လူတွေကိုသခင်ခရစ်တော်ဆီသို့ဆွဲဆောင်ခြင်းအားဖြင့်အသစ်သောဘဝများကိုဖန်တီးကြပါ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် အာစုလင် အသင်းဂိုဏ်းဝင်သီလရှင်များနှင့် တွေ့ဆုံခြင်း

လူတွေကိုသခင်ခရစ်တော်ဆီသို့ဆွဲဆောင်ခြင်းအားဖြင့်အသစ်သောဘဝများကိုဖန်တီးကြပါ
အောက်တိုဘာ ၃၊ ၂၀၁၉

အောက်တိုဘာလ ၃ ရက်နေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် အာစုလင် အသင်းဂိုဏ်းဝင်သီလရှင်များနှင့် တွေ့ဆုံခြင်းတွင် လူတွေအတွက် သခင်ခရစ်တော်ဆီသို့ သွားရောက်နိုင်သောတံခါးများဖွင့်ပေးခြင်း အားဖြင့်ကမ္ဘာမြေအနှံ့ အသစ်သောဘဝအသက်တာများကိုဖန်တီးကြပါဟုပုပ်ရဟန်းမင်းကြီးမှပြောကြားခဲ့ပါသည်။

ယနေ့ခေတ်ကြီးမှာလူတိုင်းဟာတစ်​ယောက်နဲ့တစ်​​ယောက်နည်းလမ်းမျိုးစုံနဲ့ဆက်နွယ်‌နေကြပါတယ် ဒါကြောင့်ဒီကိစ္စငါနဲ့မဆိုင်ဘူးဒါငါ့ပြဿသနာမဟုတ်ဘူး စသည်ဖြင့်ပြောလို့မရပါဘူး၊ ကမ္ဘာပေါ်မှာရှိတဲ့လူသားအားလုံးဟာတစ်နည်းမဟုတ်တစ်နည်းအားဖြင့် ကျနု်​ပ်တို့နဲ့ဆက်နွယ်ပတ်သက်နေပါတယ်။ ဒါ့ကြောင့်ယနေ့ခေတ်ကြီးမှာဒါငါနဲ့မဆိုင်ဘူးလို့ဘယ်သူမှပြောလို့မရတော့ပါဘူး၊

လူ့အခွင့်အရေးအပြည့်ဝရရှိရေး၊လွတ်လပ်စွာကိုးကွယ်ခွင့်ရှိရေး၊ လွတ်လပ်စွာမိမိအယူဝါဒကိုဝေမျှခွင့်ရရှိရေး၊ လူ့အဖွဲ့အစည်းအတွင်းတရားမျှတမှုတည်ဆောက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူသားအားလုံးတန်းတူညီမျှဖွင့်ဖြိုးရေး၊ စသည့်အရေးများဟာအများနှင့်ဆိုင်သောအရေးများဖြစ်နေသော်လည်းတစ်​ဦးချင်းစီမှစတင်လုပ်ဆောင်ရမည့်အရေးများသာဖြစ်ပါသည်၊ ဒါ့ကြောင့်ဒီကိစ်​စတွေဟာငါနှင့်မဆိုင်ဘူးလို့မည်သူမျှပြောလို့မရတော့ပါဘူး၊ ဒါကြောင့်အဲ့ဒီပြဿနာတွေဟာလူတစ်ဦးတစ်ယောက်၊အဖွဲ့အစည်းတခု၊ နိုင်ငံတစ်နိုင်ငံနှင့်သာ သက်ဆိုင်သောအရေးမဟုတ်တော့ဘဲ ကမ္ဘာပေါ်ရှိလူသားအားလုံးနှင့် သက်ဆိုင်သောအရေးများဖြစ်ပါတယ်။

ဘဝသစ်ဆီသို့အတူတကွသွားကြစို့ဟူသော အာစုလင် အသင်းဂိုဏ်း ခေါင်းဆောင်၏ရည်ရွယ်မျှော်လင့်ချက်ကို မိမိတို့အဘဝများဖြင့်ကျိုးစားပြီးဖြည့်ဆည်းကြဖို့ ရဟန်းမင်းကြီးမှ တိုက်တွန်းခဲ့ပြီး၊

အသက်သစ်များတည်ဆောက်ခြင်းဆိုတာဖြစ်နိုင်သောလုပ်ရပ်ဖြစ်ပါတယ် ဘာသာမတူသူ၊ ရိုးရာယဉ်ကျေးမှုမတူသူ၊ ဘာသာစကားမတူညီသူညီကိုမောင်နှမများကို သခင်ခရစ်တော်သင်ကြားပေးခဲ့သည့်ကရုဏာတရားများပြသခြင်းအားဖြင့် သခင်ခရစ်တော်ဆီသို့တံခါးဖွင့်ပေးခြင်း၊ ချစ်ခြင်းမေတ္တာလမ်းများတံတားများ‌ဖောက်လုပ်ခြင်းဖြင့်၊ အသစ်သောလူ့အဖွဲ့အစည်းများကိုတည်ဆောက်ကြပါ၊ သင်တို့မှာရှိသောယုံကြည်ခြင်းမျှော်လင့်ခြင်း၊ ချစ်လေးမြတ်ခြင်းနှင့်ကရုဏာတရားများအားဖြင့်လူတွေကိုသခင်ခရစ်တော်ဆီသို့ဆွဲဆောင်ကြပါ။

