လက်ရှိအကြပ်အတည်းကိုကျော်လွှားရန် ကမ္ဘာကြီးသည်စည်းလုံးခြင်း၊ ညီအစ်ကို မောင်နှမစိတ်မွေးရန်လိုအပ်ဟုပုပ်ဖရန်စစ် မိန့်ကြား

လက်ရှိအကြပ်အတည်းကိုကျော်လွှားရန် ကမ္ဘာကြီးသည်စည်းလုံးခြင်း၊ ညီအစ်ကို မောင်နှမစိတ်မွေးရန်လိုအပ်ဟုပုပ်ဖရန်စစ် မိန့်ကြား

အားလုံးနှင့်စပ်ဆိုင်သော စည်းလုံးခြင်းကိုပြန်လည်ဖော်ထုတ်ကြရန်၊ အတိဒုက္ခ၊ ဝေဒနာများခံစားနေရသူများနှင့် လည်းအနေနီးကြရန်၊ ၄င်းတို့အားမိမိတို့၏ ညီအစ်ကို မောင်နှမကဲ့သို့သတ်မှတ်၍ ကပ်ရောဂါဆိုးကြောင့် ကမ္ဘာကြီးရင်ဆိုင် ကြုံတွေ့နေရ သောအကြပ်အတည်းကိုဝိုင်း ဝန်းကျော်လွှားကြရန် Channel 5 ရုပ်မြင်သံကြားအသံလွှင့်ဌာန၏မေးမြန်း ချက်တွင် ပုပ်ရဟန်းမင်းကြီးကတိုက်တွန်ထားသည်။

ဤကပ်ရောဂါဆိုးကြီးအလွန် ၌ ကျွန်ုပ်တို့သည်ယခင်ကကဲ့သို့အဘယ်သို့မျှ ပြန်မဖြစ်နိုင်တော့ပါ။ ကျွန်ုပ်တို့သည်ပိုကောင်းလာကောင်းကောင်းလာမည်။ သို့မဟုတ်ပိုဆိုးသွားမည်။ လူတိုင်းသည်အရာ ရာကိုပြန်လည်ရူမြင်သုံးသပ်ရန် လိုသည်။ ဘ၀၏အကြီးမားဆုံးသောတန်ဖိုးသည် ကျွန်ုပ်တို့၏ဘ၀ကိုလက်ရှိအခြေ အ နေ၌ ပြောင်းလဲရှင်သန်ခြင်း၌ တည်ရှိသည်။ ရဟန်းမင်းကြီးသည် ရင်နစ်ဖွယ်ဖြစ်ရပ်များဖြစ်သော ကမ္ဘာပေါ်ရှိကလေးများဆာလောင်မွတ်သိပ်နေရခြင်း၊ ပညာမသင်ကြားနိုင်ခြင်း၊ စစ်များကြောင့်ကမ္ဘာကြီး၏အစိပ်အပိုင်းများစွာအားထိခိုက်ပျက်စီးစေ သည့်အခြေအနေများကိုပြန်လည်ထောက်ပြသည်။

ကုလ၏စစ်တမ်းများသည်တုန့်လှုပ်ဖွယ်ရာမဟုတ်ပေ။ အကယ်၍လက်ရှိအကြပ်အတည်းမှရုန်းထွက်ပြီးနောက်လည်း ကလေးငယ်များနှင့်စစ်ဘေးပြသာသနာကိုဆက်လက်ရင်ဆိုင်ရမည်ဆိုပါက အရှုံးသာဖြစ်ပါသည်။

(ကာကွယ်ဆေးထိုးနှံခြင်းသည်လူမူကျင့်၀တ်တစ်ပါး)

