လာမည့် (၂၀၂၃) အိုင်ယာလန်နိုင်ငံ၌ ဖရန် စစ္စကင်နှင့်ဒိုမိနစ်ကန်ဘုန်းတော်ကြီးများရှိနိုင်တော့မည်မဟုတ်ဟုဆို

လာမည့် (၂၀၂၃) အိုင်ယာလန်နိုင်ငံ၌ ဖရန် စစ္စကင်နှင့်ဒိုမိနစ်ကန်ဘုန်းတော်ကြီးများရှိနိုင်တော့မည်မဟုတ်ဟုဆို

လာမည်နှစ် (၂၀၂၃) တွင် အိုင်ယာလန်နိုင်ငံ၌ ဖရန် စစ္စကင်နှင့်ဒိုမိနစ်ကန်ဘုန်းတော်ကြီးအသင်း၌ ဒေ သမှခေါ်တော်မူခြင်းမရရှိတော့၍ ၄င်းတို့သီတင်းသုံးနေသော Waterford and Lismore သာသနာများမှ ကျောင်းများကိုပိတ်ရတော့မည်ဖြစ်ကြောင်း ဆရာတော် Alphonsus Cullinan ကကြေညာခဲ့သည်။

အဆိုပါသာသနာများသည် (၁၃) ရာစုက ဘကယ်နက်ဒစ်တင်းရသေ့နှင့်ဒိုမိနစ်ကန်ဘုန်းတော်ကြီးများက တည်ထောင်ခဲ့သည်။ ဤကြေညာချက်နှင့်ဤဆုံးဖြတ်ချက်သည် သာသနာနှစ်ခုလုံးအား ၀မ်းနည်းစရာ သတင်းဖြစ်ခဲ့သည်။ လက်ရှိအမှုထမ်းနေကြသော ဘုန်းတော်ကြီးများသည် အသက်အရွယ်ကြီးရင့်လာ ကြပြီး ကျန်းမာရေးလည်းဆုတ်ယုတ်လာနေကြသည်။ သာသနာအတွင်း၌ ရသေ့တို့၏၀တ်ရုံရှည်ဖြင့် သွားလာနေခဲ့ခြင်းသည် ၄င်းတို့အားနွေးထွေးမှု၊ ကြည်နူးစရာမြင်ကွင်းဖြစ်ခဲ့သည်ဟုဆိုသည်။ ဘုရားသခင်ရှိနေသ ကဲ့သို့ခံစားရကြောင်း သူတို့သီတင်းသုံးသောကျောင်းများသည် ဆုတောင်းရာအိမ်တော်၊ တိတ်ဆိတ်ပြီး နှစ်သိမ့်မှုခံစားရ၊ မှီခိုအားကိုးရသောကျောင်းတော်များဖြစ်ကြောင်း၊ လူထောင်သောင်းမကသူတို့အပေါ် ၄င်း တို့၏ပေးဆပ်မှုရလာဒ်သည် ပြောပြ၍ဆုံးနိုင်မည်မဟုတ်ဟုဆိုသည်။

Franciscans
ဖရန် စစ္စကင်ရသေ့များ

ဖရန် စစ္စကင်အသင်းသည် Clonmel မြို့၌ (၁၂၆၉) ခုနှစ်ကတည်းကရှိနေခဲ့သည်။ ယခင်ရသေ့ ကျောင်းသည် ချို့တဲ့နွမ်းပါးသူများအတွက်ဆေးရုံအဖြစ်အသုံးပြုခဲ့သည်။ လက်ရှိသီတင်းသုံးသောရသေ့ ကျောင်းသို့မှု (၁၈၃၀) ကပြောင်းရွေ့သီတင်းသုံးခဲ့သည်။ အသင်းအနေဖြင့် ယခုကဲ့သို့ကျောင်းပိတ်ရန်အ တွက် ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သမိုင်းရှည်ကြာသောကျောင်း လည်းဖြစ်သည်။ ဤဆုံးဖြတ်ချက်ကို (၂၀၁၉) ခုနှစ်ကချခဲ့သည်။ (၂၀၂၃) မှစ၍ Waterford ရှိကျောင်း သည် လုံး၀ပိတ်တော့မည်ဖြစ်သည်။ ဒေသအကြီးအကဲဖြစ်သူဖာသာရ် Aidan McGrath ကရသေ့များမရှိ တော့သော်လည်း စေတနာ့၀န်ထမ်းများ၏အကူအညီဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၄င်းတို့ပိတ်လိုက်ပြီးနောက် ကျောင်းတော်ကြီးကိုမည်သို့အသုံးပြုမည်ကိုမဆွေးနွေးရသေးကြောင်း၊ လက်ကျန်ဖရန် စစ္စကင်များအားမျှ၍ကူညီလုပ်ကိုင်စေမည်ဖြစ်ကြောင်းဆိုသည်။

