လာမည့်တနင်္ဂနွေနေ့ ၂၃ ရက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တနင်္ဂနွေနေ့ ကို ပုပ်ဖရန်စစ်ကျင်းပမည်

လာမည့်တနင်္ဂနွေနေ့ ၂၃ ရက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တနင်္ဂနွေနေ့ ကို ပုပ်ဖရန်စစ်ကျင်းပမည်

လာမည့်တနင်္ဂနွေနေ့ ၂၃ ရက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တနင်္ဂနွေနေ့ ကို ပုပ်ဖရန်စစ်ကျင်းပမည်

လာမည့်တနင်္ဂနွေနေ့ 23 ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် သည် စိန့်ပီတာ ဘုရားကျောင်း၌ ကျင်းပမည့် ဘုရားသခင်၏ နှုတ်ကပတ်တော် တနင်္ဂနွေနေ့အတွက် ဂုဏ်ပြုပွဲကို ဦးဆောင် ဆောင်ရွက်မည်ဖြစ်သည်။

သူ၏ တင်ပါးဆုံရောဂါ နောက်ဆက်တွဲပြဿနာများကြောင့် အရင်နှစ်တွင်သူသည်အခမ်းအနားကိုမကျင်းပနိုင်ခဲ့ပေ။ ပုပ်ရဟန်းမင်းကြီးကိုယ်တိုင် ၂၀၁၉ တွင်ကျင်းပပြုလုပ်ခဲ့သော အထိမ်းအမှတ်ပွဲဖြစ်သောကြောင့် မကျင်းပပဲထားဖို့ ခက်ခဲနေမည်ဖြစ်သည်။

"ကယ်တင်ပေးသောနှုတ်ကပတ်တော်သည် ကောင်းမွန်စွာထိန်းသိမ်းထားသော သန့်ရှင်းပြီး လုံခြုံသောနေရာများကို လိုက်ရှာတာမျိုးမဟုတ်ဘဲ ကျွန်ုပ်တို့၏ခက်ခဲရှုပ်ထွေးမှုများနဲ့ အမှောင်နေရာထဲကို ရောက်လာခြင်းဖြစ်တယ်။ယနေ့လည်း ဘုရားသခင်ဟာ ကျွန်ုပ်တို့ မထင်မှတ်တဲ့နေရာတွေကို လာရောက်ဖို့ သူအလိုရှိတယ်"ဟု ပုပ်ရဟန်းမင်းကြီးက မိန့်ကြားတော်မူခဲ့ပါတယ်။

ဒီပွဲအတွက် ပုပ်ရဟန်းမင်း ကြီး၏ ရည်ရွယ်ချက်က ကက်သလစ်ဘာသာဝင်များ သမ္မာကျမ်းစာကို သိရှိခြင်း၏ အရေးကြီးပုံကို သတိပေးဖို့ဖြစ်ပြီး ဖွင့်ပွဲမှာ ပါဝင်သူအများအပြားအချို့ကို ကျမ်းစာများပေးခဲ့တာဖြစ်ပါတယ်။

ဘုရားသခင်၏ နှုတ်ကပတ်တော်တနင်္ဂနွေနေ့ကို ခရစ္စမတ်ပြီးနောက် တတိယကြိမ် သာမန် တနင်္ဂနွေနေ့တွင် ကျင်းပလေ့ရှိပါတယ်။

ဘာသာပြန်-အာဗီအေမြန်မာ

https://bit.ly/3tDD4Mn

Add new comment

8 + 1 =