လားရှိုးကက်သလစ်သာသနာလုံးဆိုင်ရာကျန်းမာရေးကော်မရှင်အဖွဲ့ နယ်လှည့်ဆေးကုသခြင်း။

လားရှိုးကက်သလစ်သာသနာလုံးဆိုင်ရာကျန်းမာရေးကော်မရှင်အဖွဲ့ နယ်လှည့်ဆေးကုသခြင်း။

လားရှိုးသာသနာလုံးဆိုင်ရာ ကျန်းမာရေးကော်မရှင်မှ Fr.Stephen မျိုးမင်းသိန်း ဦးဆောင်သော  ရွှေနှလုံးတော်ဆေးအဖွဲ့၏ နယ်လှည့်ဆေးကုသခြင်းအစီအစဉ်ကို ၂၀၁၈ ခုနှစ်က  စတင်ခဲ့ခြင်းဖြစ်ပါတယ်။

ဆေးရုံဆေးခန်း မရှိ၊ ဆရာဝန် ၊ ဆရာမ မရှိတဲ့ နေရာ  ဒေသတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုရရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် တက်နိုင်သလောက်သွားရောက်ပြီး ဆေးကုသပေးခြင်းဖြစ်ကြောင်းကို ကျန်းမာရေး ကော်မရှင် ဒါရိုက်တာ ဖာသာရ်စတီးဖင်း မျိုးမင်းသိန်းက ပြောပြခဲ့ပါတယ်။

ဆေးအဖွဲ့ဝင်စုစုပေါင်း(၂၀)ကျော်ရှိပြီးဆရာဝန်(၂)ဦးလည်းပါ၀င်တယ်လို့သိရှိရပါတယ်။ဆေးအဖွဲ့မှာပါ၀င်သူ အားလုံးဟာ  အခမဲ့ လာရောက်ဆက်ကပ်ကြခြင်းဖြစ်ပါတယ်။

နယ်လှည့်ဆေးကုသဖို့လိုအပ်တဲ့ဆေးဝါးစာရိတ်တွေကိုတော့ အစပထမပိုင်းမှာ  လားရှိုးသာသနာ ဆရာတော်က ကူညီပံ့ပိုးခဲ့ပြီး ယခုနောက်ပိုင်းမှာတော့ နေရှင်နယ်ကျန်းမာရေးကော်မရှင်အဖွဲ့ကနေပြီး အနည်းငယ် ပံ့ပိုးမှု တွေရရှိသလို ၊ ဒေသခံ ဘာသာတူအလှူရှင်များ၏ ကူညီပ့့ံပိုးမှုများဖြင့် ဆေးကုသပေးနေခြင်း  ဖြစ်တယ်လို့ သိရှိရပါတယ်။

လာရှိုးသာသနာကျန်းမာရေးကော်မရှင် အနေဖြင့် နယ်လှည့်ဆေးကုသခြင်းကို နှစ်လတစ်ကြိမ် လှည့်လည် ကုသပေးလျှက်ရှိပါတယ်။သွားရောက်ကုသရင်းကြီးမားတဲ့ရောဂါလက္ခဏာတွေ့ရှိရသူတွေကိုလည်း ဆေးရုံကြီး တွေမှာပြန်ပြီး ချိတ်ဆက် ကုသပေးတယ်လို့လည်းသိရှိရပါတယ်။ဒေသခံရွာမှာနေထိုင်သူအားလုံးကိုအခမဲ့ဆေးကုသပေးခြင်းဖြစ်ပါတယ်။

သွားရောက်ကုသပေးခဲ့သည့်နေရာမှ ဒေသခံများထဲမှ ဒေသခံတစ်ဦးကလည်း ပိုက်ဆံမရှိလို့ ဆေးမကုသနိုင်ကြတဲ့ နေရာဒေသကို လာရောက်ပြီး အခမဲ့ဆေးကုသပေးတဲ့အတွက်ကျေးဇူးတင်ကြောင်း၊၊ကျန်းမာရေးသာမကဒီရွာမှာ ငွေကြေးချို့တဲ့ လို့  ပညာရေးကိုပင် ဆုံးခန်းတိုင်အောင် မသင်ကြားနိုင်ကြကြောင်း၊ ဖြစ်နိုင်ရင် တစ်လတစ်ကြိမ်လောက်လာရောက်ပြီး ကျန်းမာရေး ကုသပေးမှုတွေကို လုပ်ဆောင်ပေး စေလိုကြောင်း ကို ပြောပြခဲ့ပါတယ်။

လားရှိုးကက်သလစ် သာသနာ ကျန်းမာရေးကော်မရှင် အနေဖြင့် ယခုလို နယ်လှည့်ကုသနေခြင်းသည် ၂၀၁၉ခုနှစ်  သြဂုတ် လထိဆိုလျှင် (၇) ကြိမ်မြောက် လှည့်လည်ကုသပြီး ဖြစ်တယ်လို့ လားရှိုးသာသနာလုံး ဆိုင်ရာ ကျန်းမာရေးကော်မှရင် ဒါရိုက်တာ ဖာသာရ်စတီးဖင်း မျိုးမင်းသိန်းက ပြောပြခဲ့ပါတယ်။

News By - Pinky

 

 

Zawgyi

လား႐ွိဳးကက္သလစ္သာသနာလံုးဆိုင္ရာက်န္းမာေရးေကာ္မရွင္အဖြဲ႔ နယ္လွည့္ေဆးကုသျခင္း။

 

