လူငယ်များ၏နွေရာသီစခန်းချသင်တန်းသည် ‘လူ့အသက်အတွက်တောင်းဆိုချက်’ သို့ဦးတည်

လူငယ်များ၏နွေရာသီစခန်းချသင်တန်းသည် ‘လူ့အသက်အတွက်တောင်းဆိုချက်’ သို့ဦးတည်

လူငယ်များ၏နွေရာသီစခန်းချသင်တန်းသည် ‘လူ့အသက်အတွက်တောင်းဆိုချက်’ သို့ဦးတည်

            ဥရောပ၏‌နွေရာသီသည် မြန်မာနိုင်ငံနှင့်ဆန့်ကျင့်ဖက်ဖြစ်သည်။ ခါတိုင်းနှစ်ဆိုလျင် မြန်မာနိုင်ငံ၌ ဇွန်လသည် ကျောင်းပြန်ဖွင့်သောလဖြစ်သည်။ ဥရောပ၌စာမေးပွဲဖြေ၍ ကျောင်းပိတ်စပြုသောလဖြစ်သည်။ ထို့ကြောင့်နွေရာသီ၏ အစီအစဉ်များ သာသနာအသီးသီး၌မှိုလိုရေးဆွဲပေါ်လာပါတော့သည်။

            ကယ်လီဖိုးနီးယားပြည်နယ်၌ ကက်သလစ်ဆယ်ကျော်သက်များအတွက် (၅) ရက်တာသင်တန်းပြုလုပ်မည်ဖြစ် သည်။ အဆိုပါသင်တန်း၌ ယနေ့ကမ္ဘာကြီးအား ‘သတ္တိရှိရှိ၊ အသံကျယ်ကျယ်ဖြင့် လူ့အသက်ကိုကာကွယ်ရန်’ တောင်းဆို ဝံ့အောင်ပျိုးထောင်ပေးရန်ရည်ရွယ်ထားသည်။ သင်တန်းကိုလာမည့် ဇူလိုင်လ (၁၈-၂၃) ရက်နေ့အထိ ဆန်တီယားဂို ဥပုဒ်ဂေဟာ၌ကျင်းပမည်ဖြစ်သည်။ ကယ်လီဖိုးနီးယားသာသနာက ထိုသင်တန်းရက်များအတွင် မစ္ဆား၊ ဆုတောင်းခြင်း နှင့်အခြားသောလှုပ်ရှားမှုများကိုတာ၀န်ယူဦးဆောင်ပေးသွားမည်ဖြစ်သည်။ 

       သင်တန်းကို ‘Vox Vitae’ လူ့အသက်ကို ကယ်ဆယ်ကူညီရေး ကက်သလစ်ဘာသာရေးအသင်းအဖွဲ့မှစီစဉ်မည်ဖြစ်သည်။ အဓိကရည်ရွယ်ချက်မှာ အမိကက်သ လစ်သာသနာ၏ယုံကြည်ခြင်းကိုချစ်တတ်ရန်နှင့်နားလည်ရန်၊ ထို့အတူဆယ်ကျော်သက်များနှင့်အရွယ်ရောက်လူပျို၊ အ ပျိုပေါက်အရွယ်များအား ‘လူ့အသက်ကာကွယ်ရာ၌ မရှက်မကြောက်ထုတ်ဖော်ပြောဆိုရဲရန်’ အားပေးအားမြှောက်သွား မည်ဖြစ်သည်။ သင်တန်းကာလ၌ အဟောအပြောကောင်းသောကျော်ကြားသူများကိုဖိတ်ကြားဟောပြောစေမည်။ ဆွေး နွေးတတ်အောင်လေ့ကျင့်ပေးမည်။ စက္ကရာမင်တူးများကိုလည်းနေ့စဉ်ပါ၀င်ခံယူစေပြီး၊ သာသနာတော်ကြီးသန့်ရှင်းရန် သာမဟုတ်။ ၄င်းတို့ကိုယ်တိုင်၊ ၄င်းတို့အလုပ်များသည်လည်း သန့်ရှင်းရမည်ဆိုသည့်အသိကိုထည့်သွင်းပေးမည်။ သို့မှ သာလူ့အသက်ကိုကာကွယ်ခြင်းသည် အခွင့်အရေးတစ်ခုဖြစ်ပြီး၊ သက်တမ်းစေမှသာကွယ်လွန်းခြင်းသည်သာ တရား နည်းလမ်းကျသည့်အသိကိုလည်းထည့်သွင်းပေးမည်ဖြစ်သည်။      

