လုဒ်၌ပထမဦးဆုံးသောကမ္ဘာ့ဘုရားဖူးခြင်းကိုအွန်လိုင်းမှပြုလုပ်ပေးမည်

လုဒ်၌ပထမဦးဆုံးသောကမ္ဘာ့ဘုရားဖူးခြင်းကိုအွန်လိုင်းမှပြုလုပ်ပေးမည်

လုဒ်၌ပထမဦးဆုံးသောကမ္ဘာ့ဘုရားဖူးခြင်းကိုအွန်လိုင်းမှပြုလုပ်ပေးမည်

ဘုရားဖူးသည်ဟုဆိုရာ၌ အားလုံးနားလည်ထားကြသည်မှာ ထိုသန့်ရှင်းသောဌာနသို့ကိုယ်တိုင် ကိုယ်ကျသွား ရောက်ခြေချပြီး၊ ဌာပနာ ထားသောဓာတ်တော်၊ မွေတော်များကိုကိုယ်တိုင်လက်ဖြင့်တို့ထိဖူးမြော်၍ ဘုရားသခင်ကိုရှိခိုး ကိုးကွယ်ခြင်း၊ ရဟန္တာသူတော် သူမြတ်များကို အာရုံပြုခြင်းဟုနား လည်သဘောပေါက်ကြသည်။ သို့သော်ယခုနှစ်၌ကို ဗစ် (၁၉) ရောဂါကပ်ဆိုးကြီးကြောင့်လူစုလူ‌ဝေးဖြင့်ဘုရားဖူး သွား ခြင်းများကိုမပြုလုပ်နိုင်သောကြောင့် ပြင်သစ်နိုင်ငံ၊ လုဒ်မြို့၌ရှိသော လုဒ်မယ်တော်ဘုရားဖူးခြင်းကိုအွန်လိုင်းမှသာ ထုတ်လွှင့်ရန်စီစဉ်ပေးလိုက် ရခြင်းဖြစ်သည်။ ထို့အတူယနေ့
(ဇူလိုင်လ ၁၆) ရက်နေ့သည်အမိမယ်တော်လုဒ်မြို့မှပန်းနာရင်ကြပ်ရောဂါကိုခံစားနေရသော ဘက်နက်ဒက် အား နောက်ဆုံးတစ်ကြိမ်ကိုယ်ယောင်ထင်ရှားပြခဲ့သောနေ့လည်းဖြစ်သည်။

လွန်ခဲ့သောနှစ် (၁၆၀) ခန့်၊ ခုနှစ်အတိအကျပြောရလျှင် (၁၈၅၈) ခုနှစ်က အမိမယ်တော်သညပြင်သစ်နိုင်ငံ၊ လုဒ် မြို့လေးမှ ပန်းနာရင် ကြပ်ခံစားနေရသောအမျိုးသမီးငယ်လေးဘက်နက်ဒက်အားကိုယ်ယောင်ထင်ရှားလာရောက်ပြခဲ့ သည်။ ထိုအချိန်မှစ၍ ထိုကိုယ်ယောင်ထင်ရှား ပြခဲ့သောနေရာတွင်ဘုရားဖူးသိန်းသန်းနှင့်ချီ၍လာရောက်ခဲ့ကြသည်မှာ ဆယ်နှစ်ပေါင်း များစွာကြာခဲ့ပြီးဖြစ်သည်။ ထို့အတူရောဂါများပျောက် ကင်းခြင်းနှင့်မိမိတို့၏အသက်တာပြောင်းလဲခြင်း ကောင်းကြီးများစွာကိုလည်းခံစားရရှိခဲ့ကြောင်းမှတ် တမ်းမှတ်ရာများပြုစုထားသည်။

ယခုနှစ် (၂၀၂၀) သည် အမိမယ်တော်လုဒ်မြို့၌ဘက်နက်ဒက်အားကိုယ်ယောင်ထင်ရှားပြခြင်းနှစ် (၁၅၀) ပြည့် သည့်နှစ်လည်းဖြစ် သည်။ သို့သော်နှစ်စဉ်ဘုရားဖူးများဖြင့်ပြည့်နက်နေခဲ့သောမယ်တော့်ရင်ပြင်သည် ပထမဦးဆုံးအ ကြိမ်လူခြေတိတ်ဆိတ်နေပါသည်။ အဘယ် ကြောင့်ဆိုသော် ကိုဗစ် (၁၉) ကပ်ရောဂါကြောင့်ဖြစ်ပါသည်။ ယခုအခါဘုရား ဖူးများလာရောက်နိုင်ရန်စီစဉ်ထားသော်လည်း ရောဂါကူးစက်ပျံ့ ပွားမူမရှိစေရေးအတွက် ဘုရားဖူးရင်ပြင်သို့ဘုရားဖူးဦးရေအကန့်အသတ်နှင့်သာခွင့်ပြုပေးနိုင်သည်။

