လာတင်းအမေရိကားမှခရစ်ယာန်များ ညှဉ်းပမ်းနှိပ်စက်မှုခံရရန်အမြင့်ဆုံးရေချိန်၌ရှိဟုစောင့်ကြည်ရေးအဖွဲ့ပြော

လာတင်းအမေရိကားမှခရစ်ယာန်များ ညှဉ်းပမ်းနှိပ်စက်မှုခံရရန်အမြင့်ဆုံးရေချိန်၌ရှိဟုစောင့်ကြည်ရေးအဖွဲ့ပြော

အမေရိကန်ပြည်ထောင်စုမှ တစ်ကမ္ဘာလုံးဆိုင်ရာခရစ်ယာန်များကူညီစောင့်ရှောက်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ လာတင်းအမေရိကားဒေသများရှိခရစ်ယာန်များညှဉ်းပမ်းနှိပ်စက်မှုခံရနိုင်ခြေမြင့်မား ကြောင်း၊ ခရစ်ယာန်များအားညှဉ်းပမ်းနှိပ်စက်မှုသည် ထို‌ဒေသတစ်ခုတည်း၌သာဖြစ်ပွားမည်ဟုယုံကြည်ရကြောင်း၊ ထို့အတူ အမေရိကန်ပြည်ထောင်စု၌လည်း ခရစ်ယာန်များသည်ညှဉ်းပမ်းနှိပ်စက်မှုခံနေရကြောင်းအဆိုပါစောင့်ကြည့်ရေးအဖွဲ့၏ CEO David Curry ကမှတ်ချက်ပြုပြောကြားခဲ့သည်။

သူက ကမ္ဘာတစ်၀ှမ်းရှိခရစ်ယာန်များအား ညှဉ်းပမ်းနှိပ်စက်မှုခံနေရသော၊ ခံရနိုင်ဖွယ်ရှိသောဒေသမှညီအစ်ကိုခရစ်ယာန်အချင်းချင်းများအတွက်ဆုတောင်းပေးကြရန်၊ ဤသို့ဖြင့် အချင်းချင်းအားဂရု စိုက်ကြောင်းပြသကြရန်တိုက်တွန်းထားသည်။

အမိသာသနာတော်သည် ဤအဖြစ်မျိုးကြုံနေရသောခရစ်ယာန်အဖွဲ့အစည်းများအတွက်မှီခိုတွယ်တာစရာကျောက်ဆူးဖြစ်သည်။ အကြမ်းဖက်မှုများ၊ အကျင့်ပျက်ခြစားမှုများမှာကင်း‌ေ၀းရန်အကာအကွယ်ယူစရာနေရာ၊ ကုသမှုခံယူရန်နေရာဖြစ်သည်။

အလယ်ပိုင်းနှင့်တောင်အမေရိကားမှအစိုးရများသည် သာသနာ၏လှုပ်ရှားမှုများအပေါ်သံသယဖြင့်စောင့်ကြည့်နေကြသည်။ သာသနာ့အမှုထမ်းများဖြစ်ကြသော ရဟန်းတော်များ၊ ဓမ္မအမှုတော်ဆောင် များအား မတရားဖမ်းဆီး၍အကျဉ်းချခြင်း၊ ဖယ်ရှားခြင်းများကိုပြုလုပ်ခြင်း၊ သာသနာ၏သွန်သင်ချက်နှင့်သွေဖီသောဥပဒေများ (သို့) သာသနာက မလိုက်လျောနိုင်သောဥပဒေများကိုချမှတ်၍ အတင်း အကြပ်သ ဘောတူလုပ်ဆောင်စေခြင်းများကိုလုပ်ဆောင်နေကြောင်းစောင့်ကြည့်ရေးအဖွဲ့ကြပြောကြားခဲ့သည်။

များမကြာမီက နီဂါရာဂွာသမ္မတ Ortega ကနိုင်ငံရေးအကျဉ်းသား (၂၂၂) ဦးအားလွှတ်ပေးခဲ့သည်။