            ယခုသင်တန်းသည် လူငယ်ကိုယ်တိုင်ကိုယ်ကျပါ၀င်တက်ရောက်သည့်သင်တန်းဖြစ်သည်။ သို့သော် အခြေအနေ အမျိုးမျိုးကြောင့် ကိုယ်တိုင်မတက်ရောက်နိုင်ပါက အွန်လိုင်းမှလည်းတက်ရောက်နိုင်ရန်လည်းစီစဉ်ထားသည်။ သင် တန်းတက်ရောက်နိုင်သောအသက်အပိုင်းအခြားမှာ (၁၄-၁၉) နှစ်အထိဖြစ်သည်။ သင်တန်း၌ပါ၀င်ကြမည့်သူများသည် လူ့အသက်သတ်ဖြတ်ခြင်းနှင့်ပတ်သက်၍ အထူးသဖြင့်သန္ဓေဖျက်ချခြင်း၊ ရောဂါဝေဒနာခံစားနေရ၍သနားသော ကြောင့်ဆေးထိုးသတ်ပေးခြင်းကဲ့သို့သော သက်တမ်းစေ့၍မဟုတ်ဘဲလုပ်ဆောင်နေခြင်းနှင့်ပတ်သက်၍ အမိကက်သလစ်သာသနာတော် ကြီးကသင်ကြားပေးနေသောအမှန်တရားများကိုသိရှိခွင့်ရမည်ဖြစ်သည်။ ထို့အတူ စင်ကြယ်ခြင်း (လိင်မှုကိစ္စ)နှင့်သန့်ရှင်းခြင်းအကြောင်း၊ လိင်တူအပြုအမှုများကြောင့်ကြုံလာနိုင်သောဘေးဆိုးများအကြောင်းနှင့်လိင် ပြောင်းသည့်ကိစ္စများအကြောင်း၊ ဤကိစ္စများနှင့်ပတ်သက်၍နိုင်ငံတော်နှင့်လူမှုအသိုင်းအဝိုင်း၏၀င်ရောက်စွပ်ဖက်မှုများကိုသတိကြီးစွာထားရမည့်အကြောင်းများကိုပို့ချသွားမည်ဖြစ်သည်။

            သင်တန်း၏နေ့စဉ် ပို့ချချက်များ၌ ခိုင်မာသောခေါင်းစဉ်များဖြင့်ပို့ချပေးမည်ဖြစ်သည်။ ထိုပို့ချချက်ထဲ၌ ‘ကက်သ လစ်သာသနာတော်ကြီး၏သွန်သင်ချက်’ ‘လူ့ဘ၀ကိုကာကွယ်စို့ ၁၀၁’ နှင့် ‘လက်တွေ့ဖော်ဆောင်ခြင်း’ ‘လူ့အသက်ကာကွယ်ရန် လိုအပ်သောအကြံဉာဏ်ပေးခြင်း၊’ ‘ကျားမဆိုင်ရာအတွေးအခေါ်၊’ ‘မိမိကိုယ်ကိုသေကြောင်း ကြံသူများအား ဆရာ၀န်များ၏အကူအညီဖြင့်ပြန်လည်ထူထောင်ခြင်း၊’ ‘လူ့ခန္ဓာကိုယ်ကိုဘုရားဖန်ဆင်းခဲ့ရခြင်းအ ကြောင်း၊’ နှင့် ‘အမေးအဖြေ’ များလည်းထည့်သွင်းထားသည်။ သင်တန်းသားများသည် ဆန်ဖရန်စစ္စကို၏ဂိုဏ်းချုပ် ဆရာတော် Salvatore Cordileone၊ လော့စ်အိန်ဂျယ်သာသနာပိုင်ဆရာတော် David O’Connell ၊ Illinois ပြည်နယ်၊ Springfield သာသနာပိုင်ဆရာတော် Thomas Paprocki    ၊ တက်ဆက်စ်ပြည်နယ်၊ Tyler သာသနာပိုင် ဆရာတော် Joseph Strickland တို့၏အသံဖိုင်လ်မိန့်ခွန်းများကိုလည်းကြား နာရမည်ဖြစ်သည်။ ယခုဤသင်တန်းကိုဦး စီးစီစဉ်ပေးသောအဖွဲ့ဖြစ်သည့် Vox Vitae (အသက်အတွက်ထုတ်ဖော်ပြောကြပါ) သည် လူ့အသက်ကိုကာကွယ်ရန် ပညာနေသော၊ တာ၀န်ယူထားသော၊ ၀ိညာဉ်ရေး၌လည်းကျင့်ကြံရှင်သန်နေသောအဖွဲ့၀င်များဖြင့်ဖွဲ့စည်းထားသော အလွန်တက်ကြွသည့် ကက်သလစ်ဘာသာရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။        

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : CNA/Google Images

https://bit.ly/3vW3NlT

Add new comment

13 + 1 =