ပထမဦးဆုံးသောကမ္ဘာနှင့်အဝှမ်းအဝေးမှအာရုံပြု၍ဘုရားဖူးခြင်းအစီအစဉ်

ထို့ကြောင့်ကမ္ဘာတစ်ဝှမ်းမှဘုရား ဖူးလာရောက်လိုသောဘုရားဖူးများအတွက်လည်း ထည့်သွင်းစဉ်းစား ၍ ဘုရားဖူးခြင်းကိုစိတ်အာရုံဖြင့်မှန်း၍ဘုရားဖူးနိုင်ရန် ယနေ့ (ကြာသပတေးနေ့၊ ဇူလိုင်လ ၁၆) ရက်နေ့၊ မယ်တော်ဘက်နက်ဒက်အားနောက်ဆုံးတစ်ကြိမ်ကိုယ်ယောင်ထင်ရှားပြခဲ့သောနှစ်ပတ် လည်နေ့၌ ဤမယ်တော့်ရင်ပြင်မှရုပ်မြင်သံ ကြား၊ ရေဒီယိုလှိုင်းများ၊ အင်တာနက်လှိုင်းများနှင့်အခြားသောလူမူကွန်ရက်များမှထုတ်လွှင့်ပြသပြီး၊ မယ်တော်နှင့်အတူ တစ်စိတ်တစ်၀မ်းတည်းထား၍မျှော်လင့်ခြင်းဖြင့်ဆုတောင်းနိုင်ရန်စီစဉ်ထားပါသည်။ မတူညီသောလူမျိုးအပေါင်း၊ ယဉ်ကျေးမူများနှင့်အတူလုဒ်မှတစ်စည်းတစ်လုံးတည်းဖြင့်အွန်လိုင်းဘုရားဖူးခြင်းကိုအတူ တကွပြုလုပ်နိုင်သည် ၊ လုဒ်သည်ကျွန်ုပ် တို့ယုံကြည်ခြင်းအတွက်အရေးပါသောမီးပွားတစ်ခုဖြစ်ကြောင်း၊ ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံခြင်း၊ ဝေမျှခြင်းနှင့်မျှော်လင့်ခြင်းဖြစ်ကြောင်းသိရှိစေရန်ရည် ရွယ်ပါသည်။

ထုတ်လွှင့်မည့်အချိန်

ဤလုဒ်မယ်တော်၏ အွန်လိုင်းဘုရားဖူးခြင်းအစီအစဉ်ကို ပြင်သစ်ဒေသစံတော်ချိန် နံနက် (၇) နာရီမှ ည (၁၀) နာရီအထိ ၊ မြန်မာစံတော်ချိန် နံနက် (၁၁:၃၀) မိနစ်မှ နောက်တရက် နံနက် (၂:၃၀) မိနစ် အထိ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ပါသည်။ ထိုထုတ်လွှင့်နေစဉ်၌ ဆယ်စုနှစ်များစွာမှဘုရားဖူး၀တ်ပြုခြင်းအစီအစဉ်များ၊ စီ တန်းလှည့်လည်ခြင်းဗွီဒီယိုမှတ်တမ်းများကိုအဆက်မပြတ်ထုတ်လွှင့်ပေးသွားမည်ဖြစ်ပါသည်။

ယနေ့၏၀တ်ပြုခြင်းကိုမူ ညနေ ပြင်သစ် (၄ - ၆) နာရီအထိ မြန်မာ စံတော်ချိန် (၈:၃၀)မိနစ် မှ (၁၀:၃၀)မိနစ် အထိ ပြင်သစ် Lourdes မယ်တော်ဘုရားဖူးနေရာမှ တိုက်ရိုက်ထုတ်လွှင့်ပေးမည်ဖြစ်ပါသည်။

