Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
လူကုန်ကူးမှု ကာကွယ်ရန်အတွက် နည်းပညာ များကိုအသိရှိရှိ အသုံးပြုရန်လိုအပ်ကြောင်း ပုပ်ဖရန်စစ်မြွက်ကြား
လူကုန်ကူးမှု ကာကွယ်ရန်အတွက် နည်းပညာ များကိုအသိရှိရှိ အသုံးပြုရန်လိုအပ်ကြောင်း ပုပ်ဖရန်စစ်မြွက်ကြား
စက်မှုနည်းပညာ များကို သတိရှိစွာ ပါးနပ်စွာ အသုံးပြုဘို့ အသိပညာ ရှိကြရမည်ဖြစ်ကြောင်း နှင့်ပြစ်မှု ကျုးလွန်သူအဖွဲ့အစည်းဟာ အင်တာနက်ကို အသုံးပြုကာ ဒုက္ခသည်များအား မက်လုံးပေးသည့်ကိစ္စ ရပ်များ ပို၍တိုးလာသည်ကိုတွေ့ရသည်ဟု ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်က နိုင်ငံတကာ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့်ဆုတောင်းရန်နေ့၌ မြွက်ကြားခဲ့ပါသည်။
လူကုန်ကူးခံရသူ ဒုက္ခသည်တို့၏ အားကိုးအားထားရာ ရဟန္တာ၏ပွဲနေ့ဖြစ်သော စိန့်ဂျိုစဖင်း ဘက္ခိသာ ၏ ပွဲနေ့၌ လူကုန်ကူးခြင်းနှင့်ပတ်သက်သည့် ကိစ္စရပ်များကို အသိရှိစေရန်နေ့အဖြစ်သတ်မှတ်ကာ အသင်းတော်က ကြိုးပမ်းခဲ့ခြင်းဖြစ်ပါသည်။
ယနေ့ခေတ်သစ် ကျွန်စနစ် ပုံစံသစ်ထဲသို့ ကျရောက်နေပြီး သောသူများအားကာကွယ်ရန်နှင့် ကုစားပေးရန်ကိုလဲ စိန့်ပီတာ ရင်ပြင်တော်မှာ တနင်္ဂနွေနေ့ အန်ဂျေလူးမေတ္တာရွတ်ဆိုရာမှာ အရှင်သူမြတ်က ထပ်မံမြွက်ကြားခဲ့ပါသည်။
By Sr.Lucia Thandar Aung,SJA
Source: Vatican News
Add new comment