လူငယ်များ ယုံကြည်ခြင်းပြန်လည်ရှင်သန်လာစေရေးရှေ့ရူ၍အင်ဒိုနီးရှားနိုင်ငံ၌ လူငယ်များအတွက်အွန်လိုင်း တွေ့ဆုံပွဲကျင်းပ

လူငယ်များ ယုံကြည်ခြင်းပြန်လည်ရှင်သန်လာစေရေးရှေ့ရူ၍အင်ဒိုနီးရှားနိုင်ငံ၌ လူငယ်များအတွက်အွန်လိုင်း တွေ့ဆုံပွဲကျင်းပ

လူငယ်များ ယုံကြည်ခြင်းပြန်လည်ရှင်သန်လာစေရေးရှေ့ရူ၍အင်ဒိုနီးရှားနိုင်ငံ၌ လူငယ်များအတွက်အွန်လိုင်း တွေ့ဆုံပွဲကျင်းပ

            မကြာမီကကျင်းခဲ့သော လူငယ်များနှင့်အွန်လိုင်းမှတွေ့ဆုံခဲ့သည့်အစီအစဉ်သည် လူငယ်တို့၏ယုံကြည်ခြင်းကို လွန်စွာပြန်လည်အသက်၀င်ရှင်သန်လာစေခဲ့ပြီး၊ သာသနာ၏အစီအစဉ်များ၌လည်း တက်ကြွစွာပါ၀င်လာကြောင်းတွေ့ရှိ ရသည်ဟုဆိုပါသည်။ အစီအစဉ်၏ရည်ရွယ်ချက်မှာ ကိုးဗစ်ကြောင့် လူမှုအသိုင်းအ၀ိုင်းနှင့်ပါ၀င်ပတ်သက်မှုမရှိခဲ့သည် မှာနှစ်နှင့်ချီကြာနေသော လူငယ်များလူမှုရေးစိတ်ဓာတ်များပြန်လည်ရှင်သန်ရေး၊ ချိပ်ဆက်လုပ်ဆောင်တတ်ရန်၊ သင်ယူရန်၊ ဆုတောင်းရန်နှင့်ရင်းနှီးချစ်ခင်ရန်ဖြစ်သည်။ ဤအစီအစဉ်ကို အင်ဒိုနီးရှားနိုင်ငံ၏ ကက်သလစ်ဆရာတော် ကြီးများအဖွဲ့ချုပ်၏ လူငယ်တာ၀န်ခံရုံးမှ မတ်လ (၂၅၊ ၂၆) ရက်များတွင် ကြီးမှူးကျင်ပခြင်းဖြစ်သည်။ 

            အစီအစဉ်၌ လူငယ် (၂၁၄) ဦးပါ၀င်ခဲ့ကြောင်း၊ ဤအစီအစဉ်ကို ‘Christus Vivit (Christ is alive)’ (ခရစ္စတူးသခင် အသက်ရှင်သည်) ဟုအမည်ပေးထားသည်။ လူမှုဆက်ဆံရေး၊ အချင်းချင်းပြန်လည်ချိပ်မိခြင်းနှင့်ဆု တောင်းခြင်းဖြင့် ပုံမှန်မဟုတ်ဘဲဖြစ်နေခဲ့သော နေထိုင်မှုဘ၀ပုံစံကို ပုံမှန်ပြန်လည်ဖြစ်လာစေရန်ဖြစ်သည်။ ပါ၀င်ခဲ့ကြ သောလူငယ်များသည် အသက်ရှင်တော်မူသောခရစ္စတူးအကြောင်း၊ အမိသာသနာတော်၏စည်းမျဉ်းဥပဒေများကိုသိရှိ လာရပြီး ၄င်းတို့၏နေ့စဉ်အသက်တာ၌ လက်တွေ့ကျကျရှင်သန်ခြင်း၊ သာသနာ၏အမှုတော်များအား တတ်နိုင်သ လောက်ပါ၀င်ဆက်ကပ်ခြင်းများကိုလုပ်ဆောင်လာကြသည်။ ၄င်းတို့သည် အခြားသော ကလေးသူငယ်၊ လူငယ်၊ ကျောင်းသား၊ အလုပ်လုပ်နေသောလူငယ်နှင့်လူငယ်အိမ်ထောင်သည်စသောအဖွဲ့များစွာကို ကိုယ်စားပြုသည်။

            (၂၀၁၈) ခုနှစ်က လူငယ်ဆိုင်ရာအစည်းအ‌ေ၀းကြီးကိုကျင်းပခဲ့ရာ ထိုအစည်းအ‌ဝေး ကြီးအတွက် ရဟန်း မင်းကြီးက ‘Christus vivit’ (အသက်ရှင်သောခရစ္စတူး) စာချွန်တော်ကို ရေးသားထုတ်‌ေ၀ခဲ့သည်။ ဤစာချွန်တော် သည် လူငယ်များ၏ယုံကြည်ခြင်းနှင့် အလုပ်အကိုင် ရွေးချယ်မှုဆိုင်ရာလမ်းညွှန်ချက်များထည့်သွင်းဖော်ပြထားသည်။ ကပ်ရောဂါဆိုးကြောင့် လူငယ်များသည် လူမှုအသိုင်းအ၀ိုင်းနှင့်ရင်းနှီးထိတွေ့မှုများပြတ်တောက်ခဲ့ပြီး၊ လူမှုကွန်ရက် များ၊ ဖုန်းများမှသာထိတွေ့မှုရှိနေခဲ့သည်။ ကျောင်း၊ ကောလိပ်၊ အလုပ်သွားရန်လည်းအခြေအနေမပေးဘဲ နည်းပညာ၏ အကူအညီဖြင့်သာစာသင်ရ၊ အလုပ်လုပ်နေခဲ့ကြရသည်။ စာချွန်တော်နှင့်ပတ်သက်၍ ယခုတွေ့ဆုံပွဲ၌ လူငယ်များအား များအတတ်နိုင်ဆုံးရှင်းပြပေးခဲ့ကြောင်း၊ လူငယ်များအား စစ်မှန် သောချစ်ခြင်း မေတ္တာ၌အချင်းချင်း လက်ခံဆက်ဆံတတ် ရန်၊ နားထောင်နာခံတတ်ရန်၊ ချိပ်ဆက်မှုမပြတ်စေလိုပေ။ စုံစမ်းနှောက်ယှက်ခြင်းနှင့်စိန်ခေါ်မှုများကိုကြုံနေရသောလူ ငယ်တစ်ဦးချင်းဆီသို့ချဉ်းကပ်မှုအသစ်၊ နားလည်လက်ခံလွယ်သော ဆန်းသစ်မှုတို့ဖြင့် ရှင်းပြလမ်းညွှန်ရန်လိုအပ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ ကက်သလစ်ဆရာတော်ကြီး များအဖွဲ့ချုပ်၏ လူငယ်တာ၀န်ခံ ဖာသာရ် Kristi  ကဖြေကြားခဲ့သည်။       

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3xBxgoI

 

Add new comment

5 + 14 =