လူကုန်ကူးမှုသည် အရှက်မဲ့စွာ စီးပွားရေးစျေးကွက်ကြီးပေါက်နေကြောင်း ပုပ်ဖရန်စစ်မြွက်ကြား

လူကုန်ကူးမှုသည် အရှက်မဲ့စွာ စီးပွားရေးစျေးကွက်ကြီးပေါက်နေကြောင်း ပုပ်ဖရန်စစ်မြွက်ကြား

လူကုန်ကူးမှုသည် အရှက်မဲ့စွာ စီးပွားရေးစျေးကွက်ကြီးပေါက်နေကြောင်း ပုပ်ဖရန်စစ်မြွက်ကြား

         ဖေဖော်၀ါရီလ (၈) ရက်နေ့သည် ‘အပြည်ပြည်ဆိုင်ရာ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့’ ဖြစ်သည်။ ထိုလူမဆန်သောစျေးကွက်များပျက်သုန်း ပပျောက်သွားရေးအတွက် ဆုတောင်းရ၊ ဆင်ခြင်ထောက်ရူရ၊ လူကုန်ကူးမှုကို ဖြစ်သည့်နည်းလမ်းဖြင့် ဆန့်ကျင်တိုက်ဖျက်ကြရမည့်နေ့ဖြစ်ကြောင်း ပုပ် ရဟန်းမင်း ကြီးက ပြီးခဲ့သော တနဂ်နွေနေ့က မွန်းတည့် အန်ဂျေလူးဆုတောင်းခြင်း၌ ဘုရားဖူးများအား မိန့်ကြားခဲ့ သည်။

အမိကက်သလစ်သာသ နာတော်သည် ထိုနေ့၌ စိန့်ဂျိုးဇက်ဖင်းဘာခီးတာ၏ပွဲနေ့ကိုလည်း အမှတ် ရကျင်းပသည်။ စိန့်ဂျိုးဇက်ဖင်းဘာခီးတာသည် အဘယ်သူနည်း။ သူသည်အီတလီ-ဆူဒန် သွေးနွေးသူလေးဖြစ်သည်။ သူသည် လူကုန်ကူးခံခဲ့ရသူလည်းဖြစ် သည်။ အမိသာသနာတော်ကြီးက သူ့ကို ဆူဒန်နိုင်ငံအားလည်းကောင်း၊ လူကုန်ကူးမှုခံရသော သူအားလုံးတို့အားလည်းကောင်း မှိုင်းမ သောရဟန္တာ အဖြစ် သတ်မှတ်ဂုဏ်ပြုခံထားရသူဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် လူကုန်ကူးခံရသော သားကောင်းများအတွက်ဆုတောင်းနေစဉ်၌ ‘Talith Kum’ ဟုအမည်ပေးထားသော လူကုန်ကူးမှုတိုက်ဖျက်ရေးကို တက်ကြွစွာလုပ်ဆောင်နေကြ သော အဖွဲ့၀င် သီလရှင်များက စိန့်ဂျိုးဇက်ဖင်း ဘာခီးတာ၏ ကြေးရုပ်တုကိုပင့်ဆောင်လာ၍တစ်နေရာ၌ ထူထားလိုက်သည်။ ရဟန်းမင်းကြီးက အဆိုပါရုပ်တုအား သူဩ၀ါဒမြွတ်ကြားနေသော နေရာမှ ကောင်းကြီးပေးခဲ့သည်။ ထိုကြေးရုပ်တုကို ကက်သလစ်ပန်းပုဆရာတစ်ဦးဖြစ်သော Timothy P. Schmalz  ကထုလုပ်ခဲ့သည်ဟုဆိုသည်။

ဤဆင်းတု သည် လူကုန်ကူးခံရသောသားကောင်းများနှင့်အမျိုးသမီးတိုင်းအား ကိုယ်စားပြုသည့် သက်ေတဖြစ်သည်။ အထူးသဖြင့် လူကုန်ကူးခံရသောအမျိုးသမီးများနှင့်တမန်တော်လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလုပ်ဆောင်နေရသော သူတော်စင်သီလရှင်များအား အမှတ်ရစိုက်ထူ ခြင်းဖြစ်သည်။ လူကုန်ကူးမှုသည် ခေတ်သစ်ကျွန်ပြုသည့်စနစ်ဖြစ်သည်။    

