လူငယ်တက်ကြွလှုပ်ရှားသူများမှ နိုင်ငံတကာ ဘာသာမတူသူများအတူတကွ တွေ့ဆုံစုရုံးကြခြင်းတွင် တရားမျှတမူ နှင့် သဘာဝပတ်ဝန်းကျင်ပြောင်းလဲ​ရေးအပေါ် လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ကြခြင်း

တို့အတူတကွ မလုပ်ဆောင်ကြလျှင် တို့အားလုံး အရှုံး နှင့် ရင်ဆိုင်ကြရမယ်

လူငယ်တက်ကြွလှုပ်ရှားသူများမှ နိုင်ငံတကာ ဘာသာမတူသူများအတူတကွ တွေ့ဆုံစုရုံးကြခြင်းတွင် တရားမျှတမူ နှင့် သဘာဝပတ်ဝန်းကျင်ပြောင်းလဲ​ရေးအပေါ် လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ကြခြင်း
သြဂုတ်လ ၂၀၊ ၂၀၁၉

ဂျာမနီ နိုင်ငံ လင်ဒေါင် ရှေးဟောင်းသမိုင်းဝင်မြို့​လေးတွင် သြဂုတ်လ ၂၀ ရက်မှ ၂၃ ရက်ထိ ဆယ်ကြိမ်မြောက် ဘာသာတရားများ ငြိမ်းချမ်းရေး ညီလာခံတစ်ရပ် ကို ပြုလုပ်ခဲ့ပါသည်။

ဘာသာမတူသူများအတူတကွ တွေ့ဆုံစုရုံးကြပြီး ငြိမ်းချမ်းရေး၊ အကြမ်းဖက်တိုက်ခိုက်မူ၊ သဘာဝပတ်ဝန်းကျင်ပြောင်းလဲလာမူ၊ တည်ငြိမ်အေးချမ်းသောဖွံဖြိုးမူနှင့် ရွေ့ပြောင်းနေထိုင်သူများ အရေးများ ကို ဆွေးနွေခဲ့ကြပါသည်။

ယင်းဆွေးနွေးပွဲကို နိုင်ငံပေါင်း တစ်ရာကျော်မှ တက်ကြွလှုပ်ရှားသူ လူငယ်ပေါင်း တစ်ထောင်ကျော် နှင့် ဘာသာရေးအဖွဲ့အစည်းများ၏ ကိုယ်စလှယ်များ၊ နိုင်ငံတော်အစိုးရအဖွဲ့အစည်းများ၏ ကိုယ်စလှယ်များ၊ ဘက်ပေါင်းစုံမှ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ ပါဝင်လျှက်ရှိပါသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာ နိုင်ငံမှ အသက် ၂၅ အရွယ် တက်ကြွလှုပ်ရှားသူ မ မီရာ စန်းတော့ရှ် မှ ပါဝင်ဆွေးနွေးခဲ့ပါသည်။

မ မီရာ စန်းတော့ရှ် မှ ကမ္ဘာကြီးမှ ဆုံးဖြတ်ပေးတဲ့အတိုင်း ရရှိလာတဲ့အကျိးးဆက်တွေနဲ့အသက်ရှင်ကြမည့်သူတွေဟာ ကျွန်မတို့တတွေပဲဖြစ်တယ်၊ အများကောင်းကျိုးအတွက် ကောင်းမွန်သောပြောင်းလည်းမူများပြုလုပ်ဖို့ ဆန္ဒရှိပေမဲ့လည်း ဘယ်လိုလုပ်ရမှန်းသိဖို့ ခက်ခဲ​နေကြတယ်၊ ကျွန်​မအနေနဲ့ ကျွန်မ နိုင်ငံဖြစ်တဲ့မြန်မာပြည်ကအခြေအနေပဲသိတာပါ၊ ဒါပေမဲ့ဒီလို တွေဆုံခွင့်ဆွေးနွေးခွင့်ရတော့ အများကြီးလေ့လာသင်ယူခဲ့ရတယ်၊ ကိုယ်​ သိတာကိုလည်း ဝေမျှခွင့်ရတယ် ဒါကြောင့် ဒီအစည်အဝေးဟာတန်ဖိုးရှိတယ်။ ကျွန်မတို့ မျိုးဆက်အတွက် သစ်လွင်သောအမြင်တွေနဲ့ တွေကြုံနေရတဲ့စိန်ခေါ်မူ​တွေကို အသစ်သောနည်းလမ်းတွေနဲ့ဖြေရှင်းဖို့ အထောက်အကူဖြစ်မယ်လို့မျှော် လင့်ပါတယ်ဟု ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး နိုင်ငံတကာမှ တက်ကြွလှုပ်ရှားသူလူငယ်များမှလည်း ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ဘာသာရေးအဖွဲ့အစည်းများ နှင့် အခြားသော အဖွဲ့အစည်းများမှ လည်းပါဝင်ဆွေးနွေးခဲ့ကြပြီး၊ တို့အတူတကွ မလုပ်ဆောင်ကြလျှင် တို့အားလုံး အရှုံး နှင့် ရင်ဆိုင်ကြရမယ် ဟု သဘောတူခဲကြပြီး၊ ဘာသာမတူများ၊ တူသူများ အားလုံး နှင့်ဆိုင်သော အရာများဖြစ်ပြီး ဘာသာရေးအဖွဲ့အစည်းများမှ ဘာသာတရားများ ကိုယ်ကျင့်တရားသွန်သင်ချက်များဖြင် ကမ္ဘာကြီးအတွက် လိုအပ်နေသော ငြိမ်းချမ်းရေး၊ တရားမျှတရေး နှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး တို့ အတူတကွ လုပ်ဆောင်သွားကြဖို့ သဘောတူညီခဲ့ကြပါသည်။

By Kyi Maung
Photo credit to Religion News Service

https://bit.ly/2zf4ESQ
https://bit.ly/2zdfMiX

Add new comment

1 + 5 =