လူစွမ်းကောင်းတွေကို ချီးမြင့်တဲ့ ဆုမှာ အင်ဒိုနီးရှားကက်သလစ်လူငယ်တစ်ဦးဆန်ခါတင်ရွေးချယ်ခံရ

လူစွမ်းကောင်းတွေကို ချီးမြင့်တဲ့ ဆုမှာ အင်ဒိုနီးရှားကက်သလစ်လူငယ်တစ်ဦးဆန်ခါတင်ရွေးချယ်ခံရ

လူစွမ်းကောင်းတွေကို ချီးမြင့်တဲ့ ဆုမှာ အင်ဒိုနီးရှားကက်သလစ်လူငယ်တစ်ဦးဆန်ခါတင်ရွေးချယ်ခံရ

အင်ဒိုနီးရှားကက်သလစ်လူငယ်တစ်ဦး လူစွမ်းကောင်းတွေကို ချီးမြင့်တဲ့ ( Kick Andy Heroes award) ဆု မှာ အသိအမှတ်ပြုမှုအတွက် အမည်စာရင်းတင်သွင်းခံရပါတယ်။

"Greg" လို့ လူသိများသော Albertus Gregory Tan ဟာ ၂၀၂၂ ခုနှစ် လူစွမ်းကောင်းတွေကို ချီးမြင့်တဲ့ဆုမှာ ဆန်ခါတင်စာရင်းဝင်တစ်ဦးဖြစ်လာခဲ့ပြီးသူဟာ ကက်သလစ်အသင်းတော်ရဲ့ လှုပ်ရှားမှုတွေမှာ အထူးဂရုစိုက်ပြီး အစပြုသူဖြစ်ပါတယ်။ Greg ဟာ ယခုအချိန်အထိ၊အင်ဒိုနီးရှားရှိ ဂိုဏ်းခွဲ ၂၇ ခုမှာ ကက်သလစ်ဘုရားကျောင်း ၁၆၁ ကျောင်းဆောက်လုပ်ရန် ကူညီပေးနိုင်ခဲ့သလို ကျောင်းသားအယောက် ၄၀ ကိုလည်း ပညာသင်ဆု ထောက်ပံ့ပေးနိုင်ခဲ့သူပါ။
သူ့ရဲ့ လုပ်ဆောင်မှုတွေကို အင်ဒိုနီးရှားမှာရှိတဲ့ ရုပ်သံဌာန Metro TV က စီစဉ်တဲ့ ရေပန်းအစားဆုံး စကားပြောဝိုင်းရှိုးတွေထဲက တစ်ခုဖြစ်တဲ့ Kick Andy က ရွေးချယ်တဲ့ လူတွေထဲက တစ်ယောက်ဖြစ်စေခဲ့ပါတယ်။

Kick Andy ဆိုတာက အင်ဒိုနီးရှားသတင်းထောက် နှင့်စာရေးဆရာတစ်ဦးဖြစ်ပြီး သတင်းအချက်အလက် နဲ့ လက်တွေ့ဘဝဇာတ်လမ်းများ၊ ပညာရေးနှင့် စိတ်အားထက်သန်မှုများကို တင်ဆက်သည့် ရုပ်မြင်သံကြားအစီအစဉ်တစ်ခုဖြစ်ပါတယ်။

လူစွမ်းကောင်းတွေကို ချီးမြင့်တဲ့ ဆု ပွဲကို တစ်နှစ်မှာ တစ်ကြိမ်ကျင်းပတတဲ့ Kick Andy TV Show မှ ပေါက်ဖွား လာတဲ့ပွဲတစ်ပွဲဖြစ်ပြီး လူ့အဖွဲ့အစည်း တွေကို ပံ့ပိုးကူညီမှုအတွက် သူရဲ ကောင်းများအဖြစ် သတ်မှတ်ခံရသူများ ဒါမှမဟုတ် သူတို့ရဲ့ အလုပ်မှတစ်ဆင့် ကြင်နာမှုနှင့် မျှော်လင့်ချက်များကို ပြန့်နှံ့ပေးတဲ့ ပုဂ္ဂိုလ်တွေကို လှုံ့ဆော်ပေးတဲ့ သူရဲကောင်းများအဖြစ် သတ်မှတ်ခံရသူများကို ဆုများပေးခြင်းဖြင့် ချီးမြှင့်ခြင်းဖြစ်ပါတယ်။

