လာမည့်မတ်အတွက် ပုပ်ရဟန်းမင်းကြီး လုပ်ဆောင်မည့် အစီအစဉ်များ ထုတ်ပြန်ပြ

လာမည့်မတ်အတွက် ပုပ်ရဟန်းမင်းကြီး လုပ်ဆောင်မည့် အစီအစဉ်များ ထုတ်ပြန်ပြ

လာမည့်မတ်အတွက် ပုပ်ရဟန်းမင်းကြီး လုပ်ဆောင်မည့် အစီအစဉ်များ ထုတ်ပြန်ပြ

 ဗာတီကန်၏သတင်းပြန်ကြားရေးရုံးတော်မှ တနလ်ာနေ့က မတ်လ၌ ရဟန်းမင်းကြီးဦးဆောင်ကျင်းပမည့် ၀တ်ပြုခြင်းဆိုင်ရာအခမ်းအ နား အစီအစဉ်များကိုထုတ်ပြန်ခဲ့သည်။

၁။ မတ်လ (၂) ရက်၊ ဗုဒ္ဓဟူးနေ့- ထိုနေ့သည် ၀ါ၀င်သော ပြာခံသည့်ဗုဒ္ဓဟူးနေ့ဖြစ်သည်။  ထိုနေ့၌ statio orbis  နှင့်ဆပ် ဖြေခြင်းအစီအစဉ်ကို ညနေ (၄း၃၀) ၌ စိန့်အန်ဆဲလ်မိုဘုရားကျောင်းတွင် ရဟန်းမင်း ကြီးမှဦး ဆောင် မည် ဖြစ်သည်။ မစ္ဆာတရားပူဇော်ခြင်းနှင့်ပြာခံခြင်းကိုမှု စိန့်ဆာဘီးနာဘာ စီးလီကာတွင်ကျင်းပမည်ဖြစ်သည်။ ယခင်နှစ် ကမှု ကိုးဗစ် (၁၉) ကပ်ဆိုးကြီးကြောင့် ၀ါ၀င်သည့်ဗုဒ္ဓဟူးနေ့ မစ္ဆားတရားကို စိန့်ပီတာဘာစီးလီကာ ၌သာကျင်း ပခဲ့သည်။

၂။ မတ်လ (၄) ရက်၊ သောကြာနေ့ - ရဟန်းမင်းကြီးသည် ရဟန်းမင်းကြီးရွေးချယ်သော ခမ်းမထဲ၌ (၁၀း၃၀) တွင်ရှိနေမည်ဖြစ်ပြီး၊ ရဟန္တာတင် မြောက်နိုင်ရေး ကိစ္စများကိုဆွေးနွေးမည်ဖြစ်သည်။

၃။ မတ်လ (၂၅) ရက်၊ သောကြာနေ့ - အာပတ်ဖြေခြင်းအခမ်းအနားကို ညနေ (၅း၀၀) ၌ စိန့်ပီတာ ဘာစီးလီကာ၌ ဦးဆောင်ကျင်းပမည်။

၄။ နှစ်ပတ်လည်၀တ်စောင့်ခြင်း - နှစ်စဉ် ၀ါတွင်းကာလ၌ ဗာတီကန်၌ အမှုထမ်းနေကြသော ဘာသာရေး အမှုဆောင်များအားလုံး နှစ်ပတ်လည် ၀တ်စောင့်ခြင်းကိုပြုလုပ်လေ့ရှိသည်။ ကပ်ရောဂါအခြေအနေကြောင့် ယခုနှစ်၌ ၀တ်စောင့်ခြင်းကို မိမိတို့၏အစီအစဉ်ဖြင့်သာပြုလုပ်ကြရန် ပန် ကြားထားသည်။ ပြီးခဲ့သောလ ဇန္န၀ါရီ လက ရဟန်းမင်းကြီးဖရန်စစ်က ဗာတီကန်အတွင်း သီတင်းသုံးနေကြသော ကာဒီနယ်များ၊ ရုံးတော်အသီး သီး၏တာ ၀န်ခန်များအား မတ်လ (၆) ရက်၊ တနဂ်နွေနေ့ မွန်းလွှဲပိုင်းမှသည် မတ်လ (၁၁) ရက်၊ သောကြာနေ့အထိ မိမိတို့၏အလုပ်တာ၀န်များမှ ရပ်နားပြီး၊ ဆုတောင်းခြင်း၊ ထောက်ရူဆင်ခြင်ခြင်းများပြုလုပ်၍ ၀တ်စောင့်ကြရန် စာထုတ် ခဲ့သည်။ ပြီးခဲ့သော (၃) နှစ်၊ ကိုးဗစ်ရောဂါကပ်ဆိုးကြီး မဖြစ်ပွားမီက ရဟန်းမင်းကြီးသည် ဗာတီကန် ရုံးတော်များ တွင်အမှုထမ်းသော ၀န်ထမ်းများနှင့်အတူ Ariccia ရှိ Casa Divin Maestro တွင် ၀တ် စောင့် လေ့ရှိ သည်။ ယခင်က ဤ၀တ်စောင့်ခြင်းကို အမိသာသနာတော်ကြီး၏ ၀တ်ပြုခြင်းအစဖြစ်သော အာဒ်၀င် တူးကာလ ပထမ ပတ်၌ပြုလုပ်လေ့ ရှိရာမှ (၁၉၆၄) ခုနှစ်မှစ၍ ၀ါတွင်းကာလသို့ပြောင်းရွေ့လုပ်ဆောင်လာခဲ့သည်။ အဘယ် ကြောင့် ဆိုသော် ထိုကာလသည် နောင်တတရားယူရသော ကာလ၊ ပြုပြင်ပြောင်းလဲရန်ကာလဖြစ်ပြီး၊ ယေဇူးသခင် နှင့် အတူ ၀ိညာဉ်ရေးအသက်တာပြန်လည်ရှင်ပြန်ထမြောက်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ဗာတီကန်၀န်ထမ်းများ၏ ၀တ် စောင့်ခြင်းပုံစံသည် ဂျက်ဆွီစ်ရဟန်းအသင်းကိုတည်ထောင်ခဲ့သော လိုရိုးလာမြို့မှအီညှားရှက်၏ ၀တ်စောင့် သည့် ပုံစံကိုလိုက်သည်။ (၁၉၂၉) ခုနှစ်မှစ၍ ရဟန်းမင်းကြီးပီအုစ့် (၁၁) က စာချွန်တော် Mens nostra  ထုတ်၍ ဗာတီကန် ရုံးများ၌ အမှုထမ်းနေကြသော ၀န်ထမ်းများသည် မိမိတို့၏၀ိညာဉ်ရေးအသက်တာကို ပြန်လည် ဆန်းစစ်အားသစ်လောင်းရန် သတ်မှတ်ပြဌာန်းလိုက်သည်။   

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3gSFFuq

 

 

Add new comment

13 + 3 =