ကိုးဗစ် (၁၉) ကာကွယ်ဆေးနှင့်ပတ်သက်၍ လူတိုင်းသည်ကာကွယ်ဆေးကိုထိုးနှံရမည်။ ၄င်းသည်ကျင့်၀တ်တစ် ပါးဖြစ်သည်။ မိမိထိုးရန်ဆန္ဒရှိမှထိုးမည်ဟုစိတ်ကြိုက်လုပ် ၍ မရ။ ဤသို့ဆန္ဒရှိမှထိုးမည်ဟုဆိုလျင် သင့်ကျန်းမာရေးကိုခြိမ်းခြောက်နေသည်။ သင့်ဘ၀သည်လည်းမလုံခြုပေ။ ထို့အတူအခြားသောသူတို့၏ ကျန်းမာရေးနှင့်ဆိုင်သောလုံခြုံမူကိုခြိမ်းခြောက်နေ သည်။ ဗာတီကန်၌ ကိုးဗစ်ကာကွယ်ဆေးထိုးမည်ဖြစ်၍ ရဟန်းမင်းကြီးကိုယ်တိုင်လည်း ကာကွယ် ဆေးထိုးထားပြီဖြစ်သည်။ ဆရာ၀န်များမှ ကာကွယ်ဆေးသည်ဘေးထွက်ဆိုးကျိုးမရှိဟုပြောလျှင် လူ တိုင်းထိုးသင့်သည်။ လူ့အသက်ကိုခြိမ်းခြောက်နိုင်ဖွယ်ရာအခြေအနေရှိကောင်းရှိနိုင်သော်လည်း ‘ကျွန်ုပ်’ တစ်ဦးတည်း၏ အသက်ထက် ‘ကျွန်ုပ်တို့’ အများကိုထည့်တွက်ရမည်ဖြစ်သည်။ အား လုံးအတူတကွလုံခြုံမူကိုရယူမည်။ သို့မဟုတ်စိန်ခေါ် မူကိုအားလုံးရဲရဲကြီးရင်ဆိုင်မည်ဆိုသည့်အခြေအနေမျိုးကိုရင်ဆိုင်ရန်သာရှိသည်။

(ညီအစ်ကိုမောင်နှစိတ်နှင့်အဘယ်သူသေသေငတေမာလျှင်ပြီးသောစိတ်)

ညီအစ်ကိုမောင်နှမစိတ်ဓာတ်သည် မည်သည့်ဘ၀ပေးအခြေ အနေ၌ဖြစ်စေ၊ ကြုံတွေ့နေရသောအခက်အခဲ၌ဖြစ် စေ၊ အချင်းချင်းကိုနီးစပ်အောင်ဖန်တီးပေးသည်။ ယခုကဲ့သို့နီးစပ်မူကိုအဟန့်အတားဖြစ်စေသောစိတ်နေသဘောထားမှာ အဘယ်သူသေသေ ငတေမာလျှင်ပြီးသောစိတ်ထားဖြစ် သည်။ အခြားသူတို့၏ ဘ၀ကိုလစ်လျူရူတတ်ခြင်းသည်လူ့အသိုင်း အဝိုင်းကိုဖျက် ဆီး သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ကိုတစ်ဦးနှင့်တစ်ဦးအနေဝေးသွားစေ သည်။

(‘ကျွန်ုပ်တို့’ အစား ‘ကျွန်ုပ်’ ကိုအစားပြန်ထိုးကြသည်။)

