
လိုအပ်နေသူများသို့ သွားရောက်မျှဝေလှူဒါန်းခြင်း
Saturday, April 24, 2021
လိုအပ်နေသူများသို့ သွားရောက်မျှဝေလှူဒါန်းခြင်း
(24.4.2021)
RVA Myanmar
ဧပြီလ (၁၉) ရက်နေ့က မန္တလေးတိုင်းဒေသကြီး ၊ မြစ်ငယ်မြို့ ၊သီတာရပ်ကွက်တွင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သော မီးဘေးသင့် အိမ်ထောင်စု (၄) စု အား စိန့်ဂျိုးဇက် သီလရှင်များမှ အလှူရှင်များကိုယ်စား ဆန်၊ဆီ၊အာလူး၊ကြက်သွန် အစရှိသည့် အခြေခံစားသောက်ကုန်များကို (၂၄.၄.၂၀၂၁) ရက်နေ့ နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့ကြပါသည်။
စစ္စတာရ်များသည် မြစ်ငယ် မီးဘေးသင့် အိမ်ထောင်စုများအား သွားရောက်လှူဒါန်ရင်းလမ်းတလျှောက် ချို့တဲ့သည့် မိသားစု (၃၀) ဦးအားလည်း အခြေခံစားသောက်ကုန်များကို ပေးဝေလှူဒါန်းခဲ့ကြပါသည်။
ယခုကာလအတွင်း စားဝတ်နေရေးခက်ခဲသော သူများအား အလှူရှင်များကိုယ်စား စိန့်ဂျိုးဇက် သီလရှင်များကသွားရောက်လှူဒါန်းပေးနေခြင်းဖြစ်ပါသည်။
#Rvamyanmar #rvapastoralcare #doation #Mandalay #SaveMyanmar




Add new comment