လိုအပ်နေသောသာသနာအားအကူအညီပေးရေး (ACN) မှ မြန်မာနိုင်ငံအတွက်ဆုတောင်းပေးရန် တောင်းခံခြင်း

လိုအပ်နေသောသာသနာအားအကူအညီပေးရေး (ACN) မှ မြန်မာနိုင်ငံအတွက်ဆုတောင်းပေးရန် တောင်းခံခြင်း

လိုအပ်နေသောသာသနာအားအကူအညီပေးရေး (ACN) မှ မြန်မာနိုင်ငံအတွက်ဆုတောင်းပေးရန် တောင်းခံခြင်း

ရဟန်းမင်းကြီးဆိုင်ရာဖောင်ဒေးရှင်းမှ အရှေ့တောင်အာရှနိုင်ငံအတွင်း အကြမ်းဖက်မှုများအဆုံးသတ် ရေးအတွက် ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏တောင်းဆိုချက်ကို ထပ်လောင်းပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝန်းရှိ နှိပ်စက်ညှဉ်းပန်းမှုနှင့် ဖိနှိပ်ခံနေရသောခရစ်ယာန်များကိုကူညီပံ့ပိုးပေးသော နိုင်ငံ တကာကက်သလစ်ဘာသာရေးအဖွဲ့မှ မြန်မာနိုင်ငံအတွက်ဆုတောင်းပေးရန် တောင်းဆိုခဲ့ သည်။

မြန်မာနိုင်ငံတွင် တိုင်းပြည်၏ရွေးကောက်တင်မြှောက်ခံအစိုးရကို ဖေဖော်ဝါရီ (၁) ရက်နေ့တွင် ဖြုတ်ချခဲ့သည့် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း နှစ်လကျော်ကြာမြင့်သည့်တိုင်အောင် မငြိမ်မသက် ဖြစ်နေဆဲပင်ဖြစ်သည်။
“ကမ္ဘာတစ်ဝန်းမှာရှိကြတဲ့ခရစ်ယာန်တွေက မြန်မာနိုင်ငံကို အင်မတန်စိုးရိမ်ပူပန်စိတ်နဲ့ ကြည့်နေရုံ လေးပဲတတ်နိုင်တယ်။ ဒါ့ကြောင့်မို့ ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ရဲ့ ‘အကြမ်းဖက်မှုကို အဆုံးသတ်ပါ’ဆိုတဲ့တောင်းဆိုချက်ကို ကျွန်တော်တို့က အပြည့်အဝထောက်ခံတယ်။ အထူးသဖြင့် အီစတာပွဲချိန်အတွင်း အထူးဆုတောင်းပေးကြစို့”ဤတောင်းဆိုချက်ကို ကက်သလစ်သာသနာတော်၏ရဟန်းမင်းကြီးဆိုင်ရာဖောင်ဒေးရှင်းဖြစ်သည့် လိုအပ်နေသောသာသနာတော်အားအကူအညီပေးရေး (Aid to the Church in Need - ACN) အမှုဆောင်ဥက္ကဌဖြစ်သူ Thomas Heine-Geldern မှ တင်ပြခဲ့သည်။

“မတ်လလယ်တွင် အာရှနိုင်ငံငယ်လေး၌ ဒီမိုကရေစီလှုပ်ရှားမှုများကိုဆန့်ကျင်ကာ အာဏာသိမ်းစစ်အစိုးရမှ အကြမ်းဖက်တုံ့ပြန်မှုများအပေါ် ရဟန်းမင်းကြီးဖရန်စစ်က ‘အကြမ်းဖက်မှုကို အဆုံးသတ်ရန်နှင့် တွေ့ဆုံဆွေးနွေးမှုစတင်ရန်’တောင်းဆိုခဲ့သည်”ဟု Heine-Geldern မှ သောကြာနေ့ က (ACN) ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြခဲ့သည်။

အသက်ပေးရသူ (၆၁၈) ဦးရှိခဲ့ပြီ

ဆန္ဒပြသူများအပေါ် မြန်မာစစ်တပ်မှသွေးထွက်သံယိုဖြိုခွဲမှုတွင် သေဆုံးမှုများကိုမှတ်တမ်းတင် ထားသော နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ပြီးခဲ့သည့်သောကြာနေ့ အထိ သေဆုံးသူ (၆၁၈) ဦးရှိကြောင်း ပြောကြားခဲ့သည်။

စုစုပေါင်း ပြည်သူ (၂၉၃၁) ဦးကိုထိန်းသိမ်းထားဆဲဖြစ်၍၊ (၅၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပြီး၊ (၅၂၀) ဦးကို ဖမ်းဝရမ်းထုတ်ထားသည်။ (AAPP) အနေဖြင့် သေဆုံးမှုများစွာကို အတည်ပြုမှတ်တမ်းတင်ရန် ကျန်ရှိနေဆဲဖြစ်သောကြောင့် သေဆုံးမှုအရေအတွက် ပိုမိုမြင့်မားနိုင် ကြောင်း ပြောကြားခဲ့သည်။

