လုပ်ကြံခံရသော်လည်းလွတ်မြောက်ခဲ့သည့် အီရတ်၀န်ကြီးချုပ်အတွက်  ပုပ်ဖရန်စစ် ဆုတောင်းပေး

လုပ်ကြံခံရသော်လည်းလွတ်မြောက်ခဲ့သည့် အီရတ်၀န်ကြီးချုပ်အတွက်  ပုပ်ဖရန်စစ် ဆုတောင်းပေး

လုပ်ကြံခံရသော်လည်းလွတ်မြောက်ခဲ့သည့် အီရတ်၀န်ကြီးချုပ်အတွက်  ပုပ်ဖရန်စစ် ဆုတောင်းပေး

 

             အီရတ်၀န်ကြီးချုပ်သည် လက်နှက်အပြည့်အစုံတပ်ဆင်ထားသော ဒရုန်း (၃) စင်းနှင့်လုပ်ကြံရန်ကြိုးစားခံခဲ့ ရသော်လည်းလွှတ်မြောက် ခဲ့သည်။ ဤသတင်းကိုကြားကြားခြင်းရဟန်းမင်းကြီးဖရန်စစ်က နိုင်၀င်ဘာလ (၉) ရက်နေ့ တွင် သံကြိုးစာပေးပို့၍ဆုတောင်းပေးကြောင်း၊ အနီးအပါး၌ ရှိနေပါကြောင်းပြောကြားခဲ့သည်။ ထို့အတူ ဤလုပ်ရပ်ကို ယုတ်ညံ့သောအကြမ်းဖက်လုပ်ရပ်ဟုလည်းထုတ်ဖော်ရှုပ်ချခဲ့သည်။

 

အမြင့်ဆုံးသောဘုရားသခင်၏ကောင်းကြီးတော် ကြောင့် အီရတ်ပြည်သူများ ငြိမ်းချမ်းရေးကိုဆွေးနွေးညှိနှိုင်းခြင်း၊ ညီရင်းအစ်ကိုစိတ်ဓာတ်များဖြင့်တည်ဆောက်နိုင်ရန် ဉာဏ်ပညာနှင့်ခွန်အားများရ ရှိပါစေကြောင်းလည်းထည့်သွင်းမိန့်ကြားထားသည်။

 

 လုပ်ကြံရန်ကြိုးစားခဲ့သည့်မှာ နို၀င် ဘာလ (၇) ရက်နေ့ကဖြစ်ပြီး၊ ၀န်ကြီးချုပ်သည် ထိခိုက်မှုမရှိခဲ့သော်လည်း သူ၏လုံခြုံရေးတပ်သား (၆) ဦးမှာဒဏ်ရာ ရရှိခဲ့သည်။ ဤလုပ်ကြံမူသည် အီရန်နိုင်ငံ၌ အောက်တိုဘာလ (၁၀) ရက်နေ့ကကျင်းပခဲ့သော ပါလီမန်ရွေးကောက်ပွဲရ လာဒ်၌ စစ်တပ်ထောက်ခံသည့်အဖွဲ့ကြောင့်အီရတ်၌တင်းမာမူဖြစ်လာခဲ့ရသည်။

ရဟန်းမင်းကြီးဖရန်စစ်သည် အီရတ်၀န် ကြီးချုပ်နှင့်ပြီးခဲ့သော ဇူလိုင်လကတော့ ဆုံခဲ့ပြီး၊ အီရတ်နိုင်ငံ၏နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ငြိမ်းချမ်းရေး၊ ပြန်လည်ဖွံ့ဖြိုးတိုး တက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။  

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3wyeP1K

Add new comment

1 + 1 =