လူငယ်များအတွက် အလုပ်ရရှိရန် ဆီးရီးယားမှ ဘုန်းတော်ကြီး တစ်ပါးက မုန့်ဖို ပြုလုပ်

လူငယ်များအတွက် အလုပ်ရရှိရန် ဆီးရီးယားမှ ဘုန်းတော်ကြီး တစ်ပါးက မုန့်ဖို ပြုလုပ်

ဗီယဲနာ မှ Melkite ဘုန်းတော်ကြီး တစ်ပါးဟာ လူငယ်များ ရဲ့ အနာဂတ်နဲ့ အလုပ်အကိုင် အခွင့်အလမ်းရှိစေဘို့ မုန့်ဖို မုန့်တိုက် တစ်ခု စီစဉ်ပြုလုပ်လိုက်ပါတယ်။

စစ်ပွဲသာမက ကိုဗစ်ကပ်ဘေးကြားမှ ဘုန်းတော်ကြီး Fr.Hanna Ghonem ဟာ ဒမတ်စ္စကူးမြို့မှ ၁၂ မိုင် အကွာအဝေးမှာ မုန့်တိုက် တခု ကို အောင်မြင်စွာ ဆောက်လုပ်နိုင်ခဲ့ကြောင်း

မိသားစု တစ်သောင်း အတွက် အဆင့်မြင့်မြင့် အရသာရှိတဲ့ ပေါင်မုန့် များကို ပြုလုပ်မည်ဖြစ်ကာ လူငယ် အယောက် ၄၀ ကျော်ကို အလုပ်ခန့်အပ်မှာဖြစ်ကြောင်း

ဆီးရီးယားဟာ ခရစ်ယာန်တို့ရဲ့ အမိမြေဖြစ်တယ်။ ခရစ်ယာန်တွေ အိမ်ပစ်ပြီး ထွက်မသွားကြတာကို ကျွန်ုပ်တို့ အရမ်းစိတ်၀င်စားတယ်။
ဆီးရီးယားဟာ ခရစ်ယာန်တွေရဲါ အကူအညီလိုအပ်ပါတယ်။ ဒီ ပေါင်မုန့်တွေဟာ ခရစ်ယာန်ပဲ ဖြစ်ဖြစ် မွတ်စလင်ပဲဖြစ်ဖြစ် အားလုံးနဲ့ ဆိုင်တဲ့ ပေါင်မုန့်တွေဖြစ်ပါတယ်။ သခင်ခရစ်တော်ကလည်း အားလုံးကိုဝေငှဘို့ ပြောခဲ့တယ်မဟုတ်လားလို့ ဘုန်းတော်ကြီး ဖာသာရ် ဟာနာ က ဆိုပါတယ်။

ပေါင်မုန့်ဖို ဟာယခု အခါ ဖွင့်လစ် လိုက်ပြီဖြစ်ကြောင်းနဲ့ နည်းများမဆို လျှူဒါန်းသူများ၊ သြစတီးယား နဲ့ ဂျာမနီ တို့ရဲ့ အကူ အညီနဲ့ ဒီပေါင်မုန့်ဖို ကို တည်ဆောက်ခဲ့​သည် ဆိုခြင်းကို Rome Reports သတင်းအရ သိရှိရပါတယ်။

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊SJA

Photo courtesy of : Rome Reports

https://bit.ly/3nnz4tk

Add new comment

8 + 1 =