လူမျိုးရေးခွဲခြားခြင်းကို တွန်းလှန်ဖို့အတွက် ဘာသာဝင်များ အစာရှောင်ဆုတောင်းရန် အမေရိကန်ဆရာတော်များ ဖိတ်ခေါ်

လူမျိုးရေးခွဲခြားခြင်းကို တွန်းလှန်ဖို့အတွက် ဘာသာဝင်များ အစာရှောင်ဆုတောင်းရန် အမေရိကန်ဆရာတော်များ ဖိတ်ခေါ်

လူမျိုးရေးခွဲခြားခြင်းကို တွန်းလှန်ဖို့အတွက် ဘာသာဝင်များ အစာရှောင်ဆုတောင်းရန် အမေရိကန်ဆရာတော်များ ဖိတ်ခေါ်

နေရာတော်တော်များများတွင် လူမျိုးရေးဆူပူအုံကြွမှုများ ဖြစ်ပေါ်နေသော အမေရိကန်ပြည်ထောင်စု အတွက် Milwaukee မြို့၏ ဂိုဏ်းချုပ်ဆရာတော်ဘုရား Jerome E. Listecki မှ ငြိမ်းချမ်းရေးနှင့် အများကောင်းကျိုးအတွက် မေတ္တာရပ်ခံခဲ့သည်။ အမေရိကန်ရှိဆရာတော်များမှလည်း ယုံကြည်သူသားသမီးများအား သြဂုတ်လ(၂၈) သို့မဟုတ် လူမျိုးရေးတန်းတူညီမျှဖြစ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သော ရဟန္တာ ပီတာ ကလေဗာ(St. Peter Claver)၏ပွဲနေ့ စက်တင်ဘာ(၉)ရက်တွင် ကျင်းပမည်ဖြစ်သော အစာရှောင်ဆုတောင်းရာနေ့တွင် ပါဝင်ရန် တိုက်တွန်းနှိုးဆော်ထားသည်။

ယခုကဲ့သို့ ဖိတ်ခေါ်ခြင်းသည် ၀စ်ကွန်စင်(Wisconsin)ရဲမှူး၏ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး အကြောများသေသွားခဲ့သော အာဖရိကန်-အမေရိကန်ဖြစ်သော Jacob Blake၏ဖြစ်ရပ်အား ဆန့်ကျင်မှုများ ဖြစ်ပေါ်ပြီး နောက်တစ်နေ့တွင် စတင်ခဲ့သည်။ အမေရိကန်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ဥက္ကဌဖြစ်ပြီး Houma-Thibodaux၏ဆရာတော်ဖြစ်သော Shelton J. Fabreမှ ကက်သလစ်ဘာသာဝင်များအား “မစ္ဆားတရားတော်မြတ်ပူဇော်ခြင်းနှင့် လူမျိုးခွဲခြားရေးဝါဒ၏အပြစ်များအတွက် ယေဇူးရွှေနှလုံးတော်ထံ အပြစ်ဒဏ်ဆပ်ဖြေခြင်းတွင် ပါဝင်ရန်” ဖိတ်ခေါ်ခဲ့သည်။

“ဆူပူအုံကြွခြင်းသည် ငြိမ်းချမ်းရေးနှင့် တရားမျှတခြင်း ရရှိရန်အတွက် နည်းလမ်းများ မဖြစ်နိုင်ကြောင်း၊ သာသနာတော်ကြီးသည် မျှော်လင့်ခြင်းအတွက် မီးပြတိုက်အဖြစ် တည်ရှိနေကြောင်းပြောဆိုခဲ့ပြီး တရားမမျှတခြင်း၊ ဆူပူအုံကြွခြင်း၊ လူမျိုးရေးခွဲခြားခြင်း နှင့် အမုန်းပွားခြင်းအပြစ်များကို လူ့အဖွဲ့အစည်းအတွင်း မရှိစေရန် ဂရုဏာတရား၊ လူ့ဂုဏ်သိက္ခာကို ဂရုစိုက်ကာကွယ်ခြင်းနှင့် အများကောင်းကျိုးကိုရှေ့ရှုခြင်းအားဖြင့် တွန်းလှန်ရမည်ဖြစ်ကြောင်းပြောဆိုခဲ့သော ”ဂိုဏ်းချုပ်ဆရာတော်ဘုရား Jerome နှင့် တစ်လုံးတစ်ဝတည်း ရှိကြောင်း အမေရိကန်ဆရာတော်များအဖွဲ့ချုပ်၏ ဥက္ကဠ ဆရာတော်ဘုရား Fabre မှ အလေးပေးဖော်ပြခဲ့သည်။

 

ဘာသာပြန်-Bro.Patrick Aye Shine Aung

Photo courtesy of AFP or Licensors

https://bit.ly/32AvJ1b

Add new comment

10 + 8 =