လူမှုကူညီရေးအသင်း ကာရီးတာစ် မှ ကိုဗစ် ၁၉ အချိန်မှာ ပူးပေါင်းလုပ်ဆောင်မှုအနေဖြင့် စည်းလုံးညီညွတ်မှုကို ပြကြရန်တောင်းဆို

လူမှုကူညီရေးအသင်း ကာရီးတာစ် မှ ကိုဗစ် ၁၉ အချိန်မှာ ပူးပေါင်းလုပ်ဆောင်မှုအနေဖြင့် စည်းလုံးညီညွတ်မှုကို ပြကြရန်တောင်းဆို

လူမှုကူညီရေးအသင်း ကာရီးတာစ် မှ ကိုဗစ် ၁၉ အချိန်မှာ ပူးပေါင်းလုပ်ဆောင်မှုအနေဖြင့် စည်းလုံးညီညွတ်မှုကို ပြကြရန်တောင်းဆို

နိုင်ငံတကာ ကက်သလစ် ကာရီးတာစ် အဖွဲ့ သည် ပုပ်ရဟန်းမင်းကြီး မိန့်ကြားတော်မူချက်အတိုင်း ကမ္ဘာတဝှမ်းဖြစ်ပွားနေသော ကပ်ဘေး ကာလအတွင်း စီးပွားရေးလူမှုရေး အကြပ်အတည်းများနှင့်တွေ့နေရစဉ်ကာလ တကမ္ဘာလုံး စည်းလုံးခြင်းနှင့် သွေးစည်းညီညွတ်ကြရန်တောင်းဆိုလိုက်ပါသသည်

သောကြာနေ့က ရောမ မြို့၌ကျင်းပခဲ့သော အွန်လိုင်းသတင်းစာရှင်းလင်း ပွဲ တခုတွင် ကာရီးတာစ် အင်တာနေရှင်နယ်၏ အတွင်းရေးမှုး Aloysius John မှ ပြောကြားရာ အခုကာလတွင် ပဋိပက္ခများကို ချုပ်ငြိမ်းပေးကြပါ။ ပိတ်ဆို့မှုများကိုလည်း ရုတ်သိမ်းပေးကြပါ။ ဆင်းရဲသော နိုင်ငံများ။ ကြွေးမှီများကိုလည်း ပယ်ဖျက်ပေးကြပါ။ နောက်တကမ္ဘာလုံးစည်းလုံးပေးကြဘို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

ဤကပ်ကာလအတွင်း ပိတ်ဆို့မှုများ စီးပွားရေးလုပ်ငန်း ရပ်တန့်မှုများ အလုပ်လက်မဲ့ ပြဿနာများ ရှိခြင်းကို သတိပြုသင့်ကြောင်း ဒါဟာ စိန် ခေါ် မှု တရပ်ဖြစ်ပြီး လက်ရှိကမ္ဘာကြီး၏ တောင်းဆိုမှုလည်းဖြစ် ကြောင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်၏မေတ္တာရပ်ခံချက်တရပ်ဖြစ်သော စည်းလုံးညီညွတ်မှုအားဖြင့် တဉီးနဲ့တဉီး ကူညီကြည့်ရှုပေးရန် လူ သား ခြင်းစာနာမှုကို ပြကြပါဟူသော အချက်နှင့်အညီ ကာရီးတာစ် အင်တာ နေရှင်နယ် အနေဖြင့် ဆင်းရဲသောနိုင်ငံများနှင့် ဒေသခံ ဘာသာရေး အသင်းအဖွဲ့များ၌လဲ ပူးပေါင်း၍ လျှူဒါန်းခဲ့ကြောင်း အဓိက စိုးရိမ်စရာနေရာများကတော့ အာဖရိက၊ အာရှ၊ လာတင်အမေရိက နှင့် အရှေ့အလယ်ပိုင်းမှ ဆင်းရဲသော နိုင်ငံများဖြစ်ကြောင်း ၄င်းဒေသများသည် ရုတ်တရက် ရောဂါပိုးကူးစက်ပျံ့ပွားလျှက်ရှိနေကြောင်း

နောက်ရွှေ့ပြောင်းအလုပ်သမားများအရေး အိုးအိမ်စွန့်ခွာသူများ ချို့တဲ့စွာ အသက်မွေး၀မ်း​ကျောင်း ပြုနေသူများ အတွက် နေထိုင်ရေး ပြဿနာများနှင့် အခြေခံလိုအပ်ချက်များစွာရှိနေကြောင်းကို ​ထောက်ပြခဲ့ပ့ကြောင်း ဗာတီကန် သတင်းအရ သိရှိရပါသည်

By William ZNO,RVA

Photo credit: (AFP or licencors)

https://bit.ly/3dXgCDF

 

Add new comment

3 + 1 =