လိုင်းပေါ်မှမစ္ဆားပူဇော်ခြင်းကိုကိုယ်တိုင်ပါ၀င်ခြင်းနှင့်အစားထိုးမရ

လိုင်းပေါ်မှမစ္ဆားပူဇော်ခြင်းကိုကိုယ်တိုင်ပါ၀င်ခြင်းနှင့်အစားထိုးမရ

လိုင်းပေါ်မှမစ္ဆားပူဇော်ခြင်းကိုကိုယ်တိုင်ပါ၀င်ခြင်းနှင့်အစားထိုးမရ

နိုင်ငံအတော်များများ၌ နည်းနည်းနှင့်ကျဲကျဲဖြင့်မစ္ဆားပူဇော်ခြင်း၌ပြန်လည်ပါ၀င်နေကြပြီဖြစ်သည်။ သို့သော်ပုံမှန် အနေအထားသို့ပြန်ရောက်ရန်အထူးလိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော်ကက်သလစ်ခရစ်ယာန်များအနေဖြင့်မစ္ဆားတ ရားပူဇော်ခြင်း၌အရေးပေါ်ကာလ၌လိုင်းမှသက်တောင့်သက်သာပါ၀င်ခဲ့ကြသော်လည်းကိုယ်တိုင်ကိုယ်ကျပါ၀င်ရန်အရေး ကြီးကြောင်း၊ လိုင်းပေါ်မှမစ္ဆားတရားပူဇော်ခြင်း၌ပါ၀င်ခြင်းသည် အခြေအနေပေါ်မူတည်၍ခွင့်ပြုခဲ့ရသော်လည်း ကိုယ်တိုင် ကိုယ်ကျပါ၀င်ပူဇော်ခြင်းနှင့်အစားထိုးမရကြောင်းအမိသာသနာတော်ကြီး၏၀တ်ပြုခြင်းဆိုင်ရာစည်းမျဉ်းစည်းကမ်းစီစစ် ရေးတာ၀န်ခံကာဒီနယ် Robert Sarah က ‘ကိုယ်တော်မြတ်စက္ကရာမင်တူးထံသို့၀မ်းမြောက်၀မ်းသာပြန်သွားကြစို့’ ဟုခေါင်း စဉ်ပေးထားသည့်စာတစ်စောင်ကိုနိုင်ငံအသီးသီးရှိကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ထံသို့ပေးပို့ထားသည်။ ဤကြေ ငြာချက်ကိုရဟန်းမင်းကြီး၏အတည်ပြုချက်ဖြင့်စက်တင်ဘာလ (၃) ရက်နေ့ကထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ခရစ်ယာန်အသက်တာသည်စုစည်းနှီးနှောမူရှိရသည်။

မျှော်လင့်မထားခဲ့သောကူးစက်ရောဂါဆိုးကြောင့်ဤအခြေအနေမျိုးဖြစ်ပေါ်လာခဲ့ရသည်။ ဤအခြေအနေသည် မိ သားစုအတွင်း၊ လူမူရေးနယ်ပယ်များ၌သာမဟုတ်ဘဲ သာသနာတော်ကြီး၏၀တ်ပြုခြင်းအခမ်းအနားများ၌လည်းလူစုလူ ေ၀းဖြင့်လုပ်ဆောင်ခြင်းကိုလည်းအဖျားခတ်လာသည်။ အမိသာသနာတော်၏၀တ်ပြုခြင်း၌ ဘာသာရေး၀တ္တရားကို ဖြည့်ဆည်းရုံသက်သက်မဟုတ်။ ဘုရား၏အဖြစ်တော်ကိုတိုက်ရိုက်ပတ်သက်စေသောအနက်ဆောင်သည့်အဓိပါ္ပယ်ရှိသည်။ ဘုရားသခင်သည်တစ်ဆူတည်း၌ပုဂ္ဂုလ်သုံးပါးရှိသည်။ ထို့အတူဘုရားသခင်သည်အမျိုးသား၊ အမျိုးသမီးများနှင့်ရင်းနှီးချစ် ကြည်မူရှိသည်။ ထို့အတူလူတို့ကိုလည်းသူနှင့်ရင်းနှီးချစ်ကြည်မူရှိရန်ဖိတ်ခေါ်သည်။

