ဇွန်လ၊ ၂၂) က ကမ္ဘာ့လူထုဆက်သွယ်ရေးဒါရိုက်တာများတွေ့က တစ်နှစ်နောက် ဆုတ်ကျင်း ပရန်သ ဘောတူခဲ့ ကြသည်။ အမှန်မှာ (၂၀၂၁၊ ဩဂုတ်လ) ဆိုးလ်မြို့၌ကျင်းပရန်လျာထားပြီးဖြစ်သည်။      

          လူထုဆက်သွယ်ရေးလုပ်ငန်းစဉ်သည် ဗာတီကန်မှအသိအမှတ်ပြုထားသော ကက်သလစ် လူထု ဆက်သွယ်ရေး ကိုလုပ်ဆောင်သော အဖွဲ့အစည်းဖြစ်သည်။ ၄င်း၏ရုံးချုပ်မှာ ဗာတီကန်နှင့် ဘရာဇီး၌ ရှိသည်။ မီဒီယာ အပိုင်း၌ ကျွမ်းကျင်ရမည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ မီဒီယာဟုဆိုလျှင် သတင်းစာ၊ သတင်းမျှ သာ မဟုတ်၊ ရေဒီယို၊ ရုပ်သံ၊ ရုပ်ရှင်၊ ဗွီဒီယိုမှသည် ပညာပေးသောအစီအစဉ်တင်ဆက်မှု၊ အင်တာ နက်နှင့် နည်းပညာ သစ်များအားလုံးပါ၀င်သည်။

         အဆိုပါအစီအစဉ်ကိုထုတ်လွှင့်ရာ၌ မစ္ဆားပူဇော်ခြင်းအပြင် အစည်းအဝေးကျင်းပခြင်း၊ Metaverse နှင့် ပတ်သက်၍ထောက်အကူ ဖြစ်ခြင်း၊ မခြင်းများကိုမဲ့ပေးဆုံးဖြတ်ခြင်းများကိုလည်းထုတ်လွှင့်မည်ဖြစ်သည်။ (၂၀၂၂) SWC အနေဖြင့် ထူးခြားသောအခွင့်အရေးများ ဖြစ်သည့် ဤအစီအစဉ်သို့တက်ရောက်သူများအား ရဟန်း မင်းကြီး ဖရန်စစ်မှ ၏ကောင်းကြီးကိုလည်းခံရမည်ဖြစ်သည်။ ကိုးရီးယား လူထုဆက်သွယ် ရေးရုံးကော်မရှင်သည် KBS, MBC, SBS, EBS, and CPBC တို့ကဲ့သို့သော အသံလွှင့်ဌာနများနှင့်လည်း ချိပ်ဆက်လုပ်လေ့ရှိသည်။ ယခင်နှစ် အထိ တောင်ကိုးရီးယား၏၀န်ကြီးဖြစ်ခဲ့သော Han Seung-soo သည် SWC ၏နာယကဖြစ်ခဲ့ပြီး၊ ကိုးရီးယားနိုင်ငံမှ GG56 ၏ CEO ဖြစ်သော Kim Young-kun နှင့်ချိပ်ဆက်လုပ်ကိုင်ရန် သဘောတူလက်မှတ်ရေးထိုးထားခဲ့သည်။ သူက ကိုးရီးယားအနေဖြင့် Metaverse နည်းပညာအားချိပ် ဆက်ခြင်းသည် ကိုးရီးယားတို့၏ ဆန်းသစ်တီထွင်သော စက်မှုတော်လှန်ရေး၏ (၄) ပြည့်နှစ်ပတ်လည်ကိုလက်ခံကြိုဆိုခြင်းဖြစ်သည်ဟုပြောကြားခဲ့ သည်။ ယခင်၀န်းကြီးချုပ်က ဆိုးလ်ဂိုဏ်းချုပ်ဆရာတော် Peter Chung Soon-Taick အား စီစဉ်သူများသည် ကပ်ရောဂါဆိုးများကြား ‘ဧဝံဂေလိ’ သတင်းကောင်းကိုနည်းလမ်းရှာဖွေ၍ ကြေညာပေလိမ့်မည် ဟုလည်းပြော ကြားခဲ့သည်။                    

 