(ACN) အမှုဆောင်ဥက္ကဌက “မြန်မာပြည်ကသတင်းတွေကြားရတဲ့အခါ ကျွန်တော်တုန်လှုပ်သွားတယ်” ဟု ဆိုသည်။ “ဒီစနေ၊တနင်္ဂနွေနေ့တွေမှာ လုံခြုံရေးတပ်ဖွဲ့တွေက စပြီးအာဏာသိမ်းချိန်ကထက် ပိုပြီးတော့ရက်စက်ကြမ်းကြုတ်လာတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လက်နက်ကိရိယာတွေ တပ်ဆင်ထားပြီး လမ်းပေါ်မှာတွေ့သမျှလူတိုင်းကိုပစ်ခတ်ဖို့အတွက် အသင့်ရှိနေပုံပဲ” ဟု ရှင်းပြသည်။

မြန်မြန်ဆန်ဆန် အဆုံးသတ်မည်မဟုတ်ပါ

၎င်းက ဝမ်းနည်းစွာပင် “နိုင်ငံရေးကျွမ်းကျင်သူတွေရဲ့အဆိုအရ စစ်တပ်ဘက်ကရော၊ ဒီမိုကရေစီလိုလားတဲ့ပြည်သူတွေဘက်ကရော နောက်ပြန်ဆုတ်ကြဖို့ အဆင်သင့်မဖြစ်သေးဘူး။ စစ်တပ်က ‘တည်ငြိမ်ရေးနဲ့လုံခြုံရေး’အတွက် လူတွေကိုအကြမ်းဖက်ပိုင်ခွင့်ရှိတယ်လို့ သူ့ကိုယ်သူ ယုံကြည်နေတယ်” ဟုဆိုသည်။

သို့ရာတွင် လူငယ်များဦးဆောင်သော လမ်းများပေါ်တွင်လှုပ်ရှားမှုသည် မိမိတို့၏တိုင်းပြည်ကို စစ်အာဏာရှင်စနစ်မှလွတ်မြောက်စေရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ “အခြေအနေတွေက ပိုဆိုးလာတယ်” ဟု Heine-Geldern က သတိပေးခဲ့သည်။ ဤအကြောင်းကြောင့် သူသည် ဝိညာဉ်ရေးရာသနားကြင်နာမှုကို အရေးတကြီးတောင်းဆိုနေခြင်းဖြစ်သည်။ “ကျွန်တော်တို့ ပိုပြီးဆုတောင်းဖို့လိုတယ်။ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ကျွန်တော်တို့လိုအပ်ပါတယ်။ ကျေးဇူးပြုပြီး သင့်ရဲ့နေ့စဉ်ဆုတောင်းချက်ထဲမှာ မြန်မာလူမျိုးတွေအတွက်လည်း ထည့်သွင်းဆုတောင်း ပေးပါ” ဟူ၍ တောင်းဆိုခဲ့သည်။

မျှော်လင့်ခြင်း၏အမှတ်လက္ခဏာများသို့သော် Heine-Geldern သည် မြန်မာကက်သလစ်သာသနာတော်၏သက်သေခံချက်များကို တွေ့မြင်ရသဖြင့် မျှော်လင့်ချက်များစွာပြည့်နှက်နေသည်။ “ကက်သလစ်သီလရှင်တစ်ပါးရဲ့ အကြမ်းဖက်မှုကိုအဆုံးသတ်ဖို့ အသနားခံရင်း၊ စစ်တပ်ရဲ့လမ်းကြောင်းကိုပိတ်ဆို့ဖို့ ဒူးထောက်နေတဲ့ ပုံတွေက စိတ်လှုပ်ရှားစေတယ်။ ရဲနဲ့ဆန္ဒပြပြည်သူတွေကြားမှာ ပရိုတက်စတန်ဘုန်းတော်ကြီးနဲ့အတူ သွားရောက်ညှိနှိုင်းရာမှာအောင်မြင်ခဲ့တဲ့ ကက်သလစ်ရဟန်းတစ်ပါးသည်လည်းပဲ အစွမ်းထက်တဲ့ နောက်ထပ်ဥပမာတစ်ခုဖြစ်တယ်။ ရဟန်း၊သီလရှင်တို့ရဲ့လုပ်ရပ်တွေက တာဝန်ရှိသူတွေရဲ့စိတ်နှလုံးကို ပျော့ပြောင်းစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု Heine-Gledern က ပြောကြားခဲ့သည်။

 

https://bit.ly/3g3lZ84

Cred: CBCM-OSC

Add new comment

1 + 2 =