လူမူအသိုင်းအဝိုင်းကိုလစ်လျူရူခြင်းသည်ကျွန်ုပ်တို့ကိုယ် ကိုအဆုံးစီရင်လိုက်ခြင်းနှင့်တူသည်။ လက်ရှိကြုံတွေ့ နေရသောအကြပ်အတည်းမှရုန်းထွက်ခြင်းသည် နီးနီးကပ်ကပ်နေ၍လက်တွဲလုပ်ဆောင်ရမည်ဖြစ်သည်။ စည်းလုံးခြင်း (သို့) အနေနီးခြင်းမရှိပါက ပြည်နယ်အတွင်း၌ပင်လူမူရေးတင်းမာမူများဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့်သာသ နာ၏ခေါင်း ဆောင်များနှင့်နိုင်ငံ့ခေါင်းဆောင်များအနေဖြင့် ‘ကျွန်ုပ်’ ဟုတစ်ကိုယ် ကောင်းဆန်သောစကားဆိုပိုင်ခွင့်မရှိ။ ‘ကျွန်ုပ်တို့’ ဟု အ များအားကိုယ်စားပြုသောနာမ်စားကိုသာသုံးပိုင်ခွင့်ရှိသည်။ ဤသို့ဖြင့်အကြပ်အတည်းကြား၌စည်းလုံး ညီညွှတ်မူကိုပြန် လည်ဖွေရှာရသည်။ လက်ရှိအချိန်၌ နိုင်ငံ ရေးသမားတစ်ဦး၊ ပါစတာတစ်ဦး၊ ခရစ်ယာန်တစ်ဦး၊ ကက်သလစ်တစ်ဦး၊ ဆရာ တော်တစ်ပါး၊ ရဟန်းတစ်ပါးအနေဖြင့် ‘ကျွန်ုပ်တို့’ ဟုမသုံးရဲဘဲ ‘ကျွန်ုပ်’ ဟုသာသုံး‌မြဲသုံးနေပါကလက်ရှိအခြေအနေကို လက်မခံနိင်သေးသူဖြစ်သည်။ ဘ၀၌ပြသာနာသည်မရှိမဖြစ်လိုအပ်ပါသည်။ သို့သော်လက်ရှိအ ခြေအနေ၌ ထိုဘ၀ပြသာနာ များကိုအားလပ်ရက်ထွက်ရန်ခွင့်ပြုထားရမည်။ ဆိုလိုသည်မှာဘေးဖယ်ထားရမည်။ နိုင်ငံ၊ သာသနာ၊ လူမူအ သိုင်းအဝိုင်း ၏စည်းလုံးခြင်းအတွက်လုပ်ဆောင်ရမည်။

(သန္ဓေတားခြင်းသည်လူမူကိစ္စဖြစ်သည်။)

ကိုးဗစ်ကပ်ဆိုးကြီးသည် ‘ဖြုန်းတီးခြင်း’ လုပ်ထုံး လုပ်နည်းကိုပို၍ဆိုးရွားစေသည်။ ဖြုန်းတီးသည်ဟုဆိုရာ၌အစား သောက်အသုံး အဆောင်များထက် အသိုင်း၀ိုင်းအတွင်း၌အားနည်းသူများ၊ နွမ်းပါးသူများ၊ ပြောင်းရွေ့အလုပ်သမားများ၊ သက်ကြီးရွယ်အိုများကိုမေ့လျော့ဘေးဖယ်ထားခြင်းကိုဆိုလိုသည်။ ထို့အတူသန္ဓေသားဖျက်ချခြင်းသည်လည်းပြသာနာ တစ်ခုဖြစ်ပြီး၊ ဤပြသာနာသည်ဘာသာရေးနှင့်သာဆိုင်သောပြသာနာမဟုတ်ဘဲ လူသားထုတစ်ရပ်လုံးနှင့်ဆိုင်သောပြသာ နာဖြစ်သည်။ ဘာသာရေး၏ အရေးကိစ္စမတိုင်မီကပင်လူ သားကျင့်၀တ်ဖြစ်နေခဲ့သည်။ ဤပြသာနာသည်ဘုရားကိုမယုံ ကြည်သောသူများနှင့်လည်းသက်ဆိုင်၍၀ိုင်း၀န်းဖြေရှင်းရမည်ဖြစ်သည်။ လူသားတစ်ဦး၏အသက်ကိုချွေရန်အခြားတစ်ဦး ကိုဌားရမ်းပြီးပြသာနာဖြေရှင်းသည်မှာနည်းလမ်းမှန်ကန်ပါသ လောဟုလည်းမေးခွန်း ထုတ်ခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3qwWQnX

Add new comment

12 + 6 =