ထိုဝတ်ပြုခြင်း၌သူတော်စင်များ၊ မြို့မိမြို့ဖများမှလုဒ် နှင့်ပတ်သက်သောသ မိုင်းများ၊ လုဒ်မယ်တော်ထံ ဆုတောင်းခြင်းမှ ကိုယ်တိုင်၏ အတွေ့အကြုံများကိုဝေမျှသွားကြမည် ဖြစ်ပါသည်။ဝေမျှကြမည့်ပုဂ္ဂိုလ်များသည် ‘
စိတ်တစ်လုံးတစ်၀တည်းရှိရေး၊ ညီအစ်ကိုရင်းစိတ်ဓာတ်ရှိရေး၊ ဆက်ကပ်အပ်နှံတတ် သောစိတ်များမွေးမြူ ထားရှိရေး၊ အကူအညီပေးရေး၊ မျှော်လင့်ခြင်းနှင့်အဓိပ္ပာယ် ရှိစွာလူ့ဘ၀ကိုရှင်သန်ခြင်း’ စသောခေါင် စဉ်များအပေါ်တွင်ဦးတည်ဟောပြောကြ မည်ဖြစ်သည်။ ထို့အတူမယ်တော်သီချင်းများသီဆိုချီးမွှမ်းခြင်း၊ ဗွီဒီယိုမှတ်တမ်း များပြသခြင်း၊ လုဒ်ဘုရားဖူးရင်ပြင်ဖြစ်လာရန်အဘယ် သို့လုပ် ဆောင်ခဲ့ကြသည့်မှတ်တမ်းရုပ်ရှင်များကိုထုတ်လွှင့်ပြသ သွားမည်ဖြစ်သည်။ လုဒ်မယ်တော်ဘုရားဖူးနေရာသည်ကမ္ဘာပေါ်တွင် လူသိအများဆုံး နေရာတစ်နေရာဖြစ်သည်။ နှစ်စဉ် လူပေါင်း (၅) သန်းကျော်ကို လုပ်အားပေးသူ (၁၀၀၀၀၀) ကျော်ဖြင့်ကူညီဆောင်ရွက်ပေးလျှက်ရှိသည်။ ထို့အတူမကျန်း မမာသူ (၅၀၀၀၀) ကျော်နှင့်မသန်စွမ်းသူများလည်းလာရောက်သောနေရာဖြစ်သည်။ ကိုဗစ် (၁၉) ကြောင့်လူမူရေး၊ စီး ပွားရေး အကြပ်အတည်းဖန်တီးလာသောကြောင့် ယခုနှစ်၌လူအနည်းမျှသာ ဘုရားဖူးလာနိုင်ကြမည်ဖြစ်ပါသည်။

အလွန်အရေးကြီးသောသတင်း စကား

ကပ်ရောဂါဆိုးကြောင့် ခရီးသွားလာရေးတင်းကြပ်မူများရှိနေသော်လည်း ဘုရားဖူးထောင်သောင်းတို့သည် အကူ အညီများတောင်းခံနေကြသည်၊ ဝေဒနာများကြားမှလုဒ်မယ်တော်ရင်ပြင်သို့အရောက်လာရန်ကြိုးစားနေကြသည်။ စိတ်လှုပ် ရှားစွာဖြင့်မယ်တော့်ခြေတော်ရင်း၌ဆုတောင်းခြင်းပြုလိုကြသည်။ ညီအစ်ကိုရင်းစိတ်၊ ရက်ရောသောစိတ်၊ မျှော်လင့်ခြင်း များဖြင့်လုဒ်ဘုရားဖူးဗဟိုမှ နှစ်ပေါင်း (၁၆၂) နှစ်တိုင်တိုင်အစေခံလာခဲ့သည်မှာယခုနှစ်ကဲ့သို့တောင်းခံမှုမခံခဲ့ရဖူးပါ။ ထို့ ကြောင့်လုဒ်ဘုရားဖူးဌာန၏တိုက်ရိုက်ထုတ်လွှင့်ခြင်းအစီအစဉ်နှင့်ပေါင်းစပ်၍လုဒ်မယ်တော်၏ သတင်းစကားသည်ကမ္ဘာ ကြီးသို့ပြန်လည်ပဲ့တင်ထပ်စေကြမည်ဖြစ်ကြောင်းကို ဗာတီကန်သတင်းအရသိရှိရပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/38ZVw5A

Add new comment

1 + 0 =