လား႐ွိဳးသာသနာလံုးဆုိင္ရာ က်န္းမာေရးေကာ္မရွင္မွ Fr.Stephen မ်ဳိးမင္းသိန္း ဦးေဆာင္ေသာ  ေရႊႏွလံုးေတာ္ေဆးအဖြဲ႔၏ နယ္လွည့္ေဆးကုသျခင္းအစီအစဥ္ကို ၂၀၁၈ ခုႏွစ္က  စတင္ခဲ့ျခင္းျဖစ္ပါတယ္။

ေဆးရံုေဆးခန္း မရွိ၊ ဆရာ၀န္ ၊ ဆရာမ မရွိတဲ့ ေနရာ  ေဒသေတြမွာ က်န္းမာေရး ေစာင့္ေရွာက္မႈရရွိႏုိင္ရန္ ရည္ရြယ္ခ်က္ျဖင့္ တက္ႏုိင္သေလာက္သြားေရာက္ၿပီး ေဆးကုသေပးျခင္းျဖစ္ေၾကာင္းကို က်န္းမာေရး ေကာ္မရွင္ ဒါရိုက္တာ ဖာသာရ္စတီးဖင္း မ်ဳိးမင္းသိန္းက ေျပာျပခဲ့ပါတယ္။

ေဆးအဖြဲ႕၀င္စုစုေပါင္း(၂၀)ေက်ာ္ရွိၿပီးဆရာ၀န္(၂)ဦးလည္းပါ၀င္တယ္လို႔သိရွိရပါတယ္။ေဆးအဖြဲ႔မွာပါ၀င္သူ အားလံုးဟာ  အခမဲ့ လာေရာက္ဆက္ကပ္ၾကျခင္းျဖစ္ပါတယ္။

နယ္လွည့္ေဆးကုသဖို႔လိုအပ္တဲ့ေဆး၀ါးစာရိတ္ေတြကိုေတာ့ အစပထမပိုင္းမွာ  လားရွိဳးသာသနာ ဆရာေတာ္က ကူညီပံ့ပိုးခဲ့ၿပီး ယခုေနာက္ပိုင္းမွာေတာ့ ေနရွင္နယ္က်န္းမာေရးေကာ္မရွင္အဖြဲ႔ကေနၿပီး အနည္းငယ္ ပံ့ပိုးမႈ ေတြရရွိသလို ၊ ေဒသခံ ဘာသာတူအလွဴရွင္မ်ား၏ ကူညီပ့့ံပိုးမႈမ်ားျဖင့္ ေဆးကုသေပးေနျခင္း  ျဖစ္တယ္လို႔ သိရွိရပါတယ္။

လာရွိဳးသာသနာက်န္းမာေရးေကာ္မရွင္ အေနျဖင့္ နယ္လွည့္ေဆးကုသျခင္းကို ႏွစ္လတစ္ၾကိမ္ လွည့္လည္ ကုသေပးလွ်က္ရွိပါတယ္။သြားေရာက္ကုသရင္းႀကီးမားတဲ့ေရာဂါလကၡဏာေတြ႔ရွိရသူေတြကိုလည္း ေဆးရံုႀကီး ေတြမွာျပန္ၿပီး ခ်ိတ္ဆက္ ကုသေပးတယ္လို႔လည္းသိရွိရပါတယ္။ေဒသခံရြာမွာေနထုိင္သူအားလံုးကိုအခမဲ့ေဆးကုသေပးျခင္းျဖစ္ပါတယ္။

သြားေရာက္ကုသေပးခဲ့သည့္ေနရာမွ ေဒသခံမ်ားထဲမွ ေဒသခံတစ္ဦးကလည္း ပိုက္ဆံမရွိလို႔ ေဆးမကုသႏိုင္ၾကတဲ့ ေနရာေဒသကို လာေရာက္ၿပီး အခမဲ့ေဆးကုသေပးတဲ့အတြက္ေက်းဇူးတင္ေၾကာင္း၊၊က်န္းမာေရးသာမကဒီ၇ြာမွာ ေငြေၾကးခ်ိဳ႕တဲ့ လို႔  ပညာေရးကိုပင္ ဆံုးခန္းတိုင္ေအာင္ မသင္ၾကားႏုိင္ၾကေၾကာင္း၊ ျဖစ္ႏုိင္ရင္ တစ္လတစ္ၾကိမ္ေလာက္လာေရာက္ၿပီး က်န္းမာေရး ကုသေပးမႈေတြကို လုပ္ေဆာင္ေပး ေစလိုေၾကာင္း ကုိ ေျပာျပခဲ့ပါတယ္။

လားရွိဳးကက္သလစ္ သာသနာ က်န္းမာေရးေကာ္မရွင္ အေနျဖင့္ ယခုလို နယ္လွည့္ကုသေနျခင္းသည္ ၂၀၁၉ခုႏွစ္  ၾသဂုတ္ လထိဆုိလွ်င္ (၇) ႀကိမ္ေျမာက္ လွည့္လည္ကုသၿပီး ျဖစ္တယ္လို႔ လားရွိဳးသာသနာလံုး ဆုိင္ရာ က်န္းမာေရးေကာ္မွရင္ ဒါရိုက္တာ ဖာသာရ္စတီးဖင္း မ်ဳိးမင္းသိန္းက ေျပာျပခဲ့ပါတယ္။

News By - Pinky

Add new comment

1 + 0 =