လူငယ်များအား ဖြူစဉ်ခြင်းပါရမီ ရယူသိမ်းပိုက်ရန် ရဟန္တာ Stanislaus သင်ကြား

လူငယ်များအား ဖြူစဉ်ခြင်းပါရမီ ရယူသိမ်းပိုက်ရန် ရဟန္တာ Stanislaus သင်ကြား
သြဂုတ်လ ၁၆၊ ၂၀၁၈

https://www.vaticannews.va/…/pope-francis-450-saint-stanisl…

#stanislaus, #youth, #poland, #pope, #vatican, #peterkm,
Photo credits to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

ရဟန္တာ Stanislaus အား ဘုရားသခင်ပြန်လည်သိမ်းပိုက်ခြင်း နှစ် ၄၅၀ ပြည့် နှစ်ပတ်လည်အခန်းအနားသို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ သဝဏ်လွှာပေးပို့ခဲ့ပါသည်။
ရဟန္တာ Stanislaus Kostka သည် ပိုလန်နိုင်ငံမှ ရဟန္တာ တစ်ပါးဖြစ်ပါသည်။ သူသည် သြဂုတ်လ ၁၅၊ ၁၅၆၈ ခုနှစ် အသက် ၁၇ အရွယ် ရဟန်းဖြစ်သင်ကျောင်းသားဘဝတွင် ရောမမြို့၌ ဘုရားသခင် ပြန်လည်သိမ်းပိုက်ခံရသော ဂျေဆွစ် အသင်းဂိုဏ်းဝင် ရဟန္တာတစ်ပါးဖြစ်ပါသည်။
သင်၏ ဇာတိနှင့် ဂျေဆွစ် အသင်းဂိုဏ်း၏ အကောင်းဆုံးများထဲမှ တစ်ဦး ဟု ရဟန္တာ ကို အကြောင်းပြုပြီး ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်မှ ရဟန္တာ ၏ မွေးရပ်ဇာတိရှိ ဆရာတော်ထံ ပေးပို့သောစာတွင် ရေးသားခဲ့ပါသည်။

အသက်ငယ်ရွယ်စဉ်ဘဝမှာဘုရားသခင် သိမ်းပိုက်သွားသော ရဟန္တာ Stanislaus ကိုအကြောင်းပြုပြီး ပိုလန်နိုင်ငံရှိ ရဟန္တာ Stanislaus ပွဲမှာပါဝင် ကျင်းပနေကြသော လူငယ်များကို သင်တို့သည် သခင်ခရစ်တော် ၏ ချစ်ခြင်းမေတ္တာ နှင့်ကျေးဇူးတော်အားဖြင့် ခွန်အားသစ်များခံယူ၍ ရဲရင့်ကြလောဟု ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ် မှ အားပေးခဲ့ခြင်းဖြစ်သည်။
လွတ်လပ်မှုဖြင့်ကို ဘဝကိုရွေးချယ်ခြင်းသည် အကန်းဆုံးဖြတ်ချက်မဟုတ်။ ထိုအရာသည် မိမိမျှော်လင့်သောအရာကို ရရှိရန် ကိုယ့်ရည်ရွယ်ချက်ကိုစမ်းစစ်သော အရည်အချင်းသာဖြစ်သည်။ ထိုရည်ရွယ်ချက်ကို လက်တွေ့လုပ်ဆောင်မှုဖြင့်ရယူကြရန်
သခင်ခရစ်တော်ထံမှလာသောပျော်ရွှင်မှု့ကို စွန့်စားရယူဖို့ မကြောက်ရွံကြရန် ရဟန္တာ Stanislaus ၏ ဆောင်ပုဒ် ဖြစ်သော (ငါသည်ကြီးမြတ်သော အရာများအတွက်မွေးဖွားခဲ့သည်) ကို အခြေခံပြီး လူငယ်များအား အားပေးဆုံးမစာ ပေးပို့ခဲ့ပါသည်။

ဗာတီကန်သတင်းဌာနမှ ကောက်နုတ်ဖော်ပြပါသည်။

Add new comment

1 + 0 =