 ဆင်းတုတော်သည် အမျိုးသမီးငယ်များစွာအားလည်း ကိုယ်စားပြုသည်။ လမ်းပေါ်ရောက်အမျိုး သမီးငယ်များစွာရှိသည်။ ၄င်းတို့သည် လူ ကုန်ကူးမှု၏ နာကျည်းစရာကောင်းသော ဒဏ်ရာများခံစား ခဲ့ကြရသည်။ လူမဆန်အရှက်သိက္ခာမဲ့သော စီးပွားရေးသမားတို့၏အကျိုးအမြတ်အ တွက် ထားရာနေ၊ စေရာသွား၊ ခိုင်းရာလုပ်၊ ကျွေးရာစားခဲ့ကြရသည်။ ခိုင်းစေမှုများသည် လူ့ဂုဏ်သိက္ခာ လုံး၀မဲ့သော လုပ်ရပ်များဖြစ်သည်။ ဤရင် နစ်စရာဖြစ်ရပ်မျိုးသည် ကျွန်ုပ်တို့၏မြို့ရွာများ၌ပင်ဖြစ်ပျက်နေသည်။

လူကုန်ကူးမှုဟုဆိုရာ၌ လိင်ကျွန်ပြုမှုတစ်ခုတည်းကိုဆိုလိုခြင်းမဟုတ်ပေ။ အိမ်‌ဖော်များအား ထုထောင်းရိုက်နက်ခြင်း၊ လုပ်အားများများခိုင်းပြီး၊ လုပ်ခနည်းနည်းသာပေးခြင်း၊ အိပ်ချိန်နည်းခြင်း၊ မ၀ရေစာသာကျွေးခြင်း၊ အလုပ်များ၌လုံခြုံမှုမရှိခြင်း၊ အလုပ်ရှာပေးသူများ၏ ငွေကြေးခေါင်းပုံဖြတ်မှုများ စသည့်အခြေအနေမျိုးများအားလုံးအကျုံး၀င်သည်။ ရဟန်းမင်း ကြီးက စိန့်ပီတာရင်ပြင်၌ စုရုံးရောက် နေသောဘုရားဖူးများအား မိမိတို့ကိုယ်တိုင်လည်း လူကုန်ကူးမှုကျူးလွန်နေသူများဖြစ်နိုင်သကဲ့သို့၊ မိမိတို့ ပတ်၀န်း ကျင် ထိုသို့ဖြစ်ပျက်နေသည်များလည်းရှိနိုင်သောကြောင့် သေချာစွာဆင်ခြင်ကြရန်၊ ဆင်ခြင်ပြီး သောအခါ လက်တွေ့ကျသောဆုံးဖြတ် ချက်ကိုချမှတ်ဖော်ဆောင်ရန်၊ ယခုကဲ့သို့ လူသားထုအား ဒဏ်ရာဒဏ်ချက်များထစေသောလုပ်ရပ်ကြောင့် လူသားအားလုံး၏သိုးထိန်းဖြစ်သော ရဟန်း မင်းကြီး အနေဖြင့် ယူကျုံးမရခံစားနာကျင်ရကြောင်း၊ ထို့ကြောင့် လူသားထုတစ်ရပ်လုံးအား အလွှဲသုံးစား ပြုနေသောလုပ်ရပ် အထူးသဖြင့်  အမျိုးသမီးကြီးငယ်များအားလုံခြုံရေးနှင့်အခွင့်အရေးများကို တာ၀န်သိစွာဖြင့် ကာကွယ်စောင့်ရှောက်ရန်တိုက်တွန်းခဲ့သည်။     

 

 

အာဗီအေ ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3Hw3aVM

 

Add new comment

1 + 1 =