လူမျိုးခွဲခြားရေး ဝါဒကို ကိုင်တွယ်ရန် ကယ်လီဖိုးနီးယား ကက်သလစ် ဆရာတော်ကြီးများ စတင်

လူမျိုးခွဲခြားရေး ဝါဒကို ကိုင်တွယ်ရန် ကယ်လီဖိုးနီးယား ကက်သလစ် ဆရာတော်ကြီးများ စတင်

လူမျိုးခွဲခြားရေး ဝါဒကို ကိုင်တွယ်ရန် ကယ်လီဖိုးနီးယား ကက်သလစ် ဆရာတော်ကြီးများ စတင်

ကယ်လီဖိုးနီးယားရှိ အာဖရိကန် အမေရိကန် ကက်သလစ် ဆရာတော်ကြီးများဟာ လူမျိုးခွဲခြားရေးဝါဒ ကို တိုက်ဖျက်ချေမှုန်း ဘို့ တနှစ်တာ အစီအစဉ်ကို စတင်ရန် စက်တင်ဘာ ၉ ရက်နေ့က အစည်းအဝေးကျင်းပခဲ့ကြပါတယ်။

အထက်ပါ အစည်းအဝေးဟာ စိန့်ပီတာကလာဗာ ရဲ့ပွဲနေ့မှာ ကျရောက်ပြီး အမေရိကား ကက်သလစ် သာသနာနယ် များစွာတို့မှ လူမျိုးခွဲခြားရေးဝါဒ အဆုံးသတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆုတောင်းခြင်း အစာရှောင်ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

တနှစ်တာ ရည်ရွယ်ထားသည့် လှုပ်ရှားမှုမှာ ကယ်လီဖိုးနီးယား ဘာသာ၀င်များ၊ သူတော်စင်များ၊ ရ ဟန်းတော်များနှင့် ဆရာတော်များအတူတကွပါ၀င်သည့် လက်ဆုတ်လက်ကိုင်ပြနိုင်သည့် ပြောင်းလဲမှုမျိုးဖြစ်ရန်ရည်ရွယ်ထားကြောင်း

လူမျိုးခွဲခြားရေးနှင့် ပတ်သက်ပြီး အသင်းတော်အတွင်းနှင့် အသင်းတော်ပြင်ပ အတွေ့အကြုံများ ဝေမျှခြင်းကို ပြီးခဲ့တဲ့ ရက်သတ္တပတ်က ကယ်လီဖိုးနီးဟားမှ ဆရာတော်ကြီး ၂၅ ပါးဟာ သာမာန်လူဝတ်ကြောင် အမျိုးသမီး နှစ်ဉီး

နှင့် ရဟန်းတစ်ပါး တို့ထံမှ ၃ နာရီကြာမျှ နားထောင်ပေးခဲ့ ကြရာ အချို့ ဆရာတော်ကြီးများ မှာ မျက်ရည် ပင် ကျခဲ့တဲ့ အထိ ထိမိခံစားကြရတယ်လို့ဆိုပါတယ်။

နောက်တဆင့်ကတော့ အပြန် အလှန် ဆွေးနွေးခြင်းကဏ္ဍဖြစ်ကြောင်း ၄င်းအစီအစဉ်တွင် ပါဝင်အဖြေရှာရန် ဆရာတော်ကြီးများက ကယ်လီဖိုးနီးယား ဘာသာဝင်များအားတိုက်တွန်း ထားကြောင်း နှင့် ဒီလူမျိုးခွဲခြားရေးနှင့် ပတ်သက်သည့် ခေါင်းစဉ်အကြောင်းအရာကို မိမိတို့၏အိမ်၌၎င်း၊ ဘုရားကျောင်း၌၎င်း၊ သူငယ်ချင်းများဖြင့်၎င်း ဝိုင်းဖွဲ့ဆွေးနွေးကြစေရန် အားပေးထားသည် ဆိုခြင်းကို CNA သတင်းအရ သိရှိရပါတယ်။

စစ္စတာရ်လူစီယားသန္တာအောငိ၊ SJA

Photo courtesy of: Alexey Skachkov via Shutterstoc

https://bit.ly/3kodlQo

Add new comment

13 + 7 =