Dominicans
ဒိုမိနစ်ကန်ဘုန်းတော်ကြီးများ

ဒိုမိနီကန်ဘုန်းကြီးတို့သည်လည်း အလားတူးကြေညာချက်ကိုထုတ်ပြန်ခဲ့သည်။ သူတို့၌လည်း အသက်အ ရွယ်ကြီးရင့်ပြီး ကျန်းမာရေးလည်းဆုတ်ယုတ်လာနေကြသူများရှိသည်။ မျိုးဆက်သစ်လူငယ်များထဲမှ ခေါ်တော်မူခြင်း လည်းမရှိခြင်းစသောအခြေအနေများကြောင့်ပိတ်ရတော့မည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်းရှိ ကျောင်း (၁၈) ကျောင်း အားလည်းပိတ်ရတော့မည့်အခြေအနေရှိနေကြောင်းပြောကြားထားသည်။

ဒိုမိနီကန်အသင်း၀င်တို့သည် သီတင်း သုံးသောကျောင်း၌ အပါးမည်မျှရှိရမည်ကိုတိကျစွာလိုက်ရကြောင်း၊ ထို့ကြောင့် ဒိုမိနီကန်အသင်း၀င်ဦးရေလျော့ နည်းလာခြင်းကြောင့် ထိုသတ်မှတ်ချက်နှင့်အညီ ဦးရေကိုပြန်လည်စုစည်းရမည်ဖြစ် ကြောင်း၊ သက်တော် (၆၅) နှစ်အောက်ရှိအသင်း၀င်များမှာ အပါး (၅၀) ပင်မပြည့်တော့ကြောင်း၊ ထို့ကြောင့် ကျောင်းအချို့ကိုပိတ်ရမည့်အ နေအထားရှိကြောင်း၊ ဒိုမိနီကန်အနေဖြင့် အသင်းအပင်းနှင့်လုပ်ဆောင်ကြောင်း၊ အသင်း၏စည်းမျဉ်းစည်းကမ်း အရ သီတင်းသုံးသောကျောင်းတစ်ကျောင်း၌ (၆) ပါးထက်မနည်းရကြောင်း၊ ယခုနှစ်ပိုင်း၌ ကျောင်းများပိတ်ခဲ့ရ သည်မှာ ဤကျောင်းတစ်ကျောင်းသာမဟုတ်ကြောင်း၊ Limerick, Athy, Drogheda, Ballybeg (Waterford), and Ranelagh (Dublin) တို့လည်းပါကြောင်း၊ ဤသို့စုစည်းပြီးနောက်ပိုင်း အသင်း၀င် (၃၁) ပါး ပျံလွန်သွားပြီဖြစ် ကြောင်း၊ သူတို့သည်ခေါ်တော်မူခြင်းခံရသည်မှန်သော်လည်း ကာယ၊ ဉာဏ်ဏပိုင်းအားယုတ်လာနေကြကြောင်း ဒေသန္တရ အကြီးအကဲ ဖာသာရ် Treacey က Irish Examiner ဘာသာရေးသတင်းစာတစ်ခုအားဖြေကြား ထားသည်။

အိုင်ယာလန်နိုင်ငံသို့ ဒိုမိနီကန်အသင်းရောက်ရှိလာခဲ့သည်မှာ (၁၂၂၆) ခုနှစ်ကဖြစ်၍ နှစ်ပေါင်း (၈၀၀) ခန့်ရှိပြီဖြစ်သည်။ ဘုရင်ဟင်နာရီ (၃) ၏ခွင့်ပြုချက်ကိုရရှိခဲ့ကြောင်း၊ မည်သို့ဆိုစေဒိုမိနီကန်တို့၏ သမိုင်းသည် Waterford ၌ကျန်ရစ်နေမည်ဖြစ်သည်။ ဒိုမိနီကန်အသင်းသည် ဤသာသနာမှ လာမည့်နို၀င်ဘာလ (၂၀၂၂) တွင်ပိတ်တော့မည်ဖြစ်သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3rLUO6h

Add new comment

5 + 5 =