အသင်းဂိုဏ်းဝင်သီလရှင်များကိုပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်မှ မိမိဝိညာဉ်တိုးတက်ရေးအတွက်ဘုရားနှင့်ပေါင်းစပ်နေသလို မိမိပတ်ဝန်းကျင်တွင်ဒုက္ခရောက်နေသော ဘုရား၏သားသမီးများကိုကြည့်ရှုရန်မမေ့လျော့ကြပါနှင့်၊မိမိဘဝနှင့်သက​်​​သေပြနိုင်သူသာလျှင် တခြားသူ၏ဘဝကိုယ်ပြောင်းလဲအောင်ဆွဲဆောင်နိုင်မည်သာဖြစ်ပါသည်။

ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်ကိုသင်တို့၏ဘဝများနှင့်သက်သေပြကြရင်း သင်တို့အသင်းဂိုဏ်း၏လမ်းစဉ်ဖြစ်သော လူငယ်များကိုပညာပေးခြင်း၊ လူငယ်များ၏ဘဝအသက်တာတွင် လုပ်သင့်မလုပ်သင့်၊ ခွဲခြားသိမြင်တတ်ရန်နှင့်ဘဝ၏တန်ဘိုးများကိုသဘောပေါက်စေရန် လမ်းညွှန်ပေးကြပြီး သခင်ခရစ်တော်၏နှုတ်ကပတ်တော်ကိုသင်တို့၏ဘဝများနှင့် ကိုယ်တိုင်လက်တွေ့ပြကြသူများဖြစ်နိုင်ရန်ကြိုးစားကြပါဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ အားပေးခဲ့ပါသည်။
By Kyi Making
Credit to Vatican News
https://bit.ly/2OkxKsW

 

Zawgyi

လူေတြကိုသခင္ခရစ္ေတာ္ဆီသို႔ဆြဲေဆာင္ျခင္းအားျဖင့္အသစ္ေသာဘဝမ်ားကိုဖန္တီးၾကပါ
ေအာက္တိုဘာ ၃၊ ၂၀၁၉

ေအာက္တိုဘာလ ၃ ရက္ေန႕က ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ အရွင္သူျမတ္ အာစုလင္ အသင္းဂိုဏ္း၀င္သီလ႐ွင္မ်ားႏွင့္ ေတြ႕ဆုံျခင္းတြင္ လူေတြအတြက္ သခင္ခရစ္ေတာ္ဆီသို႔ သြားေရာက္နိုင္ေသာတံခါးမ်ားဖြင့္ေပးျခင္း အားျဖင့္ကမၻာေျမအႏွံ႕ အသစ္ေသာဘဝအသက္တာမ်ားကိုဖန္တီးၾကပါဟုပုပ္ရဟန္းမင္းႀကီးမွေျပာၾကားခဲ့ပါသည္။

ယေန႕ေခတ္ႀကီးမွာလူတိုင္းဟာတစ္​ေယာက္နဲ႕တစ္​​ေယာက္နည္းလမ္းမ်ိဳးစုံနဲ႕ဆက္ႏြယ္‌ေနၾကပါတယ္ ဒါေၾကာင့္ဒီကိစၥငါနဲ႕မဆိုင္ဘူးဒါငါ့ျပႆသနာမဟုတ္ဘူး စသည္ျဖင့္ေျပာလို႔မရပါဘူး၊ ကမၻာေပၚမွာရွိတဲ့လူသားအားလုံးဟာတစ္နည္းမဟုတ္တစ္နည္းအားျဖင့္ က်ႏု္​ပ္တို႔နဲ႕ဆက္ႏြယ္ပတ္သက္ေနပါတယ္။ ဒါ့ေၾကာင့္ယေန႕ေခတ္ႀကီးမွာဒါငါနဲ႕မဆိုင္ဘူးလို႔ဘယ္သူမွေျပာလို႔မရေတာ့ပါဘူး၊