(၂၀၁၈ – ၂၀၂၂) အထိ နီဂါရာဂွာနိုင်ငံအတွင်း သာသနာအားတိုက်ခိုက်မှု (၁၉၀) ကြိမ်ကျူးလွန်မှုရှိခဲ့သည်။ နိုင်ငံအတွင်းသာသနာပြုနေသောကက်သလစ်သီလရှင်များအားနိုင်ငံအတွင်းမှနင်ထုတ်ခဲ့သည်။ ဘာသာရေးအဆောက်အဦးများကိုနိုင်ငံပိုင်အဖြစ်အတင်းအဓမ္မသိမ်းယူခဲ့သည်။ လူမြင်ကွင်း၌ဘာသာရေးစီတန်းလှည့်လည်ခြင်းမပြုရန်ပိတ်ပင်ခဲ့သည်။ နိုင်ငံအတွင်းမှ ကက်သလစ်ဆရာတော်တစ်ပါးအားမတ ရားစွပ်စွဲ၍အကျဉ်းချခဲ့သည်။ ဗာတီကန်နှင့်လည်းသံတမန်အဆက်အသွယ်များကိုဖြတ်တောက်ပစ်ခဲ့သည်။

မက်ဆီကိုနှင့်ကိုလံဘီယာနိုင်ငံမှခရစ်ယာန်အဖွဲ့အစည်းများသည် ဒေသခံရိုးရာသက်၀င်ယုံကြည်မှုကိုယုံကြည်သောအုပ်စုတို့၏တိုက်ခိုက်မှု၊ ညှဉ်းပမ်းနှိပ်စက်မှု၊ အကြမ်းဖက်တိုက်ခိုက်မှု၊ လူကုန်ကူးမှုနှင့်နိုင်ငံရေးမတည်မငြိမ်ဖြစ်အောင်ဖန်တီးမှုဘေးနှင့်ကြုံနေရသည်။ ထိုဒေသမှယေဇူးသခင်၏နောက်လိုက်များအတွက်ဘေးသင့်ရောက်မှုသည် လျင်မြန်စွာဖြစ်ပွားလာနေသည်။

ကိုလံဘီယာနိုင်ငံမှ ခရစ်ယာန်စိုက်ပျိုးရေးလုပ်သားများသည် မှုးယစ်ဆေး၀ါးထုတ်လုပ်ရာတွင်အသုံးပြုသောအရွက်ဖြစ်သည့် ‘coca’ ရွက်ကိုမစိုက်ပျိုးသောကြောင့်အပြစ်ဒဏ်ပေးခံနေရသည်။ အဘယ်ကြောင့်မစိုက်ပျိုးရခြင်းမှာ မှုးယစ်ဆေး၀ါးထုတ်လုပ်ရာ၌အသုံးပြုသောကြောင့်ဖြစ်သည်။

ကျူးဘားနိုင်ငံမှခရစ်ယာန်များသည်လည်း ကွန်မြူနစ်၀ါဒီတို့နှင့်ထိပ်တိုက်တွေ့၍ညှဉ်းပန်းနှိပ် စက်မှုများကြုံနေရကြောင်း၊ အဘယ်ကြောင့်ဆိုသော် ကွန်မြူနစ်အစိုးရသည် ဘုရားမဲ့၀ါဒကိုလုံး၀သွပ်သွင်းနေခြင်း၊ ဘာသာရေးလွတ်လပ်မှုကိုပိတ်ပင်မြစ်တားနေခြင်း၊ သာသနာအားညှဉ်းပမ်းနှိပ်စက်အနှောက်အယှက်‌ပေးနေခဲ့သည့်သမိုင်းရှည်ကြီးလည်းရှိခဲ့သည်။ ပြတ်သားစွာပြောရလျှင် ကမ္ဘာတစ်၀ှမ်း၌ ဘာသာရေးလွတ် လပ်ခွင့်သည်လုံး၀မရှိ၊ သို့မဟုတ် ဖိအားများစွာပေးခံနေရသည့်အနေအထားတွင်ရှိနေကြောင်း ခရစ်ယာန်များအားကူညီစောင့်ရှောက်ရေးအဖွဲ့၏ CEO David Curry ကပြောကြားခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/40ywlAt

Add new comment

5 + 9 =