ခရစ်ယာန်များသည်ဘာသာရေး၌ သက်၀င်ယုံကြည်သူများရှိလာသည်နှင့်ဆုတောင်းသည့် ‘ဘုရားသခင်၏အိမ်တော်နှင့်သာသနာ၏အိမ်တော်’ ကိုလွှတ်လပ် စွာတည်ဆောက်ကြသည်။ အဘယ်ကြောင့်ဆိုသော်ထိုနေရာ၌အတူတကွစုစည်းခြင်းဖြင့်ဘုရားသခင်၏မိသားစု၀င်များအ ဖြစ်ခံစားလာရသည်။ ထို့ကြောင့်ဘုရားသခင်၏အိမ်တော်၌ ဘုရားသခင်၏သားသမီးများဖြင့်ရှိနေရန်လိုအပ်သည်’ ဟုစာ စောင်၌ထည့်သွင်းရှင်းပြထားသည်။ အရပ်သားအစိုးရနှင့်လည်းလက်တွဲလုပ်ဆောင်ကြပါ။ ခရစ်ယာန်အဖွဲ့အစည်းများအနေဖြင့် သီးသန့်ရပ်တည်ရန်၊ အဘယ်သူနှင့်မျှထိတွေ့ဆက်ဆံခြင်းမပြုဘဲတံခါးပိတ် ပြီးနေထိုင်သည့်စနစ်ကိုမကျင့်သုံးရ။ အစုအဖွဲ့၏တန်ဖိုးကိုတက်စေရန်နေထိုင်ရမည်။ အသင်းအဖွဲ့၏ကောင်းကျိုးအတွက် ဖွေရှာလုပ်ဆောင်ရမည်။

ခရစ်ယာန်များသည်အသင်းအဖွဲ့များကြားနေထိုင်ရမည်။

ယခုကဲ့သို့ကပ်ရောဂါဆိုးကြီးကြုံနေရ ချိန်၌လည်းလူ့အသင်းအဖွဲ့ကိုရှောင်ခွာနေ၍မရ။ ဒေသန္တရအာဏာပိုင်များ၊ ပညာရှင်များ၏လမ်းညွှန်ချက်ကိုနာခံ၍လက် တွဲလုပ်ဆောင်ရမည်။ သာသနာပိုင်ဆရာတော်ကြီးများအနေဖြင့်လက်တွေ့ဖော်ဆောင်ရန်ခက်ခဲပြီး၊ အကျိုးရှိထိရောက် မူနည်းသောဆုံးဖြတ်ချက်မျိုးကိုမချမိစေနှင့်။ အထူးသဖြင့်ဘာသာတူများအား မစ္ဆားတရားနှင့်ကင်းကွာအောင်ကြာမြင့်စွာ တားမြစ်ထားခြင်းတို့ဖြစ်သည်။ ဆိုလိုသည်မှာအခြေအနေဖန်တီးနိုင်သမျှဖန်တီး၍ မစ္ဆားတရားနှင့်ကြာမြင့်စွာမ‌ေ၀းကွာ စေရန်လည်းထည့်သွင်းစဉ်းစားရမည်။

