လူထုဆက်သွယ် ရေးနေ့၌ အင်ဒိုနီးရှားနိုင်ငံတွင်ပြိုင်ပွဲများကျင်းပမည်။

လူထုဆက်သွယ် ရေးနေ့၌ အင်ဒိုနီးရှားနိုင်ငံတွင်ပြိုင်ပွဲများကျင်းပမည်။

လူထုဆက်သွယ် ရေးနေ့၌ အင်ဒိုနီးရှားနိုင်ငံတွင်ပြိုင်ပွဲများကျင်းပမည်။

            အမိကက်သလစ်သာသနာတော်ကြီးသည် နှစ်စဉ် ‘ယေဇူးသခင်ကောင်းကင်ဘုံသို့တက်ကြွတော်မှုသည့်’ တနဂ်နွေနေ့ကို ‘လူထုဆက်သွယ်ရေးနေ့’ အဖြစ်သတ်မှတ်ကျင်း ပသည်။ ယခုနှစ်သည် (၅၆) ကြိမ်မြောက် လူထုဆက်သွယ်ရေးနေ့ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ကလည်း လာမည့် (မေလ၊ ၂၂၊ ၂၀၂၂) ရက်နေ့၌ ပြိုင်ပွဲများကျင်းပသွားမည်ဖြစ်သည်။ ဆရာတော်ကြီးများအဖွဲ့ချုပ်၏ အတွင်းရေးမှူးဖြစ်သော ဖာသာရ် Steven Lalu ကဘာသာတူများထဲမှ လူမှုကွန်ရက်အခွင့် အရေးအတွက် တက်ကြွလှုပ်ရှားသူများကိုဖိတ်ကြား၍ ဟောပြောပွဲများပြုလုပ်မည်ဖြစ်သည်။

ဖာသာရ် Steven Lalu ကလည်း အင်ဒိုနီးရှားနိုင်ငံ၏ကက်သလစ်ဆရာ တော်ကြီးများအဖွဲ့ချုပ်ကလည်း ဆက်သွယ်ရေးနည်းပညာနှင့်ဆက်စပ်သောပြိုင်ပွဲများကိုစီစဉ်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ၄င်းတို့အနက် ရဟန်းမင်းကြီး၏ဩ ၀ါဒများထဲမှကောက်နုတ်၍ သီချင်းရေးစပ်သီကုံးခြင်း၊ ဇာတ်လမ်းတိုများရိုက်ကူးခြင်း၊ သတင်းတင်ဆက်မှု၊ သမိုင်းများကိုစိတ်၀င်စားအောင်၊ အချိပ်အဆက်မိ အောင်တင်ပြခြင်း၊ စာမူပြိုင်ပွဲ၊ မစ္ဆားတရားတော်အတွင်း နည်းပညာအကူအညီမည်သို့ပေးစွမ်းမည်စသော ခေါင်းစဉ်များဖြင့်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဤသို့ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ ရဟန်းမင်းကြီးဖရန်စစ်၏သတင်းစကားများသည် ပိုမို၍ပဲ့တင်သံညံစေရန်၊ လွယ်လွယ်နှင့်မေ့မသွားရန်၊ ယခုနှစ် လူထုဆက်သွယ် ရေးနေ့၏ခေါင်းစဉ်မှာလည်း ‘Listening with the Ears of the Heart’ (နှလုံးသားနားများဖြင့်နားဆင်ပါ) ဖြစ်ကြောင်း၊ ရဟန်းမင်းကြီးက ကျွန်ုပ်တို့လူ သားများသည် အခါအားလျှော်စွာ လစ်လျူရူတတ်သည်။ နားမတောင်လိုကြ။ မိမိကိုသာနားထောင်စေလိုသည်။ ကျွန်ုပ်တို့သည် နားထောင်သည်အတတ်ကိုဘုရား သခင်ကိုယ်တိုင်ထံမှသင်ကြားရမည်။ ဘုရားသခင်သည် သူ၏ဖန်ဆင်းခံများအပေါ်သစ္စာတည်ကြည်သည်။ လေးစားသည်။ လူသားများပြစ်တင်ပြောဆိုသမျှ၊ ခက် ခဲ၍ငြီးငြူသမျှကို နားစွင့်နေရှာသည်။ နားထောင်တတ်ခြင်းသည် ဘုရားသခင်၏ချစ်ခြင်းကိုထိတွေ့ခံစားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ဘုရားဘုန်းကိုစွန့်၍ လောကသို့ကြွဆင်းလာခဲ့ခြင်းဖြစ်ကြောင်းကိုရဟန်းမင်းကြီးက မိန့်ကြားခဲ့ကြောင်း၊ ထို့ကြောင့် နားထောင်တတ်ခြင်းသည် ချစ်ခြင်းနှင့်ယုံကြည်ခြင်း၏ပြယုဂ်ဖြစ် ကြောင်း ဖာသာရ် Lalu ကဖြည့်စွက်ပြောကြားခဲ့သည်။        

            ‘လူထုဆက်သွယ်ရေးနေ့’ နှင့်စပ်လျင်းသော ရဟန်းမင်းကြီး၏ သတင်းစကားကို လူထုကြားသို့ပျံ့နှံ့စေရန် နည်းလမ်းအသွယ်သွယ်ကိုအသုံးပြုသွားမည်။ ထို့ ကြောင့် ဘာသာတူ၊ မတူသောနည်းပညာရှင်များကိုဖိတ်ကြား၍ ဤအစီအစဉ်များ၌ပါ၀င်စေခြင်းဖြင့် နည်းပညာများအားဖြင့် ညီအစ်ကိုရင်းစိတ်ဓာတ်ကိုတည် ဆောက်ရန်ရည်ရွယ်ကြောင်းလည်းပြောပြသွားခဲ့သည်။

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3ixE4Lg

Add new comment

3 + 2 =