လူကုန်ကူးခံရသူများကို ကယ်တင် ကာကွယ်စောင့်ရှောက်ပေးသော နေရာသို့ ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် သွားရောက်လည်ပတ်ခြင်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် လူကုန်ကူးခံရသူများကို ကယ်တင် ကာကွယ်စောင့်ရှောက်ပေးသော ရဟန်းမင်းကြီး ၂၃ ပါးမြောက် ယောဟန် အဖွဲ့အစည်းသို့ သွားရောက်လည်ပတ်

လူကုန်ကူးခံရသူများကို ကယ်တင် ကာကွယ်စောင့်ရှောက်ပေးသော နေရာသို့ ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် သွားရောက်လည်ပတ်ခြင်း
ဇူလိုင်လ ၂၉၊ ၂၀၁၉

သနားကြင်နာသော သောကြာနေ့ အမှတ်တရအဖြစ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် လူကုန်ကူးခံရသူများကို ကယ်တင် ကာကွယ်စောင့်ရှောက်ပေးသော ရဟန်းမင်းကြီး ၂၃ ပါးမြောက် ယောဟန် အဖွဲ့အစည်းသို့ သွားရောက်လည်ပတ်ခဲ့ပါသည်။

ယင်းသွားရောက် လည်ပတ်ခြင်းတွင် လူကုန်ကူးခံရသော အမျိုးသမီးများ၏ ရင်နင့်ဖွယ်ရာ ဘဝအတွေ့အကြုံများ ကို နားထောင်ပေးခြဲ့ပီး၊ ကျွနု​ပ်အနေနှင့် ဒီလောက်အထိဒုက္ခ ခံစားရသော၊ ကျွန်တစယောက်သဖွယ်ပြုမူခံရသော အမျိုးသမီးများကို တွေ့ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြောင်း၊ ဒီအမျိုးသမီးများဟာ တကယ်ကို ကားတိုင်တင် အသတ်ခံရသော အမျိုးသမီးများ ပါဟု ကြေကွဲစွာ ပြောကြားခဲ့ပါသည်။ ပို၍ ဆိုးဝါးသည်မှာ ပြည်တန်ဆာအဖြစ် ကျွန်ပြုခံရသော ညှင်းပမ်း နှိပ်စက်ခံရသော အမျိုးသမီးများ ကို နှိပ်စက်သူများ၊ လာရောက် ဆက်ဆံကြသူများ မှာ မိမိကိုယ်ကိုယ် ခရစ်ယာန်ဟု ခေါ်သောသူများဖြစ်နေကြောင်း ရင်နာစွာ သိခဲ့ရကြောင်း ထိုအမျိုးသမီးများကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှာ မကောင်းမူ့ပြုခဲ့ကြသူများကို ခွင့်လွှတ်​ပေးကြဖို့ ကြားဝင်တောင်းပန်ပေး ခဲ့ကြောင်းကိုလည်း ဖော်ပြထားပါသည်။

အားနည်းသော အမျိုးသမီးများ ကို စစ်မှန်သော ချစ်ခြင်းမျိုးမဟုတ်ပဲ ဟန်ဆောင်ကာ ဖျားယောင်းသွေးဆောင် ပြီး မိမိအလိုဆန္ဒကိုဖြည့်ဆည်းကာ ကျွန်ပြုနှိပ်ဆက်ခြင်း၊ ပြည်တန်ဆာ အဖြစ်ခိုင်းစားခြင်း၊ ကျွန်ပြုခြင်း စသည့် စက်ဆုပ်ဖွယ်ရာ ရာဇဝတ်မှုများကို ဖော်ထုတ်ကြဖို့။ အတွင်းလှိုက်ချစားပြီး ပျက်စီးနေသော အရာများကို လူအများသိအောင်ဖော်ထုတ် ကာကွယ်ကြဖို့ လူတိုင်းတွင်တာဝန်ရှိကြောင်း၊
အမျိုးသမီးများကို အမြတ်ထုတ် အသုံးပြုစရာ၊ အသုံးပြုပြီး မနှစ်သက်တော့ရင် လွင့်ပစ်စရာ လူသုံးကုန်ပစ္စည်းများကဲ့ ရှု့မြင်လာသော လူအဖွဲ့အစည်း၏ အသိဉာဏ်ပျက်စီးလာခြင်း နှင့် မှားယွင်းသော ယုတ်ညံ့သော အတွေးအခေါ်ဖြစ်ကြောင်း၊ လူအဖွဲ့အစည်း၏ ရောဂါတစ်ခုကဲ့သို့ဖြစ်လာကြောင်း ပြောကြားခဲ့ပြီး။

ယင်း ကျွန်ဘဝ ပြည်တန်ဆာ ဘဝကျရောက်နေသူများကို ကယ်တင်ကူညီပေးနေကြသောသူများသည် ရဲရင့်သောသူများ၊ စိတ်နှလုံးကောင်း ရှိသောသူများမှ ထွက်ပေါ်လာသော အပြုအမူများဖြစ်ကြောင်းလည်းပြောကြားခဲ့ပါသည်။

ယင်း လက်တွေ့အဖြစ်အပျက်များကို လူကုန်ကူးခံရသူများအား ကယ်တင် ကာကွယ်စောင့်ရှောက်ပေးသော ရဟန်းမင်းကြီး ၂၃ ပါးမြောက် ယောဟန် အဖွဲ့အစည်းမှ ဘုန်းတော်ကြီး အာလ်ဒို ဘောနာယူတို မှ မှတ်တမ်းတင်စာအုပ်ထုတ်ဝေခြင်းတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ အသိအမှတ်ပြု လက်မှတ်ရေးထိုးပေးပြီး လူသားသည် မည်သို့အခါမျှ ရောင်းကုန်အဖြစ် မပြုရကြောင်း ရေးသားပေးခဲ့ပါသည်။ ဆက်လက်ပြီး ယင်းကဲ့သို့အမှန်တရားများကို လူအများသိရန် ရှာဖွေဖော်ထုတ်ကြဖို့ တိုက်တွန်းအားပေးခဲ့ပါသည်။

ယင်းစာအုပ် မူရင် အမည် မှာ အီတလီ စာ အားဖြင့်
"Donne crocifisse. La vergogna della tratta raccontata dalla strada" ဟူ၍ ဖြစ်ပါသည်။

By Kyi Maung
Photo credits to Vatican News

https://bit.ly/2Yup9sN

Add new comment

1 + 10 =