ကိုဗစ်မဖြစ်ပွားခင်အချိန်သို့ပြန်လည်ရောက်ရှိရန်အရေးတကြီးလိုအပ်နေ၊

အခြေအနေပြန်ပေးသည်နှင့်ကိုဗစ်ကပ်ရောဂါဆိုးကြီးမဖြစ်ခင်ခရစ်ယာန်တို့၏၀ိညာဉ်ရေးပုံမှန်အနေအထားဖြစ် သည့်ဘုရားကျောင်းသည်ခရစ်ယာန်တိုင်း၏အိမ်၊ ၀တ်ပြုခြင်းကိုကျင်းပရာနေရာ၊ အထူးသဖြင့်ခရစ်ယာန်တို့၏အသက် သွေးကြောဖြစ်သည့်မစ္ဆားတရားပူဇော်ရာနေရာဖြစ်သည်။ ထို့အတူ၄င်းသည်ဘုရားသခင်၏အလွန်အစွမ်းထက်သောတန်ခိုး များစီးထွက်လာရာစမ်းအိုင်လည်းဖြစ်သည်။ (၀တ်ပြုခြင်းဆိုင်ရာလမ်းညွှန်စာအုပ် - နံပါတ် ၁၀) ဘုရားသခင်သည်သူဖန် ဆင်းသောလူသားကိုအလွန်ခက်ခဲသောအချိန်၌ပင်လျှင်စွန့်ပစ်ထားခဲ့ခြင်းမရှိ။ ကျေးဇူးတော်သီးပွင့်စေခဲ့သည်။ ကျွန်ုပ်တို့ သည်ကိုယ်တော်မြတ်ကိုမပင့်ယူရဘဲကြာမြင့်စွာနေထိုင်ရင်းရှောင်နေခဲ့ရသည်။

ဤသို့ကြာရှည်စွာနေခဲ့ရခြင်းအားဖြင့်မိမိ တို့၏ဘ၀၌ကိုယ်တော်မြတ်သည်အဘယ်မျှအရေးကြီးကြောင်း၊ ကိုယ်တော်မြတ်၏အနက်အဓိပ္ပါယ်၊ အဖိုးမဖြတ်နိုင်သော တန်ဖိုးကိုပိုသိရှိခံစားလာရသည်။ ထို့ကြောင့်အခြေအနေပေးသည်နှင့်ဘုရားသခင်ကိုအလွန်တွေ့လို၊ ဖူးလိုသော စိတ်အား ထက်သန်မူ၊ ပင့်ယူလိုစိတ်၊ မိမိတို့ညီအစ်ကိုများထံသို့ပင့်ဆောင်သွားပေးလိုသောစိတ်များဖြင့်ကိုယ်တော်မြတ်ထံသို့ပြန်ဦး လှည့်ကြပါစို့။ သို့မှသာကျွန်ုပ်တို့အားလုံးလည်းယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်မျှော်လင့်ခြင်းဖြင့်အသက်တာကိုပြည့်၀စွာရှင်သန် နိုင်ပေမည်။

မစ္ဆားပူဇော်ခြင်း၌ကိုယ်တိုင်ပါ၀င်ရန်လိုအပ်သည်။

အွန်လိုင်းမှထုတ်လွှင့်သောမစ္ဆားပူဇော်ခြင်းများသည် ဘုရားကျောင်းမသွားနိုင်သောမကျန်းမမာသူများအတွက်အ ဖိုးမဖြတ်နိုင်သော်လည်း ထိုပါ၀င်ခြင်းသည်ကိုယ်တိုင်ကိုယ်ပါ၀င်ခြင်းကဲ့သို့အကျိုးကျေးဇူးမရှိလှ။ အစားထိုး၍လည်းမရ။ လိုင်းမှဘုရား၀တ်ပြုခြင်းကိုသာပြုလျင်ကျွန်ုပ်တို့အားလူ့အဖြစ်ကိုယူသောဘုရားနှင့်လက်ပွန်းတသီးရှိနေမည်ကို‌ဝေးကွာသွားစေမည်ကိုစိုးရိမ်ရသည်။ အဘယ်ကြောင့်ဆိုသော်လူသားများအလယ်တွင်ဘုရားအဖြစ်၊ လူ့အဖြစ်ဖြင့်စံပါ္ပယ်သော ယေဇူးသခင်သည်သဘောတရားမျှမဟုတ်။ ကိုယ်တိုင်ကိုယ်ကျစံပ္ပါယ်နေခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်ယေဇူးသ ခင်က ‘ကိုယ်တော်မြတ်စက္ကရာမင်းတူမပင့်ယူဘဲကြာမြင့်စွာနေခဲ့ကြသူ၊ ကြောက်ရွံ့နေခဲ့ကြသူ၊ စိတ်ဓာတ်ကျဆင်းနေခဲ့ သောသင့်ညီအစ်ကိုတို့ကိုပြန်လာရန်ဖိတ်ခေါ်ပါ’ ဟုမိန့်ကြားနေပါသည်။

