လူငယ်များဟာ သူတို့ကို ထောက်ပံ့ပေးမည့် အသင်းတော်ကို ရှာဖွေနေကြတယ်

မနီလာမြို့ ဂိုဏ်ချုပ်ဆရာတော် ရဟန်းမင်းအမတ် ကာဒီနယ် လွီးစ် အန်တိုနီရို တာ့ ကလေ

လူငယ်များဟာ သူတို့ကို ထောက်ပံ့ပေးမည့် အသင်းတော်ကို ရှာဖွေနေကြတယ်
ဇူလိုင်လ ၂၂၊ ၂၀၁၉

ယခုနှစ် ၂၀၁၉ သည် ဖိလစ်ပိုင်နိုင်ငံအတွက် လူငယ်များ နှစ်အဖြစ်သပ်မှတ်ထားပြီး တဆက်တည်းမှာပဲ ၂၀၂၁ ခုနှစ်တွင် ကျင်းပမည့် ကက်သလစ်ခရစ်ယာန် ယုံကြည်ခြင်း ဖိလစ်ပိုင်ငံသို့ရောက်ရှိခြင်း နှစ် ၅၀၀ ပြည်အတွက် ၉ နှစ်စီမံကိန်းဖြင့် ပြင်ဆင်လာခဲ့သော အချိန်ကလအတွင်း ၆ နှစ်မြှောက် အချိန်ကာလထိ ရောက်ရှိလာပြီဖြစ်ပါသည်။

ယင်း နှင့်ဆက်စပ်ပြီး ဇူလိုင်လ ၁၉ ရက်မှ ၂၁ ရက်ထိ အသစ်သော သာသနာပြုခြင်း ခေါင်းစဉ်ဖြင့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ စန်တို တိုမတ်စ် တက္ကသိုလ် တွင် ပြုလုပ်သော ညီလာခံတွင် မနီလာမြို့ ဂိုဏ်ချုပ်ဆရာတော် ရဟန်းမင်းအမတ် ကာဒီနယ် လွီးစ် အန်တိုနီရို တာ့ ကလေ မှ တက်ရောက်လာသူ ၅၀၀၀ ကျော်အား အမှန်တရားရှာဖွေနေသော လူငယ်များကို သူတို့၏ ဘဝလမ်းခရီးတွင် အတူရှိနေပေးကြဖို့ သတိပေးတိုက်တွန်းခဲ့ပါသည်။ သခင်ခရစ်တော်နှင့် လျှောက်လှမ်းနေသော ဖိလစ်ပိုင်လူငယ်များ ဟူသော ညီလာခံ ၏ ခေါင်းစည်းကို အခြေခံပြီး ဖိလစ်ပိုင် လူငယ်များ၏ ဝိညာဉ်ရေးအသက်တာ၊ ယုံကြည်ခြင်း တိုးပွားခြင်းနှင့် ခွန်အား ပေးခြင်းများအပေါ် အဓိကထားပြောကြားခဲ့ပါသည်။

Daet သာသနာနယ် ဆရာတော် Rex Andrew Alarcon မှလည်း လူကြီးများမှ လူငယ်များကို ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ စံနမူနာကောင်းများပြသပေးကြဖို့၊ လူငယ်များ၏ မေးခွန်းများ သိလိုသော အချက်များကို အားလုံးမဖြေပေးနိုင်ရင်တောင်မှ လူငယ်တို့ရဲ့ ဘဝ အသက်တာမှာ သူတို့နဲ့အတူလျှောက်လှမ်းနေတယ် အတူရှိနေတယ် ဆိုတာ ကို ခံစားစေရမည် ဟုပြောကြားခဲ့ပြီး။

လာ၍ကြည့်ကြပါ ဟု ပြောနိုင်သော စံနမူနာယူနိုင်သည့် ပုဂ္ဂိုလ်များ ဖြစ်နိုင်ကြဖို့ ကြိုးစားဖို့လိုအပ်ကြောင်း ကက်သလစ် သာမာန်လူဝတ်ကြောင် တရားဟောဆရာ ဗိုဆန်ချက် Bo Sanchez မှ အားပေးပြောကြားခဲ့ပါသည်။ UCANEWS မှ သတင်းကို ဗာတီကန်သတင်း ဌာနမှကောက်နုပ်ဖော်ပြပေးပါသည်။
By Kyi Maung
Photo credit to Vatican News and UCANEWS

https://bit.ly/2M1bJhw

Add new comment

6 + 10 =