လာမည့်အထွေထွေရွေးကောက်ပွဲနှင့်စပ်လျင်း၍ နိုင်ဂျီးရီးယားကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏စိုးရိမ်မကင်သောထုတ်ပြန်ကြေညာချက်ထွက်ပေါ်လာခဲ့

လာမည့်အထွေထွေရွေးကောက်ပွဲနှင့်စပ်လျင်း၍ နိုင်ဂျီးရီးယားကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏စိုးရိမ်မကင်သောထုတ်ပြန်ကြေညာချက်ထွက်ပေါ်လာခဲ့

နိုင်ဂျီးရီးယားနိုင်ငံသည် ခရစ်ယာန်များကိုဗဟိုပြုတိုက်ခိုက်မှုအမြင့်မားဆုံးသောကမ္ဘာ့နိုင်ငံများစာရင်း၀င်သည်။ မကြာခဏ ကက်သလစ်ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ဘာသာ၀င်များဘုရားရှိခိုးနေစဉ်၊ ကျောင်းတိုက် ၌ရှိနေစဉ်၊ ရွာများဆီသို့တမန်တော်ခရီးသွားရောက်စဉ်၊ ခရီးထွက်နေစဉ်များ၌အမည်မသိသောလက်နက် ကိုင်အဖွဲ့အစည်းများ၏မတရားဖမ်းဆီးထိန်းသိမ်းထားခြင်းကိုပတ်နှင့်ကြာ၊ လနှင့်ကြာ၊ နှစ်ချီကြာသည်များလည်းရှိနေသည်။ ထိုသို့ခြိမ်းခြောက်မှုများလက်တွေ့ဖြစ်နေသော်လည်း နိုင်ဂျီးရီးယားကက်သလစ်ဆရာ တော်ကြီးများအဖွဲ့ချုပ်က လာမည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဆရာတော်ကြီးများအဖွဲ့ချုပ်၏စိုးရိမ်စိတ်ကိုပွင့်လင်းစွာကြေညာချက်ထုတ်ပြန်လာခဲ့သည်။

သမ္မတရွေးကောက်ပွဲကိုကျင်းပရန်အစီအစဉ်သည် မသေချာမရေရာဖြစ်နေသည်။ ရွေးကောက်ပွဲကော်မရှင်သည် ဆက်လက်၍ လုပ်ဆောင်လျှက်ရှိသည်။ နိုင်ဂျီးရီးယားကက်သလစ်ဆရာတော်ကြီးများအဖွဲ့ ချုပ်၏ဥက္ကဌဖြစ်သူ ဂိုဏ်းချုပ်ဆရာတော် Lucius Iwejuru Ugorji က ရွေးကောက်ပွဲနှင့်စပ်လျင်း၍ (၂၀၂၃) Abuja ၌ကျင်းပသော ဆရာတော်ကြီးများ၏နှစ်၀က်အစည်းအ‌ဝေး၌ထုတ်ဖော်ပြောကြားလာပါသည်။ ဆရာတော်ကြီးက ရွေးကော်၏ အရည် အသွေးမပြည့်သောအမတ်လောင်းတို့နှင့်စပ်လျင်း၍ ပြတ်သားမှုမရှိသောရပ်တည်ချက်ကိုအသားပေးပြောကြားခဲ့သည်။ ဆရာတော်ကြီးများ၏ပန်ကြားစာကိုလက်ခံရရှိပြီးနောက် ရွေးကော်ကစက်တင်ဘာ (၆) ရက်နေ့တွင်ဆုံးဖြတ်ချက်တစ်ခုကိုထုတ်ပြန်လာပါသည်။ ထိုသို့မပြု လုပ်သည်မှာအတော်ကြာခဲ့ပြီဖြစ်သည်။

ရွေကော်အား တရားသူကြီး (၅) ဦးဖြင့်ဖွဲ့စည်းထားသည်။ ထိုတရားသူကြီးများက ၄င်းတို့ထံရောက်ရှိလာသောပန်ကြားစာများသည် အခြေအမြစ်မရှိကြောင်း၊ ထို့ကြောင့် ပန်ကြားစာကိုပယ်ချကြောင်းဖြစ် သည်။ ရွေးကော်၏ဆုံးဖြတ်ချက်ကြောင့် လျှောက်လွှာတင်ထားသူအမတ်လောင်းနှစ်ဦးမှာ စိတ်မကောင်းကြောင်းပြောဆိုပြီး၊ တရားမျှတမှုမရှိကြောင်းနှင့်အထက်လွှတ်တော်သို့ထပ်မံဦးတိုက်လျှောက်မည်ဖြစ်သည်။

ဆရာတော်ကြီးများ၏သဘောထားအမြင်အရ ယခုကဲ့သို့အမှုတွဲများဆက်လက်ဖြစ်ပွားနေလျှင် နိုင်ငံ၏အနာဂတ်နှင့်ဒီမိုကရေစီသည် လွန်စွာစိုးရိမ်ဖွယ်အခြေအနေရှိကြောင်းပြောကြားခဲ့သည်။

ဆရာတော်ကြီးများကမည်သို့ပင်ဖြစ်စေ မျှော်လင့်ချက်ထားရှိ၍ ဆုတောင်းရင်း အထက်လွှတ်တော်မှတရားသူကြီးများတ ရားဥပဒေကိုလှည့်ပတ်ကစားမနေဘဲ ပါတီများမှု၀ါဒကိုကြည့်ရန်လိုလားသည်။ ရွေးကောက်ပွဲကျင်းပရန်အ တွက် မဲများဖြင့်ဆုံးဖြတ်ရန်လိုလားပြီး တရားရုံးများမှသတ်ကိုမလိုလားကြောင်း ထိုအတွက်ကိုလည်းဆုတောင်းရင်းမျှော်လင့်နေမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် စီးပွားရေးကြပ်တည်းမှု၊ အစာငတ် မွတ်ခေါင်းပါးမှုနှင့်နေ့စဉ်အသက်တာ၌အခက်အခဲပေါင်းများစွာကိုတွေ့ကြုံနေရသောကြောင့် ပြည်သူများအတွက်စိုးရိမ်ကြောင်းပြောကြားထားသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/Va3v

Add new comment

10 + 1 =