လိုအပ်သူများအားဆန်ထုတ်ပေးနေသောဗီယက်နမ်နိုင်ငံ၊ ဟိုင်ဒွန်ကက်သလစ် သာသနာအုပ်စု

လိုအပ်သူများအားဆန်ထုတ်ပေးနေသောဗီယက်နမ်နိုင်ငံ၊ ဟိုင်ဒွန်ကက်သလစ် သာသနာအုပ်စု

လိုအပ်သူများအားဆန်ထုတ်ပေးနေသောဗီယက်နမ်နိုင်ငံ၊ ဟိုင်ဒွန်ကက်သလစ် သာသနာအုပ်စု

မြန်မာနိုင်ငံ၌လည်းနိုင်ငံတော်အစိုးရ၏အစီအစဉ်ဖြင့်သင်္ကြန်ကာလအလုပ်နားရက်များတွင်စား ၀တ်နေရေးခက်ခဲသောမိသားစုများ အတွက်ဆန်၊ ဆီ၊ ဆား၊ ငြုပ်၊ ကြက်သွန်များကိုအနည်းငယ်စီ ထောက်ပံ့ပေးခဲ့သည့်အစီအစဉ်ကိုသတင်းများ၊ ရပ်ကွက်များတွင်ကြားလိုက်ရ၍ သာဓုခေါ်ခဲ့ရပါသည်။ အချောင်ရ၍မသမာသောနည်း၊ မရိုးသားသောနည်းဖြင့်အရယူကာပြသာနာဖန်ကြသူများလည်းရှိခဲ့ကြပြီး၊ စာနာစိတ်မဲ့ မူကိုလည်းစိတ်မကောင်းစွာမြင်တွေ့ကြားသိခဲ့ရပါသည်။

ယခုမှာမူနိုင်ငံတော်အဆင့်မှမဟုတ်။ ဗီယက်နမ်နိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့၏ လမ်းညွှန်ချက်ဖြင့်ကပ်ရောဂါဘေးဆိုး ကာလ၌စားရေးသောက်ရေးကြပ်တည်းမည့်မိသားစုများအတွက် ရည်ရွယ်၍ဘာသာတူများအချင်းချင်းမရှိသူများ ကိုအနည်းငယ်ရှိသူများကကူ ညီသည့်အနေဖြင့်ဆန်များ လိုအပ်နေသောဟိုင်ဒွန်သာသနာအုပ်စုမှမိသားစုများကိုဆန်ဖြန့်ဝေပေးခဲ့သည်။

အမှန်တကယ်ကြပ် တည်းသူများ သည် ဆန်အေတီအမ်ကဒ် (ပိုက်ဆံအေတီအမ်ကဒ်မဟုတ်) ကိုကိုင်၍လာရောက်ထုတ်ယူ နိုင်အောင်စီစဉ်ထားပေးသည်။ ဤအစီအစဉ်ကိုဧပြီလ (၆) ရက်နေ့၊ ကျောင်းထိုင်ဘုန်းတော်ကြီးဂျိုးဇက်မှဦးစီးဆောင်ရွက်ခဲ့ သည်။ ဆန်ဝေချိန်ကိုနံနက် (၈ မှ ၁၀:၃၀) အထိတစ်ချိန်၊ မွန်းလွှဲပိုင်း (၂:၃၀ မှ ၅) နာရီအထိတစ် ချိန် နှစ်ချိန်ခွဲ၍ပေးဝေသည်။ ဆန်လာရောက်ထုတ်ယူသူဦးရေ (၅၀၀) ခန့်ကနေ့စဉ်နှစ်ကီလိုခန့်ထုတ် ယူနိုင်ပြီး၊ ဤအစီအစဉ်ကို ဧပြီလ (၃၀) ရက်နေ့တွင်ရပ်တန့်မည်ဖြစ်သည်။ ကျောင်းထိုင်သည်ဤအစီအစဉ်ကို မည်သည့်အဖွဲ့အစည်းမှထောက် ပံ့ငွေဖြင့် မဟုတ်ဘဲဗီယက်နမ်နှင့်အမေရိကားရောက်သူ၏ညီအစ်ကိုမောင်နှများထံမှအလှူခံ၍ကူညီပေးခြင်းဖြစ်သည်။

ဤအလွန်ကောင်းသောအစီအစဉ် မျိုးသည်ဗီယက်နမ်ရှိအခြားသောသာသနာများ သို့လည်းကူးလူးလုပ်ဆောင်နိုင်ရန်မျှော်လင့်ပါသည်။ ထို့အတူမြန်မာနိုင်ငံတွင်း၌လည်းဖော် ဆောင်ရန်ဆုတောင်းနေမိပါသည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

 

https://bit.ly/2W5rFmi

Add new comment

7 + 12 =