လူထုပရိတ်သတ်နှင်တွေ့ဆုံရာတွင် ဒူးနာဝေဒနာကြောင့် ပါပါးဖရန်စစ် ဘီးတပ်ထိုင်ခုံ အသုံးပြုခဲ့ရ

လူထုပရိတ်သတ်နှင်တွေ့ဆုံရာတွင် ဒူးနာဝေဒနာကြောင့် ပါပါးဖရန်စစ် ဘီးတပ်ထိုင်ခုံ အသုံးပြုခဲ့ရ

လူထုပရိတ်သတ်နှင်တွေ့ဆုံရာတွင် ဒူးနာဝေဒနာကြောင့် ပါပါးဖရန်စစ် ဘီးတပ်ထိုင်ခုံ အသုံးပြုခဲ့ရ

 

လုထုပရိတ်သတ်နှင့်တွေ့ဆုံရာ ခြင်းအစီအစဉ်တွင် ပါပါးသည် ဒူးနာဝေဒနာကြောင့် ဘီးတပ်ကုလားထိုင်ကို ပထမဦးဆုံးအကြိမ်အဖြစ် အသုံးပြုခဲ့သည်။ သီလရှင်ဂိုဏ်များ​၏ အကြီးအကဲများနှင့် တွေ့စုံစည်းဝေးပွဲတခုတွင် စင်ပေါ်သို့ ဘီးတပ်ထိုင်ခုံနှင့် တက်ရောက်လာခဲ့ပြီး သူ​၏ထိုင်ခုံနေရာမှာ အကူအညီယူ၍ ထိုင်ခဲ့ရပါတယ်။ ကြာသပတေးနေ့ မတိုင်မီက ပါပါးဟာ လူထုချိန်း ချက်တွေ့စုံရာမှာ လမ်းလျှောက်သွားစဉ် ခက်ခဲရုန်းကန်နေရကြောင်း သိသိသာသာ မြင်တွေ့ နိုင်ခဲ့ပါတယ်။ ပါပါးရဲ့ ရွေ့လျားယာဉ် မှ သူ​၏ထိုင်ခုံနေရာသို့ သွားရာတလျှောက် အကူညီယူခဲ့ရပါတယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်ကလည်း ပါပါးရဲ့ " The Paul V| Audience Hall " ခန်းမကြီးရဲ့ အလယ်မှာရှိတဲ့ ထိုင်ခုံသို့ စင်မြင့်အစွန်မှ လမ်းလျောက်သွားခဲ့စဉ်ကလည်း  ပါပါးက သူရဲ့ဆရာဝန်က သူ့ကို လမ်းမလျှောက်ရန် အကြံပေးထားကြောင်း ဘုရားဖူးလာသူတွေကို ဖွင့်ထုတ် ပြောဆိုခဲ့ပါသေးတယ်။

ပါပါးက " ဆရာဝန်က ကျွန်ုပ်ကို လမ်းမလျောက်ဖို့ ပြောထားတယ် ၊ကျွန်ုပ်ကလည်း လမ်းလျှောက်သွားရတာကို ကြိုက်နှစ်သက်ပေမယ့် ဒီတကြိမ်မှာတော့ ကျွန်ုပ် ဆရာဝန့် စကားကို နာခံရပါတော့မယ်" လို့မိန့်ကြားပြောဆိုခဲ့ပါတယ်။

လွန်ခဲ့သည့် ဇူလိုင်လက ဖြစ်ပွားခဲ့တဲ့ အူမကြီးခွဲစိပ်ကုသမှု မှ ပြန်လည်ကျန်းမာလာချိန်ကတည်းမှစပြီး ယခုအကြိမ်ဟာ  ပထမဦးဆုံးအကြိမ် ဘီးတပ်ထိုင်ခုံအသုံးပြုခြင်းပဲဖြစ်ပါတယ်။

ဗာတီကန်မှ ထုတ်ပြန်ကြေငြာချက်အရ ပါပါးဟာ ဒီရက်ပိုင်းအတွင်း လမ်းလျှောက်မည့်အစား ဘီးတပ်ထိုင်ခုံကို အသုံးပြုသွားကောင်းသွားမည် ဖြစ်သော်လည်း မူလရေးဆွဲထားသည့် အစီ အစဉ်များကိုမူ မပြောင်းလဲပဲ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်ဟုဆိုသည်။

 

အာဗီအေဘာသာပြန်-မာကုစ်ညီညီထွန်း

https://bit.ly/3skpZq3

 

 

Add new comment

16 + 1 =