လူမှုကွန်ရက်အား ဧ၀ံဂေလိသတင်းကောင်းအတွက်အသုံးပြုရန် အင်ဒိုနီးရှားကက်သလစ်လူငယ်များအားသင်တန်း၌တိုက်တွန်း

လူမှုကွန်ရက်အား ဧ၀ံဂေလိသတင်းကောင်းအတွက်အသုံးပြုရန် အင်ဒိုနီးရှားကက်သလစ်လူငယ်များအားသင်တန်း၌တိုက်တွန်း

အင်ဒိုနီးရှားနိုင်ငံ Denpasar သာသနာက လူငယ်များအားလူမှုကွန်ရက်အသုံးပြုနည်းသင်တန်းကို နို၀င်ဘာလ (၅ - ၆) ရက်အထိပို့ချခဲ့သည်။

ထိုသင်တန်းပို့ချပေးရခြင်းမှာ လူငယ်များအနေဖြင့် ဧ၀ံဂေလိသတင်းကောင်းကြေညာဟောပြောရာ၌ အသုံးပြုတတ်စေရန်ရည်ရွယ်သည်ဟုဆိုသည်။

သာသနာ၏လူငယ်တာ၀န်ခံ ဖာသာရ် Rony Alfridus ကယခုကဲ့သို့သောပညာပေးအစီအစဉ်သည် ကက်သလစ် လူငယ်များအား ခေတ်နှစ်အညီဖန်တီးပေးလာသောအရင်းအမြစ်များကို အကျိုးရှိစွာအဘယ်သို့အသုံးချရမည်ကိုသင်ကြားထိန်းကျောင်းပေးခြင်းဖြစ်ကြောင်း၊ ကက်သလစ်လူငယ်တို့အား နိုးကြားလာရန်ပုတ်နိုးလိုက်ခြင်းဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဆေးကြောခြင်းမင်္ဂလာခံယူထားသူတိုင်း၏တာ၀န်ဖြစ်သော ကမ္ဘာကြီးအား ဧ၀ံဂေလိသတင်းကောင်းကြေညာနိုင်ရန်ဖြစ်ကြောင်း၊ လူမှုကွန်ရက်များကိုအသုံးပြု၍ ခရစ္စတူးသခင်ကိုသက်သေခံသူများဖြစ်လာစေရန်ဖြစ်ကြောင်းပြောကြားခဲ့သည်။

လူမှုကွန်ရက်အသုံးပြုရာ၌ သတင်းအချက်အလက်အမှန်အကန်များကိုသာ‌ေ၀မျှရန်၊ အခြေအနေတစ်ခုကို ဓမ္မဓိဌာန်ကျကျတွေးခေါ်တတ်ရန်၊ အမှန်အမှား၊ ဂျင်းနှင့်သတင်းတို့ကိုသေချာစွာခွဲခြားပြနိုင်ရန်၊ ယခုကဲ့သို့သင်တန်းပေးလိုက်ခြင်းဖြင့် ၄င်းတို့သည် အဆိုးထဲမှအကောင်းကိုထုတ်ယူအသုံးပြုပြီး လူမှုရေးစျေးကွက်များထွင်လာနိုင်ရန်၊ ယခုသင်တန်း၏ဆောင်ပုဒ်မှာ 'Evangelization Through Social Media' (လူမှုကွန်ရက်အားဖြင့်သတင်းကောင်းဆောင်စို့) ဖြစ်ကြောင်း၊ သာသနာအနေဖြင့်လူငယ်များအား နည်းပညာမျိုးဆက်အဖြစ် ကိုယ်ရည်ကိုယ်သွေးများသွေးပေးရန်ကူညီပေး လျှက်ရှိကြောင်း၊ ယခုသင်တန်း၌ ဂိုဏ်းအုပ်သာသနာအတွင်းမှလူငယ် (၃၄) ဦးတက်ရောက်ခဲ့ကြောင်း၊ သင်တန်းပို့ချသူများအနက်မှဖာသာရ် Kristi Adi Prasetya က 'သင်တို့သည် သာမန်အရွယ်ရောက် လူငယ်များမဟုတ်။ သင်တို့သည် ကက်သလစ်လူငယ်များဖြစ်ကြသည်။ ကက်သလစ်ဘာသာတူတစ်ဦးအဖြစ်ဆေးကြောခြင်းစက္ကရာမင်တူးကိုခံယူခဲ့ကြသည်။ သင်တို့သည် ဘုရားသခင်၏ချစ်ခြင်းကိုကြေညာရမည်။ သတင်းအမှားများ၏လှိုင်းထဲ၌အလွယ်တကူနစ်မြှုပ်မသွားစေရန်သတိရှိပါ။ ဆန်းစစ်နိုင်ရန်မှာ ဆင်ခြင်တတ်ရမည်။ သင်တို့၏ယူဆတွေးခေါ်ချက်များကိုလည်းသတိထားပါ။ သတင်းအရင်းအမြစ်ကိုပြန်ရှာ၍ ခိုင်လုံအောင်လေ့လာပါ' ဟုတိုက်တွန်းခဲ့သည်။

Mataram မြို့သည် Denpasar သာသနာပိုင် Nusa Tenggara ၏အနောက်ဖက်တွင်ရှိသောမြို့ဖြစ်သည်။

Denpasar နှင့် ကီလိုမီတာ (၁၃၇.၉) ‌ေ၀းသည်။ ဤဂိုဏ်းအုပ်သာသနာအတွင်း၌ ရဟန်းတော် (၄၉) ပါးက ဘာသာ တူ (၃၅၀၀၀) အား သာသနာအုပ်စု (၂၂) တွင်အမှုတော်ထမ်းလျှက်ရှိသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3g7gnvV

Add new comment

10 + 4 =