လာမည့်ရောမသာသနာ၏ (၂၀၂၅) နှစ်မြောက်ဂျူဗလီပွဲအတွက်ပြင်ဆင်နေဆဲ

လာမည့်ရောမသာသနာ၏ (၂၀၂၅) နှစ်မြောက်ဂျူဗလီပွဲအတွက်ပြင်ဆင်နေဆဲ

လာမည့် (၂၀၂၅) ခုနှစ် ရောမသာသနာ၏ဂျူဗလီပွဲတော်သို့ ကမ္ဘာတစ်၀ှမ်းမှဘုရားဖူး (၃၅) သန်းလာရောက်မည်ဟုမျှော်လင့်ထားသည်။

ဂျူဗလီပွဲတော်ကိုလည်း (၂၀၂၅) ခုနှစ်၌ကျင်းပမည်ဖြစ်သည်။

ပွဲ‌တော်အတွက်ရောမမြို့တော်ကြီးအပါအ၀င် အီတလီနိုင်ငံတစ်၀ှမ်း၌ကြိုတင်ပြင်ဆင်ရသင့်သည်များကိုပြင် ဆင်လျှက်ရှိသည်။ အီတလီနိုင်ငံ၏ နိုင်ငံခြား၀န်ကြီးက ဂိုဏ်းချုပ်ဆရာတော် Gallagher နှင့်မကြာမီကတွေ့ဆုံခဲ့ပြီး အီတလီအစိုးရအနေဖြင့် ယခုဂျူဗလီပွဲဖြစ်မြောက်ရေးအတွက်အခက်အခဲမရှိစေရန် တတ်စွမ်း သလောက်ကူညီပေးရန်အသင့်ရှိကြောင်း၊ ဥပမာအားဖြင့် နိုင်ငံတကာမှဘုရားဖူးများ၏ပြည်၀င်ခွင့်ဗီဇာကိစ္စများကိုချောမွေ့အောင်စီစဉ်ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဤပွဲတော်အတွက်ကြိုတင်ပြင်ဆင်ရာ တွင် ဒေါ်လာ (၂) ဘီလျံကုန်ကျမည်ဖြစ်သည်။

ဗာတီကန်အနေဖြင့် ဘုရားဖူးများ၏ လိုအပ်ချက်များအားကူညီဆောင်ရွက်ပေးနိုင်ရန် စိန့်ပီတာရင်ပြင်၌ သတင်းအချက် အလက်များစုံစမ်းနိုင်သောပြန်ကြားရေးဌာန များကိုစီစဉ်ပေးထားမည်ဖြစ်သည်။

ယခုဂျူဗလီပွဲကျင်းပရန်နှစ်နှစ်သာလိုတော့သည်။ ဤဂျူဗလီပွဲတော် သည် နှစ် (၂၀၀၀) မဟာဂျူဗလီပွဲကျင်းပပြီးနောက် အခမ်းနားဆုံးကျင်းပမည့်ဂျူဗလီပွဲတော်ဖြစ်လာမည်ဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3XG5Uc2

Add new comment

11 + 2 =