လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုခြင်း၊ အာပတ်ဖြေခြင်းဆိုင်ရာကိစ္စနှင့် အခြားသောအကြောင်းအရာများကို ပုပ်ဖရန်စစ်နှင့်ပြင်သစ်၀န်ကြီးချုပ်တို့ဆွေးနွေးခဲ့ကြ

လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုခြင်း၊ အာပတ်ဖြေခြင်းဆိုင်ရာကိစ္စနှင့် အခြားသောအကြောင်းအရာများကို ပုပ်ဖရန်စစ်နှင့်ပြင်သစ်၀န်ကြီးချုပ်တို့ဆွေးနွေးခဲ့ကြ

လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုခြင်း၊ အာပတ်ဖြေခြင်းဆိုင်ရာကိစ္စနှင့် အခြားသောအကြောင်းအရာများကို ပုပ်ဖရန်စစ်နှင့်ပြင်သစ်၀န်ကြီးချုပ်တို့ဆွေးနွေးခဲ့ကြ

            ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ပြင်သစ်၀န်ကြီးချုပ် Jean Castex အားလက်ခံတွေ့ဆုံခဲ့သည်။ ၄င်းတို့နှစ်ဦးသည် မည်သည့် စကားပြန်မျှမလိုအပ်ဘဲ ပြေပြစ်စွာပြောဆိုဆွေးနွေးနိုင်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ပြင်သစ်၀န်ကြီးချုပ်သည် ပြင်သစ်နှင့် စပိန်နယ်စပ်မြို့၌မွေးဖွားကြီးပြင်းခဲ့၍ စပိန်စကားကိုကောင်းစွာပြောဆိုနိုင်သည်။ ၄င်းတို့၏တွေ့ဆုံချိန်မှာ မိနစ် (၃၀) မျှကြာမြင့်ခဲ့ သည်။

              ရဟန်းမင်းကြီးနှင့်တွေ့ဆုံစကားပြောဆိုဆွေးနွေးရာ၌ အကြောင်းအရာများစွာဖြစ်သော လက်ဘနွန်၊ အီရတ်၊ တူရကီတို့အခြေအနေနှင့်စပ်လျင်း၍အမြင်များဖလှယ်ရာတွင် တူညီသောသဘောထားများရှိကြကြောင်း၊ ထို့အတူ Glasgow ၌မကြာမီကျင်းပ မည့် COP26 ရာသီဥတုဆိုင်ရာအစည်း အဝေးကြီးကိုလည်းစိတ်၀င်တစားရှိနေကြောင်း၊ ပြင်သစ်နိုင်ငံရှိ ဘာသာ‌ရေးခေါင်းဆောင် များမှ (၁၉၅၀) မှစ၍ကျူးလွန်လာခဲ့သော လိင်ပိုင်းဆိုင်ရာပြစ်မှုများနှင့်ပတ်သက်၍ မကြာမီကထွက်ပေါ်လာခဲ့သော တင်ပြချက် များနှင့်စပ်လျင်း၍ သာသနာတော်ကြီးအနေဖြင့် အဘယ်သို့ကိုင်တွယ်ဖြေရှင်းမည့်အကြောင်းများကိုလည်းဆွေးနွေးခဲ့ကြကြောင်း၊ ထို့အတူ ဤပြစ်မှုနှင့်စပ်လျင်း၍ အာပတ်ဖြေခြင်းစက္ကရာမင်တူးဆိုင်ရာစောင့်ဆည်းရမည့်ကတိက၀ပ် (the seal of confession) ကို ပြေလည်အောင်အဘယ်သို့စေ့စပ်ပေးနိုင်မည်ဖြစ်ကြောင်း၊ လိင်ပိုင်းဆိုင်ရာကျူးလွန်သည်ကိုခံခဲ့ရသော သူများလည်းမည်သို့ဖြေရှင်း ပေးနိုင်မည်တို့ကိုဆွေးနွေးခဲ့ကြောင်း၊ ယခုကဲ့သို့ နိမိတ်ကောင်းသောတွေ့ဆုံခြင်း၌ လက်ဆောင်များလည်းဖလှယ်ခဲ့ကြ​သည်ဟုဆိုသည်။       

            ပြင်သစ်၀န်ကြီးသည် ရဟန်းမင်းကြီးအား ပါရီမှ စိန့်ဂျက်မာဘောလုံး၀တ်စုံကိုလက်ဆောင်၀ယ်လာပေးပြီး၊ ထို၀တ်စုံ၌ အာဂျင်တီးနားဘောလုံးအကျော်အမော် လေအိုနယ်လ်မက်ဆီ၏လက်မှတ်လည်းပါရှိသည်။ ရဟန်းမင်းကြီးမှ၀န်ကြီးချုပ်အား ‘The work that goes into the grap, into the vine, helps us to walk towards eternal life’ ဟုစာသားပါသော ကျောက်ပန်းချီကား တစ်ခုကိုပြန်လည်လက်ဆောင်ပေးခဲ့သည်။ ထို့အတူ ရဟန်းမင်းကြီးမှထုတ်‌ေ၀ဖြန့်ချီခဲ့သောစာချွန်တော်များဖြစ်သည့် ဆူနီအီစလာမ်ဘာသာရေးခေါင်းဆောင်နှင့်အတူလက်မှတ်ရေးထိုခဲ့သောစာချွန်တော်များကိုလည်းလက်ဆောင်ပေးခဲ့သည်။   

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of Free Press Journal 

https://bit.ly/3pw1YeK

 

Add new comment

2 + 6 =