လူကုန်ကူးမှု တားဆီးရေးဆိုင်ရာဆု  ထိုင်းကက်သလစ် အမျိူးသမီးငယ် ချီးမြှင့်ခံရ

လူကုန်ကူးမှု တားဆီးရေးဆိုင်ရာဆု  ထိုင်းကက်သလစ် အမျိူးသမီးငယ် ချီးမြှင့်ခံရ

လူကုန်ကူးမှု တားဆီးရေးဆိုင်ရာဆု  ထိုင်းကက်သလစ် အမျိူးသမီးငယ် ချီးမြှင့်ခံရ

ထိုင်းအစိုးရမှ ပေးအပ်သည့် " လူကုန်ကူးမှု တိုက်ဖျက်ရေး၌ ပါဝင်ဆောင်ရွက်ရာတွင် ထူးချွန်လူငယ်ဆုကို ထိုင်းကက်သလစ် အမျိူးသမီးငယ်မှ ဇွန်လ ၆ ရက်နေ့က လက်ခံရရှိခဲ့ပါတယ်။

Areeya Pongpit သည်" ထိုင်းTalitha Kum ( "နိုးထလော့ မိန်းကလေးငယ်") အဖွဲ့​၏ ကိုယ်စားလှယ် သံအမတ် တဦးဖြစ်ကာ ထိုဆုကို ထိုင်းနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ တွင် ချီးမြှင့်ခံရခြင်းဖြစ်ပါတယ်။

ထိုင်း Talitha Kum အဖွဲ့စည်း အနေနှင့်လည်း Areeya အတွက် လွန်စွာဂုဏ်ယူ ပြီး ထိုင်းအစိုးရ​၏ ချီးမြှင့်မှု ကိုလည်း အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့ပါတယ်။

သူမဟာ တက်ကြွပြီးအထောက်ပံ့များစွာပေးသူသာမက ထိုင်းTalitha Kum အဖွဲ့​၏ အထူးကိုယ်စားလှယ် စေတနာ့ ဝန်ထမ်း တဦးလည်း ဖြစ်ပါတယ်။

ရှင်မာကုခရစ်ဝင် ၅:၄၁ တွင်ပါရှိသည့် ယေဇူးက အမျိူးသမီးငယ်လေးကို သေခြင်းမှ ပြန်လည်နိုးထလော့ ဟုရွတ်ဆိုခဲ့သည့် "Talitha Kum " ( မိန်းမငယ်လေး, ထလော့ ) စကားသည် ကမ္ဘာအနှံ့ရှိ လူကုန်ကူးမှု့တိုက်ဖျက်ရေးတွင် အားစိုက်လုပ်ကိုင်နေကြသည့် ကက်သလစ်သီလရှင်များ ကို ညွှန်းဆိုဖော်ပြသည့် ပြယုဂ်တခု ဖြစ်လာခဲ့တာပါ။

ယခင်ကတော့ ထိုင်းနိုင်ငံတွင် ကျေးလက်ဒေသမှ အမျိူးသမီးငယ်များ အနိုင်ထက်ပြုကျင့်ခံရခြင်းနှင့် လူကုန်ကူးမှု့သားကောင်ဘဝမှ ကာကွယ်ပေးရန် မိမိတို့ အသင်းဂိုဏ်းအလိုက်သာ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ကြသော်လည်း ၂၀၁၂ ခုတွင် အသင်းဂိုဏ်များအားလုံး ပူးပေါင်းပြီး နိုင်ငံတကာအသင်းအဖွဲ့ အနေနှင့် လူကုန်ကူးမှု့ကို ကာကွယ်လုပ်ဆောင်နိုင်ရန် Talitha Kum အဖွဲ့ကြီးကို သီလရှင်ဂိုဏ်း အကြီးကဲများမှ ပံ့ပိုးမှု့ဖြင့် ဖွဲ့စည်းခဲ့ပါတယ်။

Talitha Kum အဖွဲ့ကြီး​၏ အဓိကအားစိုက်ထုတ်မှုမှာ ပညာပေးရန်နှင့် သတိပြုမှု ရှိလာစေရန်ဖြစ်ပြီး အထူးသဖြင့် ခံနိုင်ရည်စွမ်းနည်းသည့် ဆယ်ကျော်သက်များအတွက် ရည်ရွယ်တာဖြစ်ပါတယ်။

ကက်သလစ်ကျောင်းများ နှင့်အသိုင်း အဝိုင်း(အထူးသဖြင့် ဆင်းရဲမှု နှင့်ပညာနည်းပါးမှု အပြင် လူမှု ယဉ်ကျေးမှု နှင့် စီးပွားရေးဆိုင်ရာ အချက်များကြောင့် ထိခိုက်ခံစားလွယ်သည့် ကျေးလက် အသိုင်းဝိုင်း) များတွင် ပညာပေး လုပ် ဆောင်ချက်များကို လုပ်ဆောင်လျက်ရှိပါတယ်။

