လာမည့်ရက်သတ္တပတ်မှာ ပုပ်ဖရန်စစ် အပန်းဖြေ အနားယူရက်စတင်မည်

လာမည့်ရက်သတ္တပတ်မှာ ပုပ်ဖရန်စစ် အပန်းဖြေ အနားယူရက်စတင်မည်

လာမည့်ရက်သတ္တပတ်မှာ ပုပ်ဖရန်စစ် အပန်းဖြေ အနားယူရက်စတင်မည်

အစဉ်အလာအတိုင်း၊ ဂျုလိုင်လမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်ဟာ ခဏတာ အပန်းဖြေ အနားယူမှာဖြစ်ပါတယ်။ ကိုရိုနာ ကပ်ဘေးကြောင့် တွေ့ဆုံစည်းဝေးခြင်း များများစားစားမရှိသော် လည်း ပုံမှန်လို ဧည်သည်များ
နှင့်တွေ့ဆုံခြင်းအစီအစဉ်များကို ပြုလုပ်မှာမဟုတ်ပါဘူး။ အနားယူခြင်း အချိန်ကိုတော့ဘယ်မှ မသွားတော့ပဲ ရောမ မှာသာနေပြီး အနား ယူမှာဖြစ်​တယ်လို့ အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်းအစီအစဉ်မှာအရှင်သူမြတ်ကကြေငြာခဲ့တာပါ။

တနင်္ဂနွေနေ့အန်ဂျေလူးမေတ္တာရွတ်ဆိုကာ စိန့်ပီတာရင်ပြင်တော်အထက် ပြတင်း၀မှာကောင်းကြီးပေးတဲ့ ပုံမှန် အစီအစဉ် နဲ့ လန်ပေဒူးဆာ ကျွန်းကို ပုပ်အဖြစ် ပထမဆုံးကြွရောက်လည်ပတ်ခဲ့တဲ့ တနှစ်ပြည့်အထိမ်းအမှတ် အနေနဲ့ ဂျုလိုင်လ ၈ ရက်နေ့ ပြောင်းရွေ့အလုပ် သမားများနှင့်တွေ့ဆုံခြင်းများကိုတော့ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပါတယ်ဆိုတာကို Rome Reports သတင်းအရ သိရှိရပါတယ်။

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊SJA

https://bit.ly/31sJArf

Add new comment

1 + 11 =

Please wait while the page is loading