လူဆိုးဂိုဏ်းအား ဆက်ကြေးပေးရန် ငြင်းဆိုခဲ့သော ကက်သလစ်ဘုန်းတော်ကြီး အသတ်ခံရ

ကျောင်းထိုင်ဘုန်းတော်ကြီး စီစီလီယို ပေရက်ဇ် ခရူဇ် (Cecilio Perez Cruz)

လူဆိုးဂိုဏ်းအား ဆက်ကြေးပေးရန် ငြင်းဆိုခဲ့သော ကက်သလစ်ဘုန်းတော်ကြီး အသတ်ခံရ
မေလ ၂၀၊ ၂၀၁၉

အဲ ဆာလ်ဗာဒေါ နိုင်ငံ ဂွါတာမာလာ နယ်စပ်အနီး စိုစိုနိတ် (Sosonate Diocese)သာသနာနယ် စန် ဟိုဆေး လာ မာရဒါ (San Jose la Majada) သာသနာတိုက်နယ် အသက် ၃၈ နှစ် ရှိ ကျောင်းထိုင်ဘုန်းတော်ကြီး စီစီလီယို ပေရက်ဇ် ခရူဇ် (Cecilio Perez Cruz) အား အဲ ဆာလ်ဗာဒေါနိုင်ငံရှိ လူအများသိကြသော လူဆိုးဂိုဏ်းတစ်ခုမှ ဆက်ကြေးပေးရန် (ကာကွယ်ရေးအသုံးစရိတ်) ပေးရန် အကြိမ်ကြိမ် ငြင်းဆန်ခဲ့သော ကြောင့် မေလ ၁၈ ရက် စနေနေ့ ညက ဘုန်ကြီးကျောင်းတွင် အိပ်နေစဉ် သေနတ်ဖြင့် ပြစ်သတ်ခဲ့ပါသည်။

မနက် ၅ နာရီတွင် မနက်မေတ္တာရွတ်ဆိုရန် ဘုန်းတော်ကြီးအား လာရောက်ခေါ်သူမှ သေနတ်ဒဏ်ရာသုံးချက်ဖြင့်သေဆုံးနေသော ကျောင်းထိုင်ဘုန်းတော်ကြီး ပေရက်ဇ် ကိုတွေ့ရှိပြီး သတင်းပို့ခဲ့ပါသည်။ သူ၏ အိပ်ယာဘေး စားပွဲးပေါ်တွင် (အကြွေးမပေးသောကြောင့်) ဟု လက်ဖြင့်ရေးထားပြီး လူဆိုးဂိုဏ်း လက်မှတ် (Mara Salavatrucha) ထိုးထားသော စာတစောင်ကိုလည်း တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

စိုစိုနိတ် (Sosonate Diocese)သာသနာပိုင် ဆရာတော်မှ ဘုန်းတော်ကြီးအတွက် နှင့် ဝမ်းနည်းပူဆွေးနေကြသော သူ၏ မိဘ ညီကိုမောင်နှများအတွက် ဆုတောင်းပေးကြဖို့၊ ယင်းဖြစ်ရပ်သည် အလွန်ဝမ်းနည်ဖွယ်ရာဖြစ်ရပ် ဟု ထုတ်ဖော်ပြောကြားခဲ့ပါသည်။

အဲ ဆာလ်ဗာဒေါ အစိုးရမှလည်း ဘုန်းတော်ကြီး နှင့် မိသားစုဝင်၊ ကက်သလစ် ခရစ်ယာန်များအတွက် ဝမ်းနည်းကြောင်းထုတ်ဖော်ခဲ့ပြီး အသတ်ခံရသော ဘုန်းတော်ကြီး အတွက် တရားမျှတမှုဖော်ထုတ်ဖို့ သတ်သွားသူများကို ဖော်ထုတ် အရေးယူဖို့ ကို လည်း ဖော်ပြထားပါသည်။

အဲ ဆာလ်ဗာဒေါ နိုင်ငံသည် ကမ္ဘာပေါ် တွင် အကြမ်းဖက်မှု အများဆုံးဖြစ်သော နိုင်ငံများထည်းမှ တနိုင်ငံ အပါအဝင်ဖြစ်ပါသည်။ သတ်ဖြတ်မှုနုန်းစံချိန် သတ်မှတ် ဇယားတွင် လူတစ်သိန် ရှိသောနေရာတွင် ၅၀.၃ ရာခိုင်နုန်း လူသတ်မူ့ဖြစ်ပေါ်ကြောင်း တရက်လျှင် ၉.၂ ရာခိုင်နုန်း ဖြစ်ပေါ်လျှက်ရှိသော နိုင်ငံဖြစ်ပါသည်။

https://www.vaticannews.va/en/church/news/2019-05/priest-murder-el-salvador-criminal-gang.html

#priest, #killed, #elsalavador, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

4 + 14 =