Kick Andy ကို မတ်လ ၁ ရက် ၂၀၀၆ မှာ စတင်ထုတ်လွှင့်ခဲ့ပြီး ထိုအချိန်မှစကာ ဆုပေးပွဲကို စတင်ခဲ့ခြင်းဖြစ်ပါတယ်။

Greg ဟာ Central Tapanuli Regency ရှိ ဘုရားကျောင်းသို့ သွားရောက်လည်ပတ်ပြီးနောက် ဤလူမှုရေးလုပ်ငန်းကို ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့တာပဲ ဖြစ်တယ်။

အဲ့ဒီနေရာမှာ ရှိတဲ့လူတွေကို အစေခံတဲ့ ဘုန်းကြီးဆီကိုသွားလည်ရင်းနဲ့ အဲ့ဒီအတွေ့အကြုံက နှလုံးသားမှာ စွဲထင်ကျန်ရစ်ခဲ့တယ် လို့ Greg က ဆိုပါတယ်။

အသက် ၃၁ နှစ်အရွယ် လူငယ် Greg ဟာ ဒီလှုပ်ရှားမှုကို အသက် ၂၀ နှစ်မှာ စတင်ခဲ့ပြီး အရှုံးပေးရလောက်အောင်ဒီ လှုပ်ရှားမှုကို စတင်ရန် သူ့အတွက် မလွယ်ကူလှကြောင်း

ကက်သလစ်လူငယ်များစွာသည် သူ့ကို အခြားသူများကို ကောင်းမှုပြုရန်လှုံ့ဆော်မှုဖြစ်လာသောကြောင့် ဆန်ခါတင်စာရင်းဝင်တစ်ဦးအဖြစ် သူ့ကို ထောက်ခံခဲ့ကြပါတယ်။

ငါသူ့ကိုသေချာမဲပေးပြီးထောက်ခံခဲ့တယ်" လို့ Greg ရဲ့သူငယ်ချင်းတစ်ဦးဖြစ်တဲ့ Asty Kulla ကပြောကြားခဲ့ပါတယ်။

ဒါက Greg Tan ကိုပံ့ပိုးရန် လင့်ခ်တစ်ခုဖြစ်တယ်။ bit.ly/KAH2022 ကိုနှိပ်ပါ။ နံပါတ် ၂ကို ရွေးချယ်ပါ။

မဲပေးရမည့်နောက်ဆုံးရက်မှာ မတ်လ ၉ ရက်၊ ၂၀၂၂ ဖြစ်ကြောင်း။

Greg လုပ်ခဲ့တာက ဘုရားကျောင်း ဆောက်ရုံတင်မကဘဲအဖွဲ့အစည်းတွေကြားထဲမှာတလုံးတဝတည်းရှိအောင် လုပ်ဆောင်နိုင်ခဲ့တယ်။

"ဒီလှုပ်ရှားမှုက လူအများကို မျှဝေခြင်းရဲ့ အဓိပ္ပာယ်ကို သတိပြုမိစေခဲ့ပါတယ်။အသင်းတော်က လူတွေရဲ့ နောက်ခံအကြောင်းတရားကိုကြည့်ပီး မစီရင်မဆုံးဖြတ်ဘူး။ ဒီလိုမျိုး စိတ်ဓာတ်ဟာဆိုရင် လူတွေအများ ကြိုးစားပြီးကြွေးကြော်တဲ့ တသွေးတသားတည်းရှိ တဲ့ စိတ်ဓာတ်ပါပဲ" လို့ Greg က ပြောကြားခဲ့ပါတယ်။

ဘာသာပြန်- အာဗီအေမြန်မာ

https://bit.ly/3BOWjVj

Add new comment

1 + 1 =