လူ႕အခြင့္အေရးအျပည့္ဝရရွိေရး၊လြတ္လပ္စြာကိုးကြယ္ခြင့္ရွိေရး၊ လြတ္လပ္စြာမိမိအယူဝါဒကိုေဝမွ်ခြင့္ရရွိေရး၊ လူ႕အဖြဲ႕အစည္းအတြင္းတရားမွ်တမႈတည္ေဆာက္ေရး၊ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး၊ လူသားအားလုံးတန္းတူညီမွ်ဖြင့္ၿဖိဳးေရး၊ စသည့္အေရးမ်ားဟာအမ်ားႏွင့္ဆိုင္ေသာအေရးမ်ားျဖစ္ေနေသာ္လည္းတစ္​ဦးခ်င္းစီမွစတင္လုပ္ေဆာင္ရမည့္အေရးမ်ားသာျဖစ္ပါသည္၊ ဒါ့ေၾကာင့္ဒီကိစ္​စေတြဟာငါႏွင့္မဆိုင္ဘူးလို႔မည္သူမွ်ေျပာလို႔မရေတာ့ပါဘူး၊ ဒါေၾကာင့္အဲ့ဒီျပႆနာေတြဟာလူတစ္ဦးတစ္ေယာက္၊အဖြဲ႕အစည္းတခု၊ နိုင္ငံတစ္နိုင္ငံႏွင့္သာ သက္ဆိုင္ေသာအေရးမဟုတ္ေတာ့ဘဲ ကမၻာေပၚရွိလူသားအားလုံးႏွင့္ သက္ဆိုင္ေသာအေရးမ်ားျဖစ္ပါတယ္။

ဘဝသစ္ဆီသို႔အတူတကြသြားၾကစို႔ဟူေသာ အာစုလင္ အသင္းဂိုဏ္း ေခါင္းေဆာင္၏ရည္႐ြယ္ေမွ်ာ္လင့္ခ်က္ကို မိမိတို႔အဘဝမ်ားျဖင့္က်ိဳးစားၿပီးျဖည့္ဆည္းၾကဖို႔ ရဟန္းမင္းႀကီးမွ တိုက္တြန္းခဲ့ၿပီး၊

အသက္သစ္မ်ားတည္ေဆာက္ျခင္းဆိုတာျဖစ္နိုင္ေသာလုပ္ရပ္ျဖစ္ပါတယ္ ဘာသာမတူသူ၊ ရိုးရာယဥ္ေက်းမႈမတူသူ၊ ဘာသာစကားမတူညီသူညီကိုေမာင္ႏွမမ်ားကို သခင္ခရစ္ေတာ္သင္ၾကားေပးခဲ့သည့္က႐ုဏာတရားမ်ားျပသျခင္းအားျဖင့္ သခင္ခရစ္ေတာ္ဆီသို႔တံခါးဖြင့္ေပးျခင္း၊ ခ်စ္ျခင္းေမတၱာလမ္းမ်ားတံတားမ်ား‌ေဖာက္လုပ္ျခင္းျဖင့္၊ အသစ္ေသာလူ႕အဖြဲ႕အစည္းမ်ားကိုတည္ေဆာက္ၾကပါ၊ သင္တို႔မွာရွိေသာယုံၾကည္ျခင္းေမွ်ာ္လင့္ျခင္း၊ ခ်စ္ေလးျမတ္ျခင္းႏွင့္က႐ုဏာတရားမ်ားအားျဖင့္လူေတြကိုသခင္ခရစ္ေတာ္ဆီသို႔ဆြဲေဆာင္ၾကပါ။

အသင္းဂိုဏ္းဝင္သီလ႐ွင္မ်ားကိုပုပ္ရဟန္းမင္းႀကီးအရွင္သူျမတ္မွ မိမိဝိညာဥ္တိုးတက္ေရးအတြက္ဘုရားႏွင့္ေပါင္းစပ္ေနသလို မိမိပတ္ဝန္းက်င္တြင္ဒုကၡေရာက္ေနေသာ ဘုရား၏သားသမီးမ်ားကိုၾကည့္ရႈရန္မေမ့ေလ်ာ့ၾကပါႏွင့္၊မိမိဘဝႏွင့္သက​္​​ေသျပနိုင္သူသာလွ်င္ တျခားသူ၏ဘဝကိုယ္ေျပာင္းလဲေအာင္ဆြဲေဆာင္နိုင္မည္သာျဖစ္ပါသည္။

ဘုရားသခင္၏ခ်စ္ျခင္းေမတၱာေတာ္ကိုသင္တို႔၏ဘဝမ်ားႏွင့္သက္ေသျပၾကရင္း သင္တို႔အသင္းဂိုဏ္း၏လမ္းစဥ္ျဖစ္ေသာ လူငယ္မ်ားကိုပညာေပးျခင္း၊ လူငယ္မ်ား၏ဘဝအသက္တာတြင္ လုပ္သင့္မလုပ္သင့္၊ ခြဲျခားသိျမင္တတ္ရန္ႏွင့္ဘဝ၏တန္ဘိုးမ်ားကိုသေဘာေပါက္ေစရန္ လမ္းၫႊန္ေပးၾကၿပီး သခင္ခရစ္ေတာ္၏ႏႈတ္ကပတ္ေတာ္ကိုသင္တို႔၏ဘဝမ်ားႏွင့္ ကိုယ္တိုင္လက္ေတြ႕ျပၾကသူမ်ားျဖစ္နိုင္ရန္ႀကိဳးစားၾကပါဟု ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ အရွင္သူျမတ္မွ အားေပးခဲ့ပါသည္။
By Kyi Making
Credit to Vatican News
https://bit.ly/2OkxKsW

Add new comment

3 + 7 =