လာမည့် ဂျုလိုင် ၂၅ ရက်နေ့ကို ပထမအကြိမ် အဖိုးအဖွားများ၏ပွဲနေ့အဖြစ် ပုပ်ဖရန်စစ် သတ်မှတ်

လာမည့် ဂျုလိုင် ၂၅ ရက်နေ့ကို ပထမအကြိမ် အဖိုးအဖွားများ၏ပွဲနေ့အဖြစ် ပုပ်ဖရန်စစ် သတ်မှတ်

လာမည့် ဂျုလိုင် ၂၅ ရက်နေ့ကို ပထမအကြိမ် အဖိုးအဖွားများ၏ပွဲနေ့အဖြစ် ပုပ်ဖရန်စစ် သတ်မှတ်

ကက်သလစ်သာသနာတော်ကြီးရဲ့ ဂျူလိုင်လ ၂၆ ရက်နေ့ မှာကျရောက်တဲ့ ရဟန္တာ စိန့်ဂျော်ကင်းနဲ့ စိန့်အာနားတို့ရဲ့ ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် အချို့သောနိုင်ငံများမှ ကက်သလစ်များဟာထိုနေ့ကို မိဘများပွဲနေ့ အဖြစ်ကျင်းပလေ့ရှိကြပါတယ်။ ယခုအခါမှာတော့ မိဘများပွဲနေ့ မတိုင်မှီတရက်ဖြစ်တဲ့ ဂျူလိုင် ၂၅ ရက်နေ့မှာ ယခုနှစ်မှ စတင်ပြီး ပထမအကြိမ်အဖိုးအဖွားများရဲ့ ပွဲနေ့အဖြစ် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က သတ်မှတ် ကြေငြာ လိုက် ပါတယ်။

ဂျူလိုင် ၂၆ ရက်နေ့ဟာ သခင်ခရစ်တော်ရဲ့ အဖိုးအဖွားများဖြစ်ကြတဲ့ ရဟန္တာ စိန့်ဂျော်ကင်းနဲ့ စိန့်အာ နားတို့ရဲ့ပွဲနေ့ဖြစ်ပြီး အဲ့ဒီနေ့မှာ မိဘများပွဲနေ့ ၊ မိဘတွေကို ဂုဏ်ပြုတဲ့နေ့ အဖြစ် မြန်မာနိုင်ငံကဲ့သို့သော ကက်သလစ် သာနာများမှာ ကျင်းပလာခဲ့ကြပါတယ်၊၊

အသင်းတော်ကြီးဟာ သက်ကြီးဖိုးဖိုးဖွားဖွား များနဲ့ နီးကပ်လျှက်အတူရှိနေပါတယ်ဆိုတာကို ပြသတဲ့ အနေနဲ့  အရှင်သူမြတ်ပုပ်ဖရန်စစ်က ရှင်မာတေဉီး ဧဝံဂေလိ ကျမ်းစာတော်မြတ်ထဲက “သင်နှင့်အတူ အမြဲငါရှိနေသည်” ဆိုတဲ့ ကျမ်းချက်ကို ပွဲနေ့အတွက် ဆောင်ပုဒ်အဖြစ် ရွေးချယ်လိုက်ပါတယ်။ ဒီ ဆောင် ပုဒ်ဟာ လူငယ်သားသမီးများအတွက် သက်ကြီးဖိုးဖိုးဖွားဖွားများ ရဲ့ အသက်တာ နဲ့ အမြဲအတူ ရှိနေမှုကို သတင်းစကားပါးခြင်းဖြစ်ပြီး သက်ကြီးများအတွက်လည်း ဒီဆောင်ပုဒ်ဟာ အသင်းတော်ကြီးထဲမှာ လူ ငယ်သားသမီးများကို လမ်းညွှန်ဉီးဆောင်ပေးနေတဲ့ ၎င်းတို့ရဲ့ ကဏ္ဍ ကိုသတိပေးနေခြင်းဖြစ်တယ်လို့ဆိုပါတယ်။

ကမ္ဘာတဝှမ်းမှ သာသနာများဟာ ဒီပွဲနေ့အတွက် လိုအပ်သည်များကို ပြင်ဆင်နေကြပြီး ပါဝင်သူများအနေနဲ့ ထူးခြားတဲ့ နေ့တနေ့ဖြစ်မယ်လို့ ဗာတီကန် က မျှော်လင့်ထားပါတယ်။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of: AgenSIR

https://bit.ly/3n9kuqh

 

 

Add new comment

5 + 7 =