            ကိုးရီးယား၏ GG56 သည် ဟောင်ကောင်၌ရုံးချုပ်ဖွင့်ထားပြီး၊ ကိုးရီးယားလူထု ဆက်သွယ် ရေးနှင့် လည်းချိပ်ဆက်ထားသည်။ ယခုကျင်းပ အစီအစဉ်၌ GG56 အနေဖြင့် Metaverse လျှောက်လမ်းတည်ဆောက်ရာ၌ နည်းပညာများပံ့ပိုးဝေမျှ ပါ၀င်ခွင့်ရသောကြောင့် အလွန်ဂုဏ်ယူမိ ကြောင်း၊ ဤနည်းအားဖြင့် ကမ္ဘာပေါ်ရှိ (၁.၃၄) ဘီလီလျှံ ကက်သလစ်များနှင့်ချိပ်ဆက်မိသွားမည်ဖြစ်ကြောင်း၊ သတင်းများအရ Metaverse လျှောက်လမ်းသည် လာမည့်ဇွန်လ၌အသင့်ဖြစ်နေတော့မည်ဟုဆိုပါသည်။ ဤနည်းပညာသည် သုံးဖက်မြင် နည်းပညာကို အ‌ခြေခံ ထားသည်။ ဤ နည်းပညာသည် ကိုးဗစ် (၁၉) ကြောင့် နယ်မြေကူးလူးဖြတ် သန်းရန်အခက်ကြုံ နေသောသူ များ အတွက်လည်း အတားအဆီးတစ်ခုကိုဖြေရှင်းပေး လိုက်ရာလည်းရောက်သည်။ ဤနည်းပညာကြောင့် ထောင် သောင်းမကသောကက်သလစ်များ၊ သတင်းသမားများ၊ အခြားသောနည်းပညာများဖြင့် ပညာ‌ပေး တင် ဆက်မှုကိုလုပ်ဆောင်နေကြသောသူများ အပိုင်းတိုင်းကို အေးချမ်းစွာပါ၀င်နိုင်သည်။  

            ကိုးရီးယားနိုင်ငံ၏ လူထုဆက်သွယ်ရေးကော်မရှင်၏ ဥက္ကဌဖြစ်သူ Francis Kim Seung-wal ကလည်း ကွန်ဂရက်စ်ကို အပိုင်းသုံးပိုင်းဖြင့် ကျင်းပမည်ဖြစ်ပြီး၊ ကွန်ဂရက်စ်ဇု၊ ငြိမ်းချမ်းရေး ဆိုင်ရာဇုံနှင့် သန့်ရှင်း သောမြင် ကွင်းများဇုံ ဟူ၍ဖြစ်ကြောင်း၊ ကွန်ဂရက်စ်ဇုံ၌ ကွန်းဂရက်စ်ကျင်းပရန် လိုအပ်သောခန်းမ၊ ခေတ္တာနား နေခန်းနှင့် ဆုတောင်း ခန်းများပါရှိမည်။ ဤအစီအစဉ်၌ အွန်လိုင်းဖြင့်ပါ၀င်နေသော်လည်း Metaverse နည်းပညာနှင့် စပ် လင်း၍ မဲခွဲဆုံးဖြတ်ရာ၌ ကိုယ်တိုင်ခမ်းမဆောင်ထဲမရှိသော်လည်း မဲပေးနိုင်ကြောင်း၊ ပါ၀င်ကြသော နိုင်ငံတိုင်း ၏ ကက်သလစ်သာသနာနှင့်ကက် သလစ်နည်းပညာများ မြင့်တင်လုပ်ဆောင်နိုင်မှုအပိုင်းလည်းပါသည်။

            ငြိမ်းချမ်းရေးဇုံ၌မူ ကက်သလစ်အဖွဲ့အစည်းများအတွက် အလှုငွေကောက်ခံခြင်းများပါမည်။     

            သန့်ရှင်းသောရူကွက်အပိုင်း၌ အခမ်းအနားတွင်ပါ၀င်ကြသောသူများ ကိုးရီးယားနိုင်ငံအတွင်း ဘုရားဖူး သွားခြင်းဖြစ်ကြောင်း၊ တင်ပြမည့်အ ကြောင်းအရာများကို သုံးဖက်မြင်ပြကွက်ဖြင့် တင်ဆက်မည်ဖြစ်ကြောင်း၊ ဤနည်းအားဖြင့် လူကိုယ်တိုင် အစီအစဉ်ကျင်းပသောခမ်းမခဲ၌ မရှိနေ သော်ဆွေးနွေးသည့်အပိုင်းများ၌ တိုက် ရိုက်မေးမြန်းဆွေးနွေးတင်ပြနိုင်ကြောင်းဖြင့် ရှင်းပြခဲ့သည်။     

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3LKn3Lk

Add new comment

3 + 15 =