လက်ဘနွန်​ပေါက်ကွဲမှုအပြီးတွင် ခရစ်ယာန်များက လိုအပ်သူများကို ကူညီ​ထောက်ပံ့

လက်ဘနွန်​ပေါက်ကွဲမှုအပြီးတွင် ခရစ်ယာန်များက လိုအပ်သူများကို ကူညီ​ထောက်ပံ့

လက်ဘနွန်​ပေါက်ကွဲမှုအပြီးတွင် ခရစ်ယာန်များက လိုအပ်သူများကို ကူညီ​ထောက်ပံ့

လွန်ခဲ့​သောအပတ် အင်္ဂါ​​နေ့က Sophie Teghoနှင့် သူမ၏ အမျိုးသားတို့သည် လက်ဘနွန်၊​ဘေရွတ်ရှိ ​စျေး ၀ယ်စင်တာ တစ်ခုတွင် ရှိ​နေကြသည်။ပြင်းထန်​သော ​ပေါက်ကွဲသံကို ကြားလိုက်ရပြီး ငလျင်လှုပ်ကာအနီးရှိ မှန်များ၊ကားမှန်များ ​ပေါက်ကွဲလာသည်။ သူတို့ဇနီး​မောင်နှံရောက်ရှိနေသည့်နေရာမှာ အထပ်မတူသည့်အတွက် ပြန်​တွေ့​အောင် ​ပေါက်ကွဲသံများကြားမှ ကြိုးစားလိုက်ရ​​ကြောင်း သူမက ဆိုသည်။

​ဘေရွတ်ဆိပ်ကမ်းရှိ အမိုနီယမ် နိုက်ထရိတ်တန်ချိန် ၂၇၅၀ ​ပေါက်ကွဲမှု​ကြောင့် အ​ဆောက်အအုံပြိုကျခြင်း၊မီး​လောင်ခြင်း၊အ​သေးစားငလျင် လှုပ်ခြင်းနှင့် မှန်များ ​ပေါက်ကွဲခြင်းတို့ ဖြစ်ပွားခဲ့သည်။ထိုစဉ်က သူမတို့​ရောက်ရှိ​နေ​သော ​အေဘီစီစင်တာသည် ​ပေါက် ကွဲရာ​နေရာနှင့် တစ်မိုင်မျှပင် မ​ဝေး​ပေ။

ထို​ပေါက်ကွဲမှုသည် ၆မိုင်ပတ်လည်ကို ပြင်းထန်စွာ ထိခိုက်​စေပြီး လူ၂သန်းမျှ အိုး အိမ်မဲ့ခဲ့ကြပြီး ​ရွေ့​ပြောင်းဒုက္ခသည်များလည်း ​သေဆုံးခဲ့​ကြောင်း ကုလသမဂ္ဂအဖွဲ့က ​ပြောကြားသည်။​ဘေရွတ်မြို့​တော်ဝန်ကလည်း ​ပေါက်ကွဲမှု​ကြောင့် ခန့်မှန်း​ချေ အ​မေရိကန်​ဒေါ်လာ ၁၀ဘီလီယံမှ ၁၅ ဘီလီယံအကြားရှိမည်ဟု ဆို သည်။

ထို​ပေါက်ကွဲမှုသည် ခရစ်ယာန် အများစု​နေထိုင်ရာ ရပ်ကွက်နှင့်နီး​သော​ကြောင့် ခရစ်ယာန်များမှာ အထိ အ ခိုက်အများဆုံးဖြစ်သည်။လက်ဘနွန်တွင် မွတ်ဆလင်များမှာ လူဦး​ရေ၏၆၀%ဖြစ်ပြီး ခရစ်ယာန် ၃၅%ရှိသည်။ခရစ်ယာန်အများစုမှာ မာနိုရိုက် ကက်သလစ်များဖြစ်ကြပြီး အကူအညီ​ပေး​ရေးနှင့် ကယ် ဆယ်​ ရေးများမှာလဲ ခရစ်ယာန်များ အများစုဖြစ်သည်။

ကြက်​ခြေနီအဖွဲ့နှင့် ကက်သလစ်ကရုဏာ​ရေးအဖွဲ့​ပေါင်းများစွာတို့သည် ကယ်ဆယ်​ရေးနှင့် ပြန်လည်တည်​ဆောက်​ရေးတွင် လုပ်အား​ပေးကြသည်။လက်ဘနွန် ကရုဏာ​ရေးအဖွဲ့က ​ရေသန့်နှင့် အစားအစာများ​ဝေငှခဲ့ပြီး မာနိုရိုက်ကက်သလစ်အသင်း​တော်မှ ​ရွေ့လျား​ဆေးခန်းနှင့် ​ဆေးပစ္စည်းများပံ့ပိုးခဲ့သည်။

ကမ္ဘာအရပ်ရပ်မှ ​ထောက်ပံ့​​ငွေများ ရရှိ​နေပြီး ​စေတနာ့ ဝန် ထမ်းများနှင့် ရံပုံ​ငွေရှာ​ဖွေ​ရေးအဖြစ် ခရစ်ယာန်များက လုပ် အား​ပေး​နေကြ​ကြောင်း သိရသည်။

ဘာသာပြန် - Agnes Lwah Lun

Photo courtesy of :  Mehr News Agency. CC BY SA 4.0
https://bit.ly/31Y9JwX

Add new comment

5 + 8 =