လူမျိုးရေးခွဲခြားခြင်းကိုလက်မခံနိုင်။ သို့သော်အကြမ်းမဖက်ဘဲကိုင်တွယ်ရန်ရဟန်းမင်းကြီးမေတ္တာရပ်ခံ

လူမျိုးရေးခွဲခြားခြင်းကိုလက်မခံနိုင်။ သို့သော်အကြမ်းမဖက်ဘဲကိုင်တွယ်ရန် ပုပ်ရဟန်းမင်းကြီးမေတ္တာရပ်ခံ

လူမျိုးရေးခွဲခြားခြင်းကိုလက်မခံနိုင်။ သို့သော်အကြမ်းမဖက်ဘဲကိုင်တွယ်ရန် ပုပ်ရဟန်းမင်းကြီးမေတ္တာရပ်ခံ

ယမန်နေ့သည်ဗုဒ္ဓဟူးနေ့ဖြစ်သည်။ ထို့ကြောင့်ကမ္ဘာတစ်ဝှမ်းမှဘုရားဖူးဘာသာတူများနှင့်ရ ဟန်းမင်းကြီးပုံမှန်တွေ့ဆုံသောနေ့တစ် နေ့ဖြစ်သည်။ ယခုတွေ့ဆုံခြင်းသည်ကိုဗစ် (၁၉) လူစုလူဝေးမပြုလုပ်ရအမိန့်ပြန်လည်ရုတ်သိမ်းပြီးနောက် ဒုတိယအကြိမ်တွေ့ဆုံခြင်းဖြစ် သည်။ ဤတွေ့ဆုံခြင်း တွင်ပုပ်ရဟန်းမင်းကြီးကဘုရားဖူးများ၏နိုင်ငံအလိုက်ရုံးသုံးစကားဖြင့်မိန့်ကြားနှုတ်ဆက်လေ့ရှိသည်။ ယခုတစ်ပတ်၌အမေရိကန်ပြည် ထောင်စုရှိပြည်သူများအားမိန့်ကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အမေရိကန်ပြည်ထောင်စု၌လူမဲ
တစ်ဦးသေဆုံး ခဲ့သည့်အမူ နှင့် ပတ်သက်၍တစ်နိုင်ငံလုံးအ တိုင်းအတာ ဖြင့်အဌိကရုန်းပြင်းထန်စွာဖြစ်ပျက်နေသည်။

ရဟန်းမင်းကြီးက ‘George Floyd ၏သေဆုံးခြင်းနှင့်ပတ် သက်၍အမေရိကန်တစ်နိုင်ငံလုံးတွင် ဖြစ်ပွားနေသောမငြိမ်မသက် မှုကို စိုးရိမ်စွာကြားသိမြင်တွေ့နေရပါသည်။ လူမျိုးရေးဖိနှိပ်မူကိုမူမျက်စိစုံ မှိန်ခြင်း၊ ဖယ်ကျဉ်းထား၍မရ။ မြင့်မြတ်သောလူ့အသက်ကိုကာကွယ် ရန်အတွက်မူတောင်းဆိုရမည်ဖြစ် သည်။’’

အကြမ်းဖက်လုပ်ရပ်ကိုဆန့်ကျင်ခြင်း၊

ရဟန်းမင်းကြီးသည် လော့စ်အိန်ဂျလ်စ်ဂိုဏ်းချုပ်သာသနာပိုင်ဆ ရာတော် Jose Gomez မှမ ကြားခင်ကထုတ်ပြန်သောကြေငြာ ချက် ဖြစ်သည့် ဆန္ဒပြသောလူအုပ်ကိုအကြမ်းဖက်ဖြိုခွဲသောလုပ်ရပ်များကိုဆန့်ကျင်ကြောင်း၊ ထို့အတူယခင်ညများ၌ပြုလုပ်သောအဖျက်အ မှောက် နှင့်အကြမ်းဖက် လုပ်ရပ်များသည်မိမိတို့ကိုယ်ကိုဖျက်ဆီးခြင်း၊ မိမိတို့ကိုယ်တိုင်ဆုံးရှုံးစေသည့်လုပ်ရပ်ဖြစ်ကြောင်း၊ ထို ကဲ့သို့အဖျက်အမှောက် များကျူး လွန် ၍မိမိတို့အားမည်သည့်အကျိုးမျှမတင်။ ဆုံးရှုံးရုံသာရှိကြောင်း၊ ယ နေ့ရဟန်းမင်းကြီးသည်စိန့်ပေါလ်ဘုရား ကျောင်းတော်ကြီး၌ မစ္ဆားပူဇော်ခဲ့ပြီး၊ ထိုပူဇော်ခြင်း၌ အမေရိ ကန်ပြည်ထောင်စု၊ Minneapolis နှင့်အမေရိကန်ပြည်ထောင်စုတစ် ဝှမ်းလုံးအတွက်လည်းကောင်း၊ အ သက်ဆုံးရှုံးသွားသော George Floyd ထာ၀ရငြိမ်းချမ်းခြင်းရရှိရန်လည်းကောင်း၊ လူမျိုးရေးအဌိကရုန်း ကြောင့်အသက်ဆုံးရှူခဲ့ရသော သူများ အားလုံးအတွက်ဆုတောင်းပေးခဲ့ပါကြောင်း’ မိန့်ကြားခဲ့သည်။

ပြန်လည်ကျေအေးပြီး၊ ငြိမ်းချမ်းရေးပြန်လည်ရရှိနိုင်ရန်ဆုတောင်းပေး၊

ရဟန်းမင်းကြီးသည်သူ၏ဩဝါဒနိဂုံးပိုင်း၌ ‘မတည်မငြိမ်မှုအတွင်း အသက်ဆုံးရှုံးသွားခဲ့သော ကြောင့် ကြေကွဲ၀မ်းနည်းနေသောကြ သောမိသားစုများ၊ မိတ်ဆွေများအားလုံးအတွက်ဆုတောင်းပေး ကြပါစို့။ ထို့အတူကျွန်ုပ်တို့အားလုံးမျှော်လင့်တောင့် တနေသောတစ်နိုင်ငံ လုံးအ တိုင်းအတာဖြင့်ပြန် လည်ကျေအေးပြီး၊ ငြိမ်းချမ်းရေးပြန်လည်တည် ဆောက်နိုင်ရန်၊ အမေရိကန်နိုင်ငံ၏မယ်တော်ဖြစ်သော ဂွာတာလုပေမယ် တော်၏ထပ်ဆင့်ဆုတောင်းပေးခြင်းဖြင့်နိုင်ငံအတွင်းနှင့်ကမ္ဘာတစ်ဝှမ်းလုံး၌ ငြိမ်းချမ်း ခြင်း၊ တရားမျှတခြင်းရှိရန်ဆုတောင်းပေးပါမည့်အကြောင်းဆုတောင်းကြပါစို့’ ဟုမိန့်ကြားတိုက်တွန်းခဲ့ သည်။

ဘာသာပြန်ဆိုသူ-ဖာသာရ်ကလဲမင့်အားတယ်

 

https://bit.ly/2Mvo8sW

Add new comment

12 + 7 =