လူငယ်များရဟန်းမင်းကြီးဖရန်စစ်အားလက်ပတ်လက်ဆောင်ပေးခဲ့ကြ

လူငယ်များရဟန်းမင်းကြီးဖရန်စစ်အားလက်ပတ်လက်ဆောင်ပေးခဲ့ကြ

ရဟန်းမင်းကြီးဖရန်စစ်သည် ကမ္ဘာ့လူငယ်များနေ့ဖြစ်မြောက်ရေးအတွက်လုပ်အား ပေးခဲ့ကြသူတို့နှင့်တွေ့ဆုံ၍ကျေးဇူးတင်ခဲ့သည်။

ထိုတွေ့ဆုံမှု၌ ယခုလုပ်အားပေးသူများထဲ၌ပါ၀င်သူများအနေဖြင့် အကူ အညီ၊ အခက်အခဲများလိုအပ်နေသူတစ်ဦးထံသို့သွားရောက်လည်ပတ်စေပြီး မိမိလည်ပတ်ခဲ့သောသူ၏အ မည်ကို ‘လက်ပတ်’ တွင်ရေးထိုးထားခိုင်းပြီး ထိုလက်ပတ်ကိုတစ်ပတ်တိတိ (ကမ္ဘာ့လူငယ်များနေ့ကျင်းပသည့်တစ်လျှောက်) ပတ်ထားရန်တိုက်တွန်းခဲ့ပြီး ပုပ်ရဟန်းမင်းကြီးအားဆက်သခြင်းဖြစ်ကြောင်းရှင်းပြခဲ့သည်။

ထို့နောက်အဆိုပါလုပ်အားပေးလူငယ်က အမျိုး သမီးငယ်နှစ်ဦးအားရှေ့သို့ထွက်လာစေကာ တစ်ဦးကရဟန်း မင်းကြီးအား ‘လက်ပတ်’ တစ်ခုကိုရဟန်းမင်းကြီး ၏လက်ကောက်၀တ်၌ချည်ပေးလိုက်သည်။

ထိုအမျိုးသမီး ငယ်က ‘ကျွန်မတို့ဆေးရုံ၊ အကျဉ်းထောင်၊ သက်ကြီးရွယ်အို၊ မကျန်းမမာသူတွေ၊ မသန်စွမ်းတွေကိုစောင့် ရှောက်တဲ့ဂေဟာတွေကိုသွားရောက်ခဲ့တယ်။ အခုလိုပြုလုပ်ရခြင်းက ကျွန်မတို့လည်ပတ်တွေ့ဆုံခဲ့တဲ့သူတွေကိုလည်း ကျွန်မတို့နဲ့အထူရှိစေချင်လို့ပါ။ ဒါပေမယ့်ကာယအားဖြင့်ရှိနိုင်ဖို့ကမဖြစ်နိုင်တာကြောင့် လက်ပတ်တွေအပေါ် သူတို့ရဲ့နာမည်တွေကိုရေးချစေခဲ့တယ်။ အဲ့ဒီနာမည်ပါတဲ့လက်ပတ်ကိုကျွန်တော်၊ ကျွန်မတို့လုပ်အားပေးသူတွေလက်ထဲ ဒီကမ္ဘာ့လူငယ်နေ့ကျင်းပတဲ့တစ်ပတ်တာလုံးမှာဆောင်ထားခိုင်းတယ်။

ရဟန်းမင်းကြီးက ဒီကမ္ဘာ့လူငယ်များနေ့မှာ လူငယ်တွေကိုတိုက်တွန်းသလိုပါဘဲ။ ဘုရားသခင်ဟာ ကျွန်တော်၊ ကျွန်မတို့ကိုနာမည်တစ်ခုနဲ့ခေါ်တယ်။ အဲ့ဒီနာမည်နဲ့ကျွန်တော်၊ ကျွန်မတို့ဟာ မကြောက်မရွံ့ဘဲ ကမ္ဘာကြီးကိုပြုပြင်ပြောင်းလဲပေးနိုင်တယ်လိုယုံကြည်တယ်။ ကမ္ဘာကြီးကိုပြုပြင်ပြောင်းလဲဖို့ဆိုတာလည်း ဇစ်မြစ်ရှိရမယ်ဆိုတာကိုလည်းမမေ့သင့်ပါဘူး။ အဲ့ဒီဇစ်မြစ်ကတော့ဘုရားပါဘဲ။ ဘာကြောင့်လဲဆိုရင် ဘုရား သခင်အတွက်နဲ့ရဟန်းမင်းကြီးအတွက်က လူတိုင်းဟာအရေးကြီး၊ အရေးပါတယ်။ အရာရောက်တယ်။ လူတိုင်း၊ လူတိုင်းကိုပြောတာနော’ ဟု ရှင်းပြခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

http://bitly.ws/RBpR

Add new comment

3 + 10 =