လစ္စဘွန်း WYD တွင် အသိပညာပေးပြပွဲ (၅၀၀) ကျော်ကိုတင်ဆက်မည်။

လစ္စဘွန်း WYD တွင် အသိပညာပေးပြပွဲ (၅၀၀) ကျော်ကိုတင်ဆက်မည်။

ပေါ်တူဂီနိုင်ငံ၏မြို့တော် လစ်ဘွန်း ၌ကျင်းပမည့် ကမ္ဘာ့လူငယ်များနေ့အခမ်းအနား၌ ယဉ်ကျေးမှု၊ ဘာသာရေး၊ အားကစားဆိုင်ရာအသိပညာပေးပြပွဲ (၅၀၀) ကျော်တင်ဆက်မည်ဟုဆိုသည်။

မြူးစိအပိုင်း၌ အကများဖြင့်၊ ပြဇာတ်ရုံများ၌ရုပ်ရှင်ဇာတ်လမ်းများဖြင့်တင်ဆက်ပညာပေးမည်ဖြစ်သကဲ့သို့ ဟောပြောပို့ချချက်များဖြင့်လည်း အစီအစဉ်ပေါင်း (၅၀၀) ကျော်ကို ထို ဩဂုတ်လ (၁-၆) ရက်အတွင်း ကမ္ဘာ့လူငယ်များအားတင်ဆက်ပေးသွားမည်ဖြစ်သည်။

အဆိုပါတင်ဆက်မှုများကို သက်ဆိုင်ရာနေရာအလျှောက်ခင်းကျင်းထားပြီး အခကြေးငွေပေးရန်မလိုဘဲ လွတ်လပ်စွာ၀င်ရောက်ကြည့်ရှုနိုင်သည်။ တင်ဆက်မှုများအားလုံး၌ ပါ၀င်တင်ဆက်သည့်အနုပညာရှင် (၂၅၀၀) ဦးဆက်ကပ်ထားကြသည်။

ယခုကဲ့သို့တင်ဆက် ခြင်း၏ရည်ရွယ်ချက်မှာ ယုံကြည်ခြင်း၏အလှအပနှင့်ဘုရား သခင်၏ကောင်းမြတ်ခြင်းကိုဖော်ကျူးရန်ဖြစ်သည်။ တင်ဆက်မှုသည်လည်း သာသနာ၏မတူကွဲပြားမှုနှင့်ဘာသာတူတို့၏ယုံကြည်ခြင်းကိုထုဆစ်ရာ၌ အသက်၀င်လှုပ်ရှားနေမှုတို့ကိုဖော်ကျူးထားသည်။

ယခုကျင်းပမည့်ကမ္ဘာ့လူငယ်များနေ့သည် လွန်စွာလှပပြီး အဓိပ္ပါယ်လွန်စွာရှိနေမည်။ တင်ဆက်ထားမှုများလွန်းသောကြောင့် သေချာစွာကြည့်ရူလေ့လာခွင့်မရ၊ ပျော်ရွှင်ခွင့်မရ၊ ‌ေ၀မျှခွင့်မရဘဲ အလော သုံးဆယ်ဖြင့်ကျော်သွားမည်ကိုစိုးသောကြောင့် ပွဲရက်များကိုထပ်မံတိုးစေလိုသည်ဟု ပွဲဖြစ်မြောက်ရေး၏ တွဲဖက်လူငယ်တာ၀န်ခံဖြစ်သူ Claudia Lourenco ကပြောကြားခဲ့သည်။

အချို့သောတင်ဆက်မှု၌ ဖာတီမာ၌ဖြစ်ပျက်ခဲ့သော မယ်တော်ထင်ရှားပြခဲ့မှု၊ မာသာရ်ထရေးဇာအကြောင်း၊ ပါးဒူအာမြို့မှစိန့်အန်ထော်နီအကြောင်း၊ အကျဉ်းထောင်သားတို့၏မြူးစိတင်ဆက်မှုများလည်းပါ၀င်မည်ဖြစ်သည်။ သွားရေးလာရေးလွယ်ကူလျင်မြန်သောနေရာများရှိဘုရာကျောင်းများ၌မှု ပေါ်တူဂီနိုင် ငံအားမှိုင်းမသော။ ပေါ်တူဂီနိုင်ငံ၌လူကြည်ညိုမှုများသောရဟန္တာတို့၏ ‘ဓာတ်တော်မွေတော်’ များကိုလည်း ဖူးမြှော်နိုင်ရန်ပူဇော်ခံထားပေးမည်ဖြစ်သည်။ အားကစားပြခန်းများကိုလည်းခင်းကျင်းထားမည်ဖြစ်သည်။

ပေါ်တူဂီနိုင်ငံ၏ ကက်သလစ်တက္ကသိုလ်၌ ကမ္ဘာ့လူငယ်များနေ့အတွက်ကြိုတင်ရောက်ရှိပြီး လုပ် အားပေးနေကြသောလူငယ်များအား ကြိုဆိုလက္ခံသောဌာနအဖြစ်ဖွင့်လှစ်ထားသည်။ ကမ္ဘာ့လူငယ်များနေ့ အစီအစဉ်အတွင်းလုပ်အားပေးသောလူငယ်မောင်မယ်များအနေဖြင့် ၄င်းတို့၏လိုအပ်ချက်များကို အခက် အခဲမရှိဘဲ အဆိုပါဌာနသို့လရောက်ဖြည့်စွက်နိုင်အောင်လည်းစီစဉ်ထားသည်။

လုပ်အားပေးလူငယ်များအား ၄င်းတို့လုပ်အားပေးသောနေရာ၌စီစဉ်ထားသည့်အတိုင်း ထမင်းများကိုအခမဲ့စားနိုင်ရန် လက်မှတ်များစီစဉ်ထားပေးထားမည်ဖြစ်သည်။ ထိုကြောင့် လုပ်အားပေးနေသောနေရာ၌ အလွယ်တကူ၀င်ရောက်စားသုံးနိုင်အောင်လည်းစီစဉ်ပေးထားသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://rb.gy/okdhb

Add new comment

6 + 6 =