ထိုင်းနိုင်ငံတဝှမ်းရှိ ကက်သလစ်ကျောင်းများနှင့် အခြားအသင်းအဖွဲ့စည်းများ တွင် ဆောင်ရွက်မှုများလုပ်ဆောင်နိုင်ရန်အတွက် ထိုင်းနိုင်ငံ Talitha Kum အဖွဲ့သားများသည် လူ့အခွင့်ရေးလှုပ်ရှားသူများ အရပ်သားအသင်းအဖွဲ့များ ,လူမှုရေးလုပ်ဆောင်သူများ , စေတနာ့ဝန်ထမ်းများ အမျိူးသမီးများ နှင့် မိတ်ဘက် လုပ်ကိုင်ဖက်အဖြစ် ပူးတွဲ လုပ်ဆောင်လျက်ရှိပါတယ်။

ကက်သလစ်ကျောင်းအသီးသီးတွင်မူ လစဉ်လတိုင်း လှုပ်ရှားမှုများကို အကြိမ်းအနည်းငယ် လုပ်ဆောင်လျက်ရှိတာပါ။

ထိုင်းနိုင်ငံမြောက်ပိုင်း Phra Nakhon Si Ayutthaya ပြည်နယ်ရှိ ကျောင်းသား ၁၁၀၀ ခန့်ရှိသော "Trirajvitthaya"ကျောင်းတွင် လုပ်ငန်းများအကောင်ထည်ဖော် လျက်ရှိပြီး ဤအစီစဉ်များကို ထိုင်းနိုင်ငံတဝှမ်းလုံးရှိ ကက်သလစ်ကျောင်း ၃၀၀ ကျော်၌လုပ်ဆောင်သွားနိုင်ရန် ရည်မှန်း ထားပါတယ်။

ထိုင်း Thalitha Kum အဖွဲ့ကြီးက လိင်မှုဖျော်ဖြေရေး ခရီးသွား လုပ်ငန်းအတွက် ကူးသန်းရောင်းဝယ်မှု ငါးဖမ်းလုပ်ငန်း နှင့် အတင်းအကြတ် စေခိုင်းမှု တို​၏ အန္တရာယ် ကြီးမားပုံကို ရှင်းပြခဲ့ပြီး ၊ ကျောင်းသားများအနေနှင့် မက်လုံးပေးဆွဲဆောင်မှုများအပေါ် သိရှိရှောင်ရှားနိုင်ရန် ရှင်းပြလုပ်ဆောင်နေပါတယ်။

" Only 13:The True Story Of Lon" ( ၁၃ နှစ်သာရှိသေးသည့် Lon ​၏ ဘဝဇာတ်လမ်း) ဆိုသည့် လိင်ဖျော်ဖြေရေးခရီးသွားလုပ်ငန်း အတွက် ရောင်းဝယ်ခံရသည့် ဖြစ်ရပ်မှန်ဇာတ်လမ်း အသေးစိတ်အကြောင်း ရေးသားထားသည့် စာအုပ်ကိုလည်း ထုတ်ဝေပညာပေးထားပါတယ်။

ထိုင်နိုင်ငံတွင် ဤကဲ့သို့ ဆန့်ကျင် ကာကွယ်ရေးများ လုပ်ဆောင်ရသည်မှာ မလွယ်ကူရုံသာမက စိန်ခေါ်မှု များစွာကိုလည်း ရင်ဆိုင်ကြရပါတယ်။

ထိုင်း Talitha Kum အဖွဲ့ကြီးမှာမူ သီလရှင်ဂိုဏ်အသီးသီးမှ ပူးပေါင်းမှု နှင့်အတူ လူတန်းစား အလွှာအသီးသီး ​၏ အားစိုက်ထုတ်မှု ကြောင့် ပေါ်ပေါက်လာရခြင်းပင်ဖြစ်သည်။ ထိုင်းနိုင်ငံ သူတော်စင်အမျိူးသား အမျိူးသမီးဂိုဏ် အသီးသီးမှ အကြီးအကဲများ​၏ အဖွဲ့ကြီးကလည်း အသင်းဂိုဏ်း၂၆ ခုဖြင့် ဖွဲ့စည်းထားသည့် Talitha Kum Thailand အဖွဲ့ကို ကွန်ယက် အဖွဲ့ဝင် အဖြစ် ၂၀၁၅ ခု ဇူလိုင်လ က လက်ခံ အတည်ပြု ခဲ့ပါတယ်။

သူတို့သည် အတွေ့အကြုံများ အကြံပြု ဆွေးနွေးခြင်းနှင့် အာဏာပိုင်တို့ကို ဆွဲဆောင်ရာ၌လိုအပ်သည့် စွမ်းရည် တို့အတွက် လိုအပ်မှုများကို မျှဝေးပေးလျက်ရှိပါတယ် ။

အာဗီအေ ဘာသာပြန်-မာကုစ်ညီညီထွန်း

https://bit.ly/3OdnbU5

Add new comment

14 + 6 =