လူမူကွန်ရက်မှသတင်းအချက်အလက်များသည်ဘက်နက်ဒစ်တင်းသီလရှင်များအတွက်အခွင့် အရေးတစ်ခုဖြစ်

လူမူကွန်ရက်မှသတင်းအချက်အလက်များသည်ဘက်နက်ဒစ်တင်းသီလရှင်များအတွက်အခွင့် အရေးတစ်ခုဖြစ်

လူမူကွန်ရက်မှသတင်းအချက်အလက်များသည်ဘက်နက်ဒစ်တင်းသီလရှင်များအတွက်အခွင့် အရေးတစ်ခုဖြစ်

San Pelayo ရသေ့သီလရှင်ကျောင်းသည် Asturia ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်ရှိ Oviedo မြို့ တွင်တည်ရှိသည်။
ထိုဒေသသည်စပိန်နိုင်ငံ၏ အနောက်မြောက်ဖက်တွင်ရှိသည်။

ဤသီလရှင်ကျောင်း သည် (၉၉၄) ခုနှစ်ကပင်တည်ရှိနေခဲ့သောဘဲနက်ဒစ်တင်းရသေ့သီလရှင်ကျောင်းဖြစ်သည်။ သီလရှင်တို့ ၏အဓိကအလုပ်မှာစာအုပ်ချုပ်၊ စာအုပ်ကိုပြန်လည်မွမ်းမံပေးခြင်းဖြစ်သည်။ (၂၀၁၆) မှစ၍အသင်း၏ စားဝတ်နေရေးအတွက်မုန့်လုပ်ငန်းကိုတိုးချဲ့လုပ်ခဲ့သည်။ သီလရှင်တို့သည်မုန့်အမျိုးမျိုးကိုဖုတ်၍သန့် ရှင်းသောရက်သတ္တတပတ်အတွင်းရောင်းချလေ့ရှိသည်။ သို့သော်ယခုနှစ်၌မူကိုဗစ် (၁၉) ကြောင့်ပါစ ကားကာလတစ်လျှောက်အိမ်တွင်းအောင်းနေခဲ့ရ၍၄င်းတို့၏ပုံမှန်ဖောက်သည်များနှင့်အဆက် အသွယ် ပြတ်တောက်ခဲ့ရသည်။

ထို့ကြောင့်အနီးအနား၌နေထိုင်သူများအားမေးမြန်း၍အကူအညီလိုအပ်သူများ ကိုကူညီနိုင်ခဲ့သည်။ စပိန်သတင်းဌာနတစ်ခုဖြစ်သော ABC လိုင်းက WhatsApp ကိုသုံးသောလိုင်းသုံး ဖော်များအားသီလရှင်များသည်အလှူသဘောဖြင့်၄င်းတို့၏မုန့်များကိုရောင်းနေကြောင်း၊ သို့သော်ဝယ် ယူသူများမရှိကြောင်းတင်လိုက်သည်။ ထိုကြော်ငြာသည်ထင်မမှတ်မထားရလောက်အောင်၀ယ်ယူသူ များပေါ်ထွက်လာခဲ့ပြီး၊ ရောင်းမလောက်ဖြစ်ခဲ့ရသည်။

ထိုအသံလွှင့်ဌာနကသီလရှင်တို့၏လုပ်ဆောင် ချက်သည်အတိဒုက္ခရောက်နေသူများနှင့်တစ်စိတ်တစ်၀မ်းထဲရှိကြောင်းအကောင်းဆုံးပြသသည့်နည်း ဖြစ်ကြောင်း၊ သီလရှင်တို့၏ထင် မှတ်မထားသောရက်ရောမူကိုလည်းချီးမွမ်းခဲ့ပြီး၊ လူမှုကွန်ရက်သည်မြို့ တွင်း၊ ဆင်ခြေဖုံးတွင်နေထိုင်သောလူများကိုစုစည်းပေးကာသီလရှင်တို့၏လုပ်ရပ်ကိုအလေးထားခဲ့ကြ သည်။ အဘယ်ကြောင့်ဆိုသော်ဤသီလရှင်အသင်းသည်လည်းရှေးယခင်ကပင်ဤဒေသ၌မြို့နေအဖွဲ့ အစည်းအဖြစ်နေထိုင်လာခဲ့ကြသူများဖြစ်သည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

Photo Credit: San Pelayo Monastery

https://bit.ly/2YUe4Bm

Add new comment

13 + 1 =