(သံယောဟန် ၆း၅၆) ဘုရားသခင်နှင့်ကိုယ်တိုင်ထိတွေ့မူသည်အလွန်အသက်ဝင် စေသည်။ လက်လွှတ်ဆုံးရှုံး၍မရ။ အစားထိုး၍လည်းမ ရ။ ထို့ကြောင့်ကိုဗစ်ရောဂါပျံ့ပွှားမူနှုန်းလျော့နည်းကျဆင်းလာ၍သက်ဆိုင်ရာအာဏာပိုင်များ၏ခွင့်ပြုနိုင်သည့်အတိုင်းလူစု လူ‌ဝေးဖြင့်ပြန်လည်ဆုတောင်း၀တ်ပြုခြင်းကိုပြုလုပ်ရမည်။ ထို့အတူကိုယ်တော်မြတ်နှင့်ကြာမြင့်စွာ‌ဝေးကွာနေခဲ့သော ညီအစ်ကိုမောင်နှမများကိုကိုယ်တော့်ထံပြန်လည်ပို့ဆောင်ပေးကြရမည်။

မစ္ဆားတရားပူဇော်ခြင်းသို့ပြန်လည်ပါ၀င်ကြရန်တိုက်တွန်း

ကိုယ်တိုင်မစ္ဆားပူဇော်ခြင်း၌ပါ၀င်နိုင်ရေးကိုတိုးမြှင့်လုပ်ဆောင်ရန်၊ ထို့အတူရောဂါကူးစက်ခြင်းမရှိစေရန်ညွှန်ကြား ချက်များနှင့်အညီလုပ်ဆောင်ထားရန်၊ သို့မှသာဘာသာတူများအနေဖြင့်စိုးရိမ်စိတ်၊ ကြောက်စိတ်များမှကင်း‌ေ၀းပြီး၊ ယုံ ကြည်စိတ်ချစွာဖြင့်လာကြမည်ဖြစ်ကြောင်း၊ ပို၍ထိရောက်ပြီး၊ လက်တွေ့ကျသောလမ်းညွှန်ချက်ကိုမူသက်ဆိုင်ရာသာသ နာပိုင်ဆရာတော်များ၏အမျှော်အမြင်ရှိခြင်းအပေါ်၌လည်းမူတည်ကြောင်း၊ သို့သော်ဒေသအာဏာပိုင်များသည်၀တ်ပြုခြင်း ကိုတိုက်ရိုက်၀င်ရောက်စွပ်ဖက်ညွှန်ကြားခြင်းမျိုးကိုမူပြုပိုင်ခွင့်မရှိကြောင်း၊ သာသနာပိုင်များကသာကျန်းမာရေးရူထောင့်မှ သော်လည်းကောင်း၊ ဒေသအာဏာပိုင်များ၏ညွှန်ကြားချက်နှင့်သွေဖီမသွားအောင်စီစဉ်ကြရမည်ဖြစ်သည်။ အမိသာသနာတော်ကြီး၏၀တ်ပြုခြင်းဥပဒေသကိုလိုက်နာကြပါ။ ယခုကဲ့သို့အရေးပေါ်အချိန်ကာလမျိုး၌ ၀တ်ပြုခြင်းကိုကျင်းပရမည်ဖြစ်သော်လည်း အမိသာသနာတော်ကြီး၏ ၀တ်ပြုခြင်းဆိုင်ရာနည်းဥပဒေသရှိသည့်အတိုင်းလုပ်ဆောင်ရမည်။ ထို့အတူဘာသာတူများ၏အခွင့်အရေးကိုလည်းအသိ အမှတ်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာကိုယ်တော်မြတ်ပင့်ယူပိုင်ခွင့်ရရှိခြင်းနှင့်ကိုယ်တော်မြတ်ကိုဖူးမြှော်နိုင်ခွင့်ရှိအောင် လည်းစီစဉ်ပေးရမည်။ ရောဂါကူးစက်မည်ကိုကြောက်စိတ်လွန်၍ကျန်းမာရေး၀န်ကြီးဌာန၊ သို့မဟုတ်သာသနာပိုင်ဆရာ တော်၏ညွှန်ကြားချက်များထက်လွန်ကဲသတ်မှတ်ပိတ်ပင်ခြင်းများကိုမပြုလုပ်ရ။ သာသနာပိုင်ဆရာတော်အားနာခံကြပါ။ အမှားကင်းစေသည့်အကောင်းဆုံးနည်းလမ်းကားနာခံခြင်းဖြစ်သည်။ အမိသာသနာတော်ကြီး၏ဥပဒေသကိုနာခံ ခြင်း၊ သာသနာပိုင်ဆရာတော်အားနာခံခြင်းဖြစ်သည်။ ခက်ခဲသောအချိန်၌ဥပမာအားဖြင့် စစ်ဖြစ်ပွားနေသောကလ၊ ရောဂါ ကပ်ဆိုးကြီးကျရောက်ဖြစ်ပွားနေသောကာလကဲ့သို့သောအချိန်မျိုး၌သာသနာပိုင်ဆရာတော်များ၊ မိမိတို့နိုင်ငံ၏ကက်သ လစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏လမ်းညွှန်ချက်များကိုတိကျစွာလိုက်နာရမည်။ နားထောင်ခြင်းသည်အမိသာသနာတော် ကြီးအားယုံကြည်စွာအပ်နှံထားသောရတနာကိုကာကွယ်ခြင်းဖြစ်သည်။ သို့သော်အရေးပေါ်ကာလကညွှန်ကြားထားသော လုပ်ဆောင်ရမည့်အချက်များသည်ထိုအရေးပေါ်ကာလလွန်မြောက်သွားပြီး၊ ပုံမှန်အခြေအနေပြန်ရောက်သည်နှင့်ပျက်ပြယ် သွားပြီး၊ ၀တ်ပြုခြင်းကိုယခင်ပုံမှန်အတိုင်းပြုလုပ်ရမည်ဖြစ်သည်။ အများပြည်သူ၏ကျန်းမာရေးနှင့်ထာ၀ရကယ်တင်ခြင်း အမိသာသနာတော်ကြီးသည်လူသားထုတစ်ရပ်လုံးကိုဆက်လက်တန်ဖိုးထားသွားမည်ဖြစ်ပါသည်။ အဘယ် ကြောင့်ဆိုသော်လောကအသက်တာသည်အရေးကြီးသကဲ့သို့၊ ထာ၀ရအသက်တာသည်ပို၍ပင်အရေးပါပါသည်။ အမိ သာသနာတော်ကြီးသည်အများပြည်သူ၏ကျန်းမာခြင်းကိုလည်းအလေးထားဆောင်ရွက်ရင်း၀မ်းမြောက်ဖွယ်ရာသ တင်းကောင်းကိုကြေငြာဟောပြောကာထာ၀ရကယ်တင်ခြင်းသို့အတူလျှောက်လှမ်းသွားမည်ဖြစ်ကြောင်းကာဒီနယ် Sarah ကအဆိုပါစာစောင်တွင်ထည့်သွင်းရှင်းပြထားသည်။

 

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : ANSA

https://bit.ly/3mjOgIc

